သိပ္ပံပညာရှင်များဟာ ပြုပြင် မွမ်းမံထားသည့် KC-135R ကဲ့သို့ အမြင့်ပျံ လေယာဉ်များကို အသုံးပြုပြီး တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ကို ပြန်လည် အေးခဲနိုင်ဖို့ ဆောင်ရွက်လိုကြပါတယ်။
ဒါ့ကြောင့် အဆိုပါ လေယာဉ်များကို အသုံးပြုပြီး အဏုကြည့်အမှုန်များ ဖြစ်သည့် microscopic aerosol particles များကို လေထုထဲကို ပတ်ဖြန်းနိုင်မည့် အငြင်းပွားဖွယ် အစီအစဉ်တခုကို တင်ပြခဲ့ပါတယ်။
IOP ၏ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ဆိုင်ရာ Environmental Research Communications တွင် ၎င်းတို့၏ ဖြစ်နိုင်ချေရှိပြီး အလွန် ကုန်ကျစရိတ် သက်သာမည့် နည်းလမ်းကို ဖော်ပြခဲ့ပါတယ်။
Stratospheric aerosol injection (SAI) လို့ခေါ်တဲ့ ရာသီဥတုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု နည်းလမ်းဟာ ဝင်ရိုးစွန်း ဒေသများ အတွက်သာ သာမက တကမ္ဘာလုံးနှင့် သက်ဆိုင်သည့် လှုပ်ရှားမှု တခု အဖြစ် ပစ်မှတ်ထားမှာ ဖြစ်တယ်လို့ Sky News က ဖော်ပြထားပါတယ်။
သုတေသီများကတော့ ခေတ်ဟောင်း KC-135 နှင့် A330 MMRT များဟာ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ရင်တောင်မှ လိုအပ်သည့် အမြင့်ကို မရောက်နိုင်ဘူးလို့ စောဒကတက်နေကြပါတယ်။
ဒါ့ကြောင့် ၎င်းတို့ဟာ SAIL-43K လေယာဉ်ကို ဝင်ရိုးစွန်း ဒေသများမှာ အသုံးပြုဖို့အတွက် အဆိုပြုထားပါတယ်။
၁၂၅ စင်းလောက်ရှိတဲ့ SAIL-43K လေယာဉ်ကြီးများဟာ အဏုကြည့် အရွယ်အစားရှိ သေးငယ်သည့် ဆာလ်ဖာဒိုင်အောက်ဆိုက်ဒ် အမှုန်များကို အမြင့်ပေ ၄၃,၀၀၀ လောက်ကနေ တောင်နှင့်မြောက် ၆၀ ဒီဂရီ လတ္တီကျုလောက်မှာ ၁ နှစ်လျှင် ၂ ဒီဂရီလောက် ပိုမို အေးလာစေရန် ပတ်ဖြန်းမှာပါ။

SAIL-43K Image: Wake Smith et.al
Anchorage၊ အလက်စကာ တောင်ပိုင်းနှင့် Patagonia တောင်ဘက်စွန်း ဒေသများကို စက်မှုခေတ် မတိုင်ခင်က အပူချိန်အထိ နီးစပ်အောင် ပြုပြင် ပြောင်းလဲနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ထိုမစ်ရှင်တခုဟာ ၂၀၂၁ ခုနှစ်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လေကြောင်း သွားလာမှု၏ ၂ ရက်လောက် အတိုင်းအတာ နှင့် ညီမျှမှာပါ။
မစ်ရှင်ကို လိုက်လျောညီထွေ ဖြစ်စေဖို့ ယခင်က ရှိပြီးသား လေယာဉ်များအတွက် အခြေစိုက်စခန်းများအတွက် မြေပြင် အခြေခံ အဆောက်အအုံများကို အထူးမြှင့်တင်ဖို့တော့ လိုအပ်ပါတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
အပူချိန် လျော့ကျစေမည့် Subpolar SIA ပရိုဂရမ်၏ ကုန်ကျစရိတ်မှာ နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံ လောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
အလွန် အငြင်းပွားဖွယ် နည်းပညာကို အသုံးပြုမည့် ထို စီမံကိန်းဟာ တဒါဇင်ထက် မပိုသည့် နိုင်ငံများ၏ လေပိုင်နက်ကို အ သုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်စေပေမယ့် အငြင်းပွားစရာတွေ ရှိနေဆဲပါ။
အကြောင်းကတော့ လေထုထဲသို့ ဆာလ်ဖာကဲ့သို့ အမှုန်အမွှားများ ထုတ်လွှတ်ခြင်းကနေ မည်ကဲ့သို့ မလိုလားအပ်သည့် အ ကျိုးဆက်များ ဖြစ်မည်ကို မသိရသေးလို့ ဖြစ်ပါတယ်။
မကြာသေးမီက ဟားဗတ် သုတေသန စီမံကိန်းက စီစဉ်ခဲ့သည့် ဆွီဒင်က တင်ပြခဲ့သည့် အလားတူ SIA အစီအစဉ် တခုဟာလည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြမှုများကြောင့် ဖျက်သိမ်းခဲ့ရဖူးပါတယ်။
အသစ် အဆိုပြုထားတဲ့ စီမံကိန်း၏ နောက်ကွယ်မှ သုတေသီများကတော့ ၎င်းတို့၏ စီမံကိန်းဟာ ကမ္ဘာ့လူဦးရေ၏ ၁ ရာခိုင် နှုန်းအောက်လောက် အထိသာ သက်ရောက်မှု ဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်း အားလုံးနီးပါး အပေါ် တိုက်ရိုက် အကျိုးရှိစေကာ ကုန်ကျစရိတ်သက်သာမယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ဒီစီမံကိန်းဟာ ဖြစ်လာမလား ဆိုတာကို စောင့်ကြည့်ဖို့ရာ ထိုက်တန်ကောင်း ထိုက်တန်ပါလိမ့်မယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 17/9/2022