သကြားဓာတ်က ကျွန်ုပ်တို့ရဲ့ ဦးနှောက်ကို ထိခိုက်စေတယ်ဆိုတဲ့အကြောင်း

Article Health

များသောအားဖြင့် ကျွန်ုပ်တို့ဟာ ချိုမြိန်တဲ့ သရေစာတွေကို နှစ်သက်ကြပါတယ်။

သို့သော်လည်း ကျွန်ုပ်တို့ရဲ့အစားအစာတွေမှာ သကြားဓာတ်များလွန်းပါက ကိုယ်အလေးချိန်တိုးခြင်းနှင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် သွားပိုးစားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

သကြားလုံး၊ ရေခဲမုန့်၊ ကွတ်ကီး၊ ကိတ်မုန့်နှင့် သကြားပါသောဆိုဒါများ၊ မစားသင့်တာကို ကျွန်ုပ်တို့သိ​ကြသော်လည်း တစ်ခါတစ်ရံ မစားပဲနေနိုင်ဖို့က အလွန်ခက်ခဲပါတယ်။

ကျွန်ုပ်တို့ရဲ့ ဦးနှောက်က ဒီအစားအစာတွေကို လိုချင်တောင့်တနေပုံရတဲ့အကြောင်း

အာရုံကြောဆိုင်ရာ ပညာရှင်တစ်ဦးက ယနေ့ခေတ်ဆိုင်ရာ “အဝလွန်ခြင်း” သို့မဟုတ် အဝလွန်ခြင်းကို မြှင့်တင်ပေးသည့် အစားအစာများက ဦးနှောက်ကို ပြောင်းလဲစေပုံအကြောင်း သုတေသနပြုထားတယ်ဟု ဆိုပါတယ်။

ကျွန်ုပ်တို့စားသုံးတဲ့အရာတွေက ကျွန်ုပ်တို့ရဲ့အမူအကျင့်ကို ဘယ်လိုပြောင်းလဲစေကာ ဦးနှောက်ပြောင်းလဲမှု​တွေမှတဆင့် အခြားလူနေမှုပုံစံ စသည့်အချက်တွေပါ လျော့ပါးသွားနိုင်တာကို နားလည်သဘောပေါက်စေပါတယ်။

ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်က သကြားဓာတ်ကို တိတိကျကျ လည်ပတ်စေပါတယ်။

ဂလူးကို့စ်ဆိုတာ ဂရိစကားလုံး glukos မှ ဆင်းသက်လာပြီး ချိုတယ်ဟု အဓိပ္ပါယ်ရပါတယ်။ ဂလူးကို့စ်က ဦးနှောက်ဆဲလ်များ (နျူရွန်) အပါအဝင် ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာကိုဖွဲ့စည်းထားတဲ့ ဆဲလ်များကို လောင်စာပေးပါတယ်။

သကြားစားခြင်းမှ Dopamine ကို ထိခိုက်စေတဲ့အကြောင်း

ဆင့်ကဲဖြစ်စဉ်အရ၊ ကျွန်ုပ်တို့ရဲ့ ရှေးဘိုးဘေးတွေမှ တဆင့် သကြား(အချိုဓာတ်) ပါတဲ့ ​အစားအစာတွေဟာ စွမ်းအင် အ တွက် အထူးကောင်းမွန်သော အရင်းအမြစ်များဖြစ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့ဟာ အထူးနှစ်သက်ဖွယ် ကောင်းတဲ့ အချိုဓာတ်ရှိတဲ့ အစားအစာများကို ရှာဖွေလာကြပါတယ်။

မနှစ်မြို့ဖွယ်၊ ခါးချဉ်သော အရသာရှိတဲ့ အစားအစာတွေဟာ မမှည့်တာတွေ၊ အဆိပ်သင့်တာတွေ နှင့် ဖျားနာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့အားလုံးဟာ ချိုမြိန်တဲ့အစားအစာများကို ကြိုက်နှစ်သက်စေတဲ့ မွေးရာပါ ဦးနှောက်စနစ်တစ်ခုရှိပါတယ်။

ချိုတဲ့အစားအစာများကို ကျွန်ုပ်တို့စားသုံးကြတဲ့အခါ ဦးနှောက်ရဲ့ဆုကြေးပေးစနစ်ဖြစ်တဲ့ mesolimbic dopamine စနစ်ဟာ အသက်ဝင်လာပါတယ်။

Dopamine ဟာ အာရုံကြောများမှ ထုတ်လွှတ်သော ဦးနှောက်ဓာတုပစ္စည်းဖြစ်ပြီး အဖြစ်အပျက်တစ်ခုက အပြုသဘောဖြစ်ကြောင်း အချက်ပြနိုင်ပါတယ်။

