လူ့ဦးနှောက်က အိပ်မပျော်မီ အခိုက်အတန့်မှာ ခက်ခဲတဲ့ ပြဿနာများကို ဖြေရှင်းနိုင်တယ်ဟု လေ့လာမှုအသစ်က တွေ့ရှိခဲ့ပါတယ်။
ကျွန်ုပ်တို့ အိပ်မပျော်ခင်မှာ နောက်ရက်တွေအတွက် ဘာတွေလုပ်မယ်လို့ အကြံကောင်းတစ်ခု ရှိဖူးကြတယ်မလား။
နောက်နေ့မနက် အိပ်ရာနိုးတဲ့အခါ အဲဒါကို မမေ့ပစ်ဖို့ လိုအပ်ပြီး လေ့လာမှုအသစ်တစ်ခုက အဲဒါအတွက် အကြောင်းပြချက်ရှိတယ်ဟု သုတေသီတွေက ဆိုလိုက်ပါတယ်။
Science Advances ဂျာနယ်တွင် ထုတ်ဝေသည့် လေ့လာမှုအသစ်တစ်ခုအရ ကျွန်ုပ်တို့ အိပ်မပျော်မီ အချိန်လေး အတွင်း လူသားတွေဟာ “ဖန်တီးမှုရှိတဲ့ ချိုမြိန်သောနေရာတွေ” ကို တွေ့ကြုံခံစားရကြောင်း သုတေသီများက ဆိုပါတယ်။

အထူးသဖြင့် အကြံဉာဏ်ကောင်းအသစ်တွေဟာ N1 ဟုခေါ်တဲ့ အိပ်စက်ခြင်း အဆင့် သို့မဟုတ် လျင်မြန်သော မျက်လုံးလှုပ်ရှားမှု မရှိတဲ့ NREM အိပ်စက်ခြင်း အဆင့် ၁ တွင် ဖြစ်ပေါ်ပါတယ်။
အဆိုပါ အဆင့်ဟာ hypnagogia ဟုခေါ်သော အိပ်စက်ခြင်းနှင့် နိုးကြားခြင်းကြားရှိ စိတ်စွမ်းအား နည်းပါးသော နေရာတစ်ခုတွင် ရှိပြီး ၎င်းဟာ ကျွန်ုပ်တို့အား အကြံဥာဏ်ကောင်းများရရှိစေဖို့ ကူညီပေးမည့်သော့ချက်ပဲ ဖြစ်ပါတယ်။
“ကျွန်ုပ်မှာ အချိန်အကြာကြီး စွဲလန်းစေခဲ့တဲ့ ညှို့ယူမှုဆိုင်ရာ အတွေ့အကြုံတွေ၊ စိတ်ကူးယဉ်အိပ်မက်လို အတွေ့အကြုံတွေ အမြဲရှိခဲ့တယ်” ဟု
Paris Brain Institute မှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Delphine Oudiette နှင့် လေ့လာမှုရဲ့ တွဲဖက်ရေးသားသူတွေက Scientific American သို့ ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ဒီကာလကို သိပ္ပံပညာရှင်တွေ လေ့လာတာ မရှိတာကို တွေ့ရတာဟာ အံ့သြမိတယ်”ဟုလည်း ၎င်းတို့က ဆိုပါတယ်။
လေ့လာမှုမှာ သုတေသီတွေဟာ လက်တစ်ဖက်စီတွင် ဘောလုံးတစ်လုံးကိုကိုင်ထားပြီး Thomas Edison အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခုအပေါ် အခြေခံပြီး လေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။

စမ်းသပ်သူအနေနဲ့ N1 အဆင့် အိပ်ပျော်သွားတာနှင့် ဘောလုံးများကို ကြမ်းပြင်ပေါ်သို့ လွှတ်ချစေပြီးနောက် နှိုးလိုက်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုတာဟာ တောက်ပတဲ့ စိတ်ကူးသစ်များကို မှတ်မိနိုင်တယ်ဟု သုတေသီတွေက ဆိုပါတယ်။
အလားတူ Paris Brain သုတေသီတွေက လေ့လာမှုမှာ ပါဝင်သူတွေကို အိပ်စက်အနားမယူမီ သင်္ချာပုစ္ဆာတွေကို ဆက်တိုက် လေ့လာစေခဲ့ပါတယ်။
ထို့နောက် ၎င်းတို့ဟာ ပါဝင်သူများကို အရာဝတ္ထုတစ်ခုအား ကိုင်ဆောင်ထားစဉ်အတွင်း လှဲလျောင်းသောအနေအထားဖြင့် မိနစ် ၂၀ အနားယူခွင့်ပေးခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ ပါဝင်သူများကို အရာဝတ္တုအား မလွှတ်မီ ၎င်းတို့ရဲ့ တွေးတောနေပုံကို သုတေသီများအား ပြောပြဖို့ တောင်းဆိုခဲ့ပါတယ်။

N1 အိပ်စက်ခြင်းသို့ ရောက်ရှိသူများဟာ ရိုးရိုးနိုးနေသူများထက် ပြဿနာများကို ဖြေရှင်းနိုင်ခြေ သုံးဆ ပိုမို များကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။
နောက်ပြီး N1 အိပ်စက်သူများဟာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အလားအလာ ခြောက်ဆရှိတာကိုလည်း တွေ့ခဲ့ရတယ် ဟု သုတေသီတွေက ဆိုပါတယ်။
ပြီးတော့ ကြီးကျယ်တဲ့ ရှာဖွေတွေ့ရှိမှုတွေကို လှုံ့ဆော်ပေးခဲ့တဲ့ အိပ်မက်တချို့ဟာ ညအိပ်မက်တွေထက် မအိပ်စက်မီ တွေ့ ကြုံတာဖြစ်နိုင်တယ်လို့ သုတေသီတွေက သုံးသပ်ခဲ့ကြပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။