အသံထက်မြန်‌တဲ့ ခရီးသည်တင်လေယာဉ်တွေ ထုတ်လုပ်ဖို့ အာရုံစိုက်နေသည့် ဂျပန်

News Travel

စျေးကြီးပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် SpaceJet ဒေသဆိုင်ရာဂျက်လေယာဉ် အစီအစဉ်ကို စိတ်ပျက်မိပြီးနောက် ၊ ဂျပန်အစိုးရဟာ ခရီးသည်တင်လေယာဉ် ဈေးကွက်တွင် ပိုမိုကြီးမားသောနေရာရရှိရန်အတွက် အရှူံးမပေးပဲ ဆက်လက်လျှောက်လှမ်းနေပါတယ်။

ဂျပန် အာကာသအေဂျင်စီ JAXA ဟာ နိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းအဖွဲ့များနှင့်သဘောတူညီမှုကိုကြေငြာခဲ့ပြီး SpaceJet ကိုတာဝန်ယူခဲ့ရသော IHI, Subaru, Kawasaki နှင့် Mitsubishi ကုမ္ပဏီများနှင့် ပူးပေါင်းမှုဆိုင်ရာသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီအုပ်စု၏ရည်မှန်းချက်က ခရီးသည် ၅၀ အထိ တင်ဆောင် ပျံသန်းနိုင်သော အမြန်နှုန်း Mach ၁.၆ ရှိတဲ့ အသံထက်မြန်တဲ့ခရီးသည်တင်လေယာဉ်ကို စီစဉ်ထောက်ပံ့ပေးရန်ဖြစ်ပါတယ်။

ဂျပန်အာကာသအေဂျင်စီ JAXAဟာ T-tail အမျိုးအစား အင်ဂျင်နှစ်လုံးတပ်ဆင်ထားသောလေယာဉ်၏ အယူအဆဆိုင်ရာပုံများကို ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးအမည် မဖော်ပြရသေးသော်လည်း အရှည် ၄၈ မီတာ၊ အကျယ် ၂၄ မီတာနှင့် အလေးချိန်တန် ၇၀ ရှိပြီး သွားနိုင်တဲ့အအကွာအဝေးကတော့ ၃၅၀၀ nm (၆၄၈၀ ကီလိုမီတာ) ရှိတယ်လို့သိရပါတယ်။

အဆိုပါစီမံကိန်းဟာ အသံအမြန်နှုန်းအထက်ပျံသန်းနိုင်ရန်အတွက် အဓိကအတားအဆီးတစ်ခုဖြစ်သည့် အသံထက်မြန်သော အသံလှိုင်းမြည်ဟိန်းသံကို လျှော့ချရန်ဖြေရှင်းနည်းများကို အေဂျင်စီက နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

အရပ်ဘက် အသံထက်မြန်သော လေယာဉ်စျေးကွက်မှာ ဝယ်လိုအား ၂၀၀၀ ယူနစ် အထိရောက်ရှိနိုင်သည့် အလားအလာရှိမည်ဟု ကတိပေးခဲ့ကြပါတယ်။

မြောက်အမေရိက၊ဥရောပတို့နှင့်မဝေးလှသောဂျပန်ဟာ ဤလေယာဉ်အမျိုးအစားများအတွက် ကြီးမားသော အလားအလာရှိတဲ့ စျေးကွက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဥပမာအားဖြင့် တိုကျိုနှင့်လော့အိန်ဂျလိစ် အကြားပျံသန်းမှုသည်လက်ရှိတွင် ၁၂ နာရီခန့်ကြာပြီး အမြန်နှုန်း Mach ၁.၆ ပျံသန်းနိုင်သောဂျက်လေယာဉ်တစ်စင်းတွင် အချိန် များစွာလျော့နည်းသွားနိုင်တယ်။

ဂျပန်အာကာသအေဂျင်စီ JAXA သည် ၂၀၃၀ အစောပိုင်းတွင် စတင်ဝင်ရောက် ဝန်ဆောင်မှု ပေး နိုင်မည် ဖြစ်ပါတော့တယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *