အစ္စရေးနိုင်ငံ ဂျေရုဆလင်တွင် လွန်ခဲ့သည့် နှစ်တထောင်ကျော်က အသုံးပြုခဲ့သည့် သင်္ဘောများကို ယနေ့ခေတ်တွင် တွေ့ရှိ ထိန်းသိမ်းထားပါတယ်။
မကြာသေးမီက Griffith တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ တယောက်ဖြစ်တဲ့ Carney Matheson ဟာ အဆိုပါ ရှေးဟောင်း သင်္ဘောများနှင့် ပတ်သက်ပြီး သုတေသနတခု ပြုလုပ်ခဲ့ပါတယ်။
အဲဒါကတော့ သင်္ဘောများအတွင်းမှာ တွေ့ရှိရတဲ့ အကြွင်းအကျန် ပစ္စည်းများကို ဘာတွေဖြစ်သလဲဆိုတာ လေ့လာခဲ့တာပါ။
အဆိုပါ အကြွင်းအကျန် ပစ္စည်းများကို လေ့လာမှုအရ မမျှော်လင့်ဘဲ လွန်ခဲ့တဲ့ နှစ်တထောင်ခန့်ကတည်းက လက်ပစ်ဗုံးကို အသုံးပြုနေပြီဆိုတာ တွေ့ရှိခဲ့ရပါတယ်။
Carney Matheson ဟာ ၎င်း၏ ထုတ်ပြန်မှုတွင် “ယခု သုတေသနဟာ ရှေးခေတ် ပေါက်ကွဲစေသည့် ပစ္စည်းတွေ ပါရှိတဲ့ ထူးခြားတဲ့ ceramic များကို အမျိုးမျိုး အသုံးပြုနေတာကို ဖော်ပြထားပါတယ်” လို့ ပြောပါတယ်။

ဒေသတွင်း ဖန်တီးခဲ့သည့် ရှေးဟောင်းပေါက်ကွဲစေသည့် ပစ္စည်းများ
ယခင် သင်္ဘောများတွင် ရှိနေသည့် သေတ္တာများကို လေ့လာမှုမှာတော့ ၎င်းတို့ကို ဘီယာ၊ ဆေးခွက်များ၊ ပြဒါးနှင့် ဆီတို့ကို ထည့်ဖို့အတွက် အသုံးပြုခဲ့တာကို တွေ့ရှိခဲ့တာပါ။
နောက်ဆုံး သုတေသနမှာတော့ မီးလောင်နိုင်သည့် ပေါက်ကွဲစေနိုင်လောက်တဲ့ ပစ္စည်းများကိုပါ တွေ့ရှိခဲ့ရပါတယ်။
အဆိုပါ ပစ္စည်းများကို ရှေးခေတ်ကတည်းက အသုံးပြုခဲ့သည့် လက်ပစ်ဗုံးများ အဖြစ် ခန့်မှန်းထားပါတယ်။
ဒါဟာ အလွန်ကိုစောတဲ့ ဒေသတွင်းမှာ ထုတ်လုပ်ခဲ့သည့် ရှေးခေတ် ပေါက်ကွဲစေသည့် ပစ္စည်းလည်း ဖြစ်ပါတယ်။
Matheson မှ “ခရူးဆိတ်စစ်ပွဲကာလအတွင်း ဒီသင်္ဘောတွေဟာ ခရူးဆိတ်တို့ရဲ့ အမာခံ ခံတပ်တွေကို တောက်ပတဲ့ အလင်းတွေ ထွက်ပေါ်ပြီး အသံကျယ်ကျယ်ထွက်စေနိုင်တဲ့ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြတာ ဖြစ်တယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ယမ်းမှုန့်ကို အသုံးပြုသည့် လက်ပစ်ဗုံးများ
အချို့ သုတေသီများက သင်္ဘောများတွင် ရှေးခေတ် တရုတ်တို့ တီထွင်ခဲ့ပြီး ၁၃ ရာစုနှစ်လောက်က အရှေ့အလယ်ပိုင်းနှင့် ဥရောပတွင် ရောက်ရှိလာသည့် ယမ်းမှုန့်များနှင့် လက်ပစ်ဗုံးများကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အရှေ့အလယ်ပိုင်းမှာ ထင်ထားတာထက် ပိုစောပြီး ၉ ရာစု မှ ၁၁ ရာစုကြားမှာ ယမ်းမှုန့်တွေ အသုံးပြုနေလောက်ပြီလို အဆိုပြုထားတယ်လို့ Matheson မှ ဆက်လက် ပြောပြခဲ့ပါတယ်။
သို့ပေမဲ့ ယခု လေ့လာမှုမှာတော့ အဲဒီ့အရာတွေဟာ ယမ်းမှုန့်တွေ မဟုတ်ဘဲ ဒေသတွင်းမှ တီထွင်ထားတဲ့ ပေါက်ကွဲစေသည့် ပစ္စည်းများ ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြထားပါတယ်
Matheson ဦးဆောင်သည့် လေ့လာမှုတွင် အဆိုပါ သင်္ဘောများထဲမှ အချို့ဟာ ရေမဝင်စေဖို့ သစ်စေးများကို အသုံးပြုထားတာလည်း တွေ့ရှိခဲ့ရပါတယ်။
အခုတော့ သင်္ဘောများပေါ်တွင် လေ့လာမှုမှ အဆိုပါ ပေါက်ကွဲစေသည့် နည်းပညာရဲ့ နောက်ကွယ်ကို အမှန်တကယ်နားလည်စေဖို့ ပိုမို လေ့လာမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ ၎င်းကပြောပါတယ်။
“ဒီသင်္ဘောတွေနဲ့ သင်္ဘောပေါ်မှာပါတဲ့ ပေါက်ကွဲစေသည့် ပစ္စည်းများ၏ အကြောင်းအရာများကို သုတေသန ပြုမှုဟာ အလယ်ခေတ်ရဲ့ ရှေးခေတ် ဖောက်ခွဲရေး နည်းပညာနှင့် မြေထဲပင်လယ် အရှေ့ပိုင်းက လက်နက်တွေ သမိုင်းကြောင်းကို နားလည် နိုင်စေမှာပါ” လို့ Matheson က ပြောပါတယ်။

ဟုတ်ပါတယ်။ ဒါဟာ သမိုင်းအတွင် တိမ်မြုပ်နေသေးတဲ့ နည်းပညာတခုကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ ရှိခဲ့တာ ဖြစ်ပြီး လေ့လာမှုတွေ ဆက်လုပ်ဖို့လည်း အလွန် အဖိုးတန်ပါတယ်။
ယခု လေ့လာမှုကို PLOS ONE ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။