သကြားဓာတ်ကြောင့် Dopamine က ချိုတဲ့အစားအစာများကို ပို၍ဦးစားပေးရှာဖွေဖို့ လျင်မြန်တဲ့ သင်ယူမှုကို မြှင့်တင်ပေးပါတယ်။

ယနေ့ခေတ် ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်တွင် ချိုမြိန်ပြီး အရသာကြွယ်ဝတဲ့ အစားအစာအမျိုးမျိုးဟာ ပေါများပါတယ်။

ဒါ့ကြောင့် ကျွန်ုပ်တို့အနေနဲ့ အထူးသကြားဓာတ်ပါသော အစားအစာများကို အဓိကထား စားသုံးဖို့ မလိုအပ်တော့ပါဘူး။ ချိုတဲ့အစားအစာတွေကို နေရာတိုင်းမှာ ရရှိနိုင်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ကျွန်ုပ်တို့ရဲ့ဦးနှောက်က ကျွန်ုပ်တို့ရဲ့ဘိုးဘေး​တွေနှင့် အလွန်ဆင်တူနေသေးပြီး သကြားကို အမှန်တကယ်နှစ်သက်ကြပါတယ်။

ဒီတော့ သကြားကို အလွန်အကျွံ စားသုံးမိတဲ့ အခါ ဦးနှောက်ထဲမှာ ဘာတွေဖြစ်မလဲ။

သကြားဓာတ်က ဦးနှောက်ကို ပြန်လည်အားဖြည့်ပေးနိုင်သလား။

ဦးနှောက်ဟာ neuroplasticity ဟုခေါ်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြင့် စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံပြီး သူ့ကိုယ်သူ ပြန်လည်တည် ဆောက်ပေးပါတယ်။

အဆိုပါ ပြန်လည်တည်ဆောက်ခြင်းဟာ ဆုပေးစနစ်တွင် ဖြစ်ပွားနိုင်ပါတယ်။ မူးယစ်ဆေးဝါး သို့မဟုတ် သကြားဓာတ်များသော အစားအစာများကို အများအပြားအသုံးပြုခြင်းဟာ ဦးနှောက်အား မကြာခဏ လှုံ့ဆော်မှုနှင့်အညီ လိုက်လျောညီထွေဖြစ်စေပြီး တောင့်တစွဲလမ်းတဲ့ အလေ့အကျင့်ကို ဖြစ်ပေါ်စေပါတယ်။

ချိုမြိန်တဲ့အစားအစာတွေဟာ စွဲလမ်းမှုရဲ့အင်္ဂါရပ်ဖြစ်သည့်အတွက် ကျွန်ုပ်တို့ပိုမိုစားသုံးလေလေ တူညီတဲ့အကျိုးခံစားခွင့်ကိုရရှိမှာပဲ ဖြစ်ပါတယ်။

အစားအသောက်ကို စွဲလမ်းခြင်းဟာ သိပ္ပံပညာရှင်တွေ နှင့် ဆရာဝန်​တွေကြားတွင် အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

အချို့သော ဆေးဝါးများ အပေါ်တွင် ရုပ်ပိုင်းဆိုင်ရာအရ မှီခိုအားထားနေရသည်မှာ မှန်သော်လည်း အခြေခံ အသက်ရှင်ရန် လိုအပ်သည့်အခါမှာလည်း အစားအစာကို စွဲလမ်းနိုင်တယ်ဆိုတာနဲ့ ပတ်သတ်ပြီး အခြေအတင် ဆွေးနွေးနေပါတယ်။

ဦးနှောက်က သကြားဓာတ်ကို လိုချင်တယ်၊ ဒီလိုနဲ့ သကြားဓာတ်​တွေ ပိုများလာပါတယ်။

အထူးသဖြင့် လူအများစုဟာ အချိုဓာတ်တောင့်တမှုတွေကို စိတ်ဖိစီးမှု၊ ဗိုက်ဆာတဲ့အခါ သို့မဟုတ် ကော်ဖီဆိုင်တွင် ဆွဲဆောင်မှုရှိတဲ့ ကိတ်မုန့်တွေကို ပြသသည့်အချိန်မျိုးတွင် ကြုံတွေ့ရတတ်ပါသည်။

လိုချင်တောင့်တမှုတွေကို တွန်းလှန်နိုင်ဖို့ အတွက်အရသာရှိတဲ့ အစားအစာတွေကို စားသုံးတဲ့အခါ ကျွန်ုပ်တို့ရဲ့ သဘာဝ တုံ့ ပြန်မှုကို တားဆီးဖို့ လိုအပ်ပါတယ်။ အပြုအမူကို ထိန်းချုပ်ဖို့အတွက် inhibitory neurons ကွန်ရက်တစ်ခုဟာ အရေးကြီးပါတယ်။

အဆိုပါ နူရွန်တွေဟာ ဆုံးဖြတ်ချက်ချခြင်း၊ စိတ်အားထက်သန်မှု ထိန်းချုပ်ခြင်းနှင့် စိတ်ကျေနပ်မှုနှောင့်နှေးခြင်းတို့တွင်ပါ၀င်သော ဦးနှောက်ရဲ့ အဓိကကျတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။

ကြွက်တွေမှာ သုတေသန ပြုလုပ်ချက်များအရ သကြားဓာတ်များသော အစားအစာများ စားခြင်းဟာ တားဆီးထားတဲ့ အာရုံ ကြော များကို ပြောင်းလဲစေနိုင်တယ်ဟု ဆိုပါတယ်။

သကြားဓာတ်များတဲ့ ကြွက်တွေဟာ ၎င်းတို့၏ အပြုအမူကို ထိန်းချုပ်နိုင်မှု နှင့် ဆုံးဖြတ်ချက်များ ချနိုင်မှု နည်းပါးပါတယ်။

မကြာသေးမီက လေ့လာမှုတစ်ခုက လူ​တွေဟာ ဗိုက်ဆာနေချိန်မှာ ကယ်လိုရီများတဲ့ သရေစာတွေကို ဘယ်လောက်ထိ စားလိုကြောင်း လေ့လာခဲ့ကြပါတယ်။

အဆီများပြီး သကြားဓာတ်များသော အစားအစာများကို ပုံမှန်စားသူတွေဟာ ဗိုက်မဆာတဲ့အချိန်ထိ သရေစာ စားလိုသောစိတ်ဆန္ဒ အလွန်မြင့်မားတာကို တွေ့ရပါတယ်။

သကြားဓာတ်က မှတ်ဉာဏ်ဖွဲ့စည်းမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

သကြားဓာတ်များတဲ့ အစားအစာ​တွေကြောင့် ထိခိုက်စေသည့် အခြားဦးနှောက်ဧရိယာကတော့ အဓိကမှတ်ဉာဏ်စင်တာဖြစ်တဲ့ hippocampus ဖြစ်ပါတယ်။

သကြားဓာတ်များတဲ့ အစားအစာများကို စားသုံးလေ့ရှိတဲ့ ကြွက်တွေဟာ ယခင်က သတ်မှတ်ထားတဲ့ နေရာတွေ၊ အရာဝတ္ထုတွေကို မှတ်မိနိုင်မှု နည်းပါးကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။

hippocampus ရှိ သကြားဓာတ်ကြောင့် ပြောင်းလဲမှုတွေဟာ မှတ်ဉာဏ်တွေကို ကုဒ်သွင်းဖို့အတွက် အရေးပါတဲ့ မွေးကင်းစ အာရုံကြောများ လျော့ကျခြင်းနှင့် ရောင်ရမ်းခြင်းနှင့် ဆက်စပ်သော ကိစ္စရပ်များ တိုးပွားလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ဦးနှောက်ကို သကြားဓာတ်ကနေ ဘယ်လို ကာကွယ်မလဲ။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အစည်း(WHO)က ကျွန်ုပ်တို့ နေ့စဉ် ကယ်လိုရီစားသုံးမှုရဲ့ 25g (လက်ဖက်ရည်ဇွန်းခြောက်ဇွန်း) ငါးရာခိုင်နှုန်း ထက်ပိုပြီး သကြားစားသုံးမှုကို ကန့်သတ်ထားဖို့ အကြံပြုထားပါတယ်။

ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီး သူတွေဟာ တစ်နေ့လျှင် သကြား 85g (လက်ဖက်ရည်ဇွန်း 20 ဇွန်း) စားသုံးပါက ဒါဟာ ကြီးမားတဲ့ အစားအသောက်ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။

အရေးကြီးတာက ဦးနှောက်ရဲ့ neuroplasticity စွမ်းရည်တွေဟာ အစားအသောက်သကြားများကို လျှော့ချပြီးနောက် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်စေပါတယ်။

နောက်ပြီး ကိုယ်ကာယလေ့ကျင့်ခန်းကလည်း အဆိုပါ လုပ်ငန်းစဉ်ကို တိုးလာစေနိုင်ပါတယ်။

Omega-3 fats ကြွယ်ဝသော အစားအစာတွေဖြစ်တဲ့ ငါးဆီ၊ အခွံမာသီးနှင့် အစေ့အဆန်တွေဟာ အာရုံကြောများကို ကာကွယ်ပေးပြီး အာရုံကြောအသစ်များဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ ဦးနှောက်ဓာတုပစ္စည်းများကို မြှင့်တင်ပေးနိုင်တာကိုလည်း တွေ့ရပါတယ်။

Reference: Here’s What Sugar Does to Your Brain Via Livescience

ပြန်ဆိုသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.