ဓာတ်ငွေ့မထုတ်လွှတ်ဘဲ ပင်လယ်ပြင် အနှံ့ ခရီးဆန့်နိုင်မယ့် စူပါ ရွက်သင်္ဘော

Innovation Tech

ကျွန်တော်တို့ ရွက်လှေ ဒီဇိုင်နာ Kurt Strand ကို ချစ်တယ်ဆိုတာ လိမ်တာမဟုတ်ပါဘူး။

ယခင်က လေမပါဘဲ ရွက်လွှင့်နိုင်တဲ့ သူ့ရဲ့အထင်ကြီးလောက်စရာ Florida ရွက်လှေကို ​ပြသခဲ့ပြီးဖြစ်ပါတယ်။

အခုတော့ ရည်မှန်းချက်ကြီးတဲ့ ဒီဇိုင်နာက အထင်ကြီးလောက်စရာ ဒီဇိုင်းအသစ်နဲ့ စူပါရွက်လှေ ကို ပြသလာပြန်ပြီ ဖြစ်ပါတယ်။

၅၂၈ ပေ (၁၆၁ မီတာ) အရှည်နဲ့ သစ်လွင် လှပတဲ့ ရွက်လှေကို Norway လို့ လိုက်ဖက်စွာ အမည်ပေးထားပြီး Viking ခေတ်ရွက်သင်္ဘောတွေကို တုပထားတာဖြစ်ပါတယ်။

Strand ဟာ ယခုအချိန်မှာ အားကောင်းတဲ့ ရွက်လှေတွေကို တုပပြီး ၎င်းတို့ကို ခေတ်မီတဲ့ဗားရှင်း တစ်ခု ဖန်တီးရန် ဆုံးဖြတ်ခဲ့ပါတယ်။

အဆုံးသတ်ရလဒ်မှာ Norway ကို မည်သည့်ဓာတ်ငွေ့မှမထုတ်ဘဲ ကမ္ဘာတစ်ဝှမ်းလုံးကို ခရီးသွားလာနိုင်မယ့် အာကာသခေတ်နည်းပညာနဲ့တပ်ဆင်ထားပါတယ်။

ရွက်လှေတွေက ရွေ့လျားတဲ့အခါ စွမ်းအင်ကို အမှန်တကယ်ဖမ်းယူပြီးနောက် ၎င်းကို ဘက်ထရီအိုးပေါ်တွင် သိုလှောင်ထားပါတယ်။ ထိုစွမ်းအင်ကို ဟိုက်ဒရိုဂျင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

လေနှင့် နေရောင် မရဘဲနဲ့တောင် Norway ဟာ ဒီဇယ်၊ သဘာဝဓာတ်ငွေ့အရည် သို့မဟုတ် ဟိုက်ဒရိုဂျင်ကိုသုံးနိုင်တဲ့ ဘက်စုံလောင်စာသုံးစက်သုံးအင်ဂျင် ၃ ခုဖြင့် ရှေ့ကို ချီတက်လိမ့်မှာဖြစ်ပါတယ်။

စံရာသီဥတု အခြေအနေများတွင် စူပါရွက်လှေက အများကြီး သုံးပစ်လိုက်တာထက် ပြင်းထန်တဲ့ ရာသီဥတု နေ့ရက်တွေအတွက် စွမ်းအင်ကို ဘေးဖယ်ထားပြီး ပိုမိုသန့်ရှင်းတဲ့ စွမ်းအင်ကို ထုတ်လုပ်လိမ့်မှာဖြစ်ပါတယ်။

စူပါရွက်လှေအားလုံးဟာ ကြီးမားပါတယ်။ ၎င်းသည် သင်္ဘောသားအယောက် ၄၀နဲ့ အပါအဝင် ဇိမ်ခံခန်း ၁၂ ခန်းတွင် ဧည့်သည် ၂၄ ဦး အထိ လက်ခံနိုင်ထားရှိ နိုင်ပါတယ်။

ကမ်းခြေကလပ်၊ ကြံ့ခိုင်ရေးစင်တာ၊ ရေပူစမ်း၊ ရေကူးကန်၊ စူပါကားဂိုဒေါင်နဲ့ ရုပ်ရှင်ရုံတို့လည်း ပါဝင်ပါတယ်။ Norway ပေါ်မှာ အသေးစားဆေးရုံလည်း ရှိပါတယ်။

သင်္ဘောရဲ့အလယ်ဗဟိုတွင် လာရောက်လည်ပတ်သူတွေ သင်္ဘောရှိ ရှုခင်းတွေကို ကြည့်ရှုနိုင်တဲ့ နှစ်ထပ်ဧည့်ခန်းနဲ့ ဘားလည်းရှိပါတယ်။

နောက်ဆုံးတွင် ချောမွေ့စွ ာရွက်လွှင့်နိုင်ရန် Norway ကို တိကျတဲ့ပဲ့ကိုင် အထူးသဖြင့် သင်္ဘောထိန်းကိရိယာပါဝင်တဲ့ ဘေးနှစ်ဘက်မှဆွဲ ထုတ်နိုင်တဲ့ သင်္ဘော ကိုယ်ထည် ဘောင်နှစ်ခုအတွက် ထူးခြားတဲ့ ရွက်လွှင့် ကိုင်တွယ်ခြင်း စနစ်နဲ့ တပ်ဆင်ထားပါတယ်။

၎င်းသည် သင်္ဘောအား ချောမွေ့စွာရွက်လွှင့်ခြင်းဖြင့် နက်ရှိုင်းတဲ့ ဒါမှမဟုတ် ရေတိမ်တဲ့ ပင်လယ်ပြင်မှာ ရွက်လွှင့် ခုတ်မောင်းနိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *