ရုရှား Su-24 Fencer တစင်း ပြုပြင်ရန် ပျံသန်းလာစဉ် ပျက်ကျ

Military News

အသေးစိတ်အချက်အလက်များမှာ အကန့်အသတ်ရှိနေသေးသော်လည်း ရုရှား လေတပ်၏ Su-24 Fencer တိုက်ခိုက်ရေး ဂျက်လေယာဉ်တစီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်လေယာဉ်ဟာ Ural တောင်များအနီး Perm မြို့ ဧရိယာအတွင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။

ဒေသတွင်း မီဒီယာများ အဆိုအရ Su-24 ဟာ ဩဂုတ်လ ၂၇ ရက်နေ့က ပြုပြင်ရန် စီစဉ်ထားသည့် ပျံသန်းမှုခရီးစဉ်တွင် ပျက်ကျခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

“လေယာဉ်ဟာ ပြုပြင်ရေး ကုမ္ပဏီတခုသို့ ပျံသန်းနေစဉ် Su-24 တိုက်ခိုက်ရေး ဂျက်လေယာဉ်ဟာ Perm မြို့၏ အနောက်ဖက် ၉၅ ကီလို မီတာ (၅၉ မိုင်) အကွာမှာ ပျက်ကျခဲ့ပါတယ်”

“အဲဒီ့ ဖြစ်ပွားရာနေရာမှ အစီရင်ခံစာအရ လေယာဉ်မှူးနှစ်ဦးဟာ လေယာဉ်ပေါ်မှ ခုန်ထွက်နိုင်ခဲ့ပါတယ်” လို့ စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ပျက်ကျမှု ဖြစ်ရာ နေရာတဝိုက် မြေပြင် ထိခိုက်မှုတွေ မရှိခဲ့ဘူးလို့လည်း ဗဟိုစစ်ဌာနချုပ်မှ ရုရှားနိုင်ငံပိုင် TASS မီဒီယာကို ပြောကြားခဲ့ပါတယ်။

သစ်တော ထူထပ်တဲ့ အဆိုပါနေရာတွင် လေယာဉ်ပျက်ကျခဲ့ပြီးနောက် ရဟတ်ယာဉ်တစင်းကို လေယာဉ်မှူးများအား ကယ်တင်ဖို့ စေလွှတ်ခဲ့ပါတယ်။

“ခုန်ထွက်ခဲ့တဲ့ လေယာဉ်မှူးများဟာ အစောပိုင်း အချက်အလက်များအရ အသက်ရှင် လွတ်မြောက်ခဲ့တယ်” လို့ အရေးပေါ် ဝန်ဆောင်မှု၏ ပြောရေး ဆိုခွင့် ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

Su-24 ဟာ ရုရှားလုပ် တိုက်လေယာဉ်တစီးဖြစ်ပြီး နှစ်ယောက်မောင်း လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။

လေယာဉ်၏ တောင်ပံများမှာ အမေရိကန်လုပ် F-14 တိုက်လေယာဉ်များကဲ့သို့ ဖြန့်နိုင် ချုံ့နိုင်ပြီး အင်ဂျင် ၂ လုံးတပ်ဆင်ထားကာ အသံထက်မြန်သည့် တိုက်လေယာဉ် တစီးဖြစ်ပါတယ်။

၁၉၆၇ နှစ်တွင် Su-24 ဖြစ်လာမည့် T-6 ရှေ့ပြေး ပုံစံဖြင့် ပထမဆုံး စတင် ပျံသန်းခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ စတင် မိတ်ဆက်နိုင်ခဲ့ပါတယ်။

Su-24 ဟာ စွမ်းဆောင်ရည်မြင့်မားပြီး ရုရှားလေတပ်၊ ယူကရိန်းလေတပ်၊ အီရန် လေတပ်နှင့် အယ်ဂျီးရီးယား လေတပ်များတွင် အဓိက အသုံးပြုနေကြတာ ဖြစ်ပါတယ်။

၁၉၆၇ မှ ၁၉၉၃ ခုနှစ်အထိ ခန့်မှန်းချေ အစင်းရေ ၁,၄၀၀ လောက်အထိ ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်အထိ အရေးပါတဲ့ စစ်ဆင်ရေးများကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့က ရိုမေးနီးယား လေပိုင်နက်အနီး Su-24 Fencer တစင်း ပျံသန်းခဲ့တဲ့အတွက် ဗြိတိန်၏ Euro-fighter Typhoon များဖြင့် ကြားဖြတ်ခဲ့ရပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *