မကြာသေးမီ နှစ်တွေအတွင်းမှာ အဆောက်အအုံတွေကို ကာရံခြင်းဟာ ပိုမိုအရေးကြီးတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
ကျွန်ုပ်တို့အိမ်တွေကို စနစ်တကျ ကာရံထားခြင်းဟာ အပူပေးစက် စရိတ်များကို လျှော့ချပေးပါတယ်။
ဆိုလိုတာက CO2 ထုတ်လွှတ်မှု နည်းပါးစေပါတယ်။ ယနေ့ခေတ်မှာဆိုရင် ပလတ်စတစ် သို့မဟုတ် ဓာတ်သတ္တုဖိုက်ဘာဖြင့် ပြုလုပ်ထားတဲ့ သမားရိုးကျ အပူကာ ပစ္စည်းတွေနဲ့သာ လွှမ်းမိုးထားပါတယ်။
University of Gottingen မှ သုတေသနအဖွဲ့တစ်ခုဟာဆိုရင် ရေရှည်တည်တံ့ပြီး ထိရောက်မှုရှိတဲ့ ပြောင်းဖူးပေါက်ပေါက်ဖြင့် ပြုလုပ်ထားတဲ့ ထုတ်ကုန်များအတွက် ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို သုတေသနပြုနေပါတယ်။
ယခုအခါမှာဆိုရင် သစ်တောသိပ္ပံပညာရှင်များဟာ အလွန်ကောင်းမွန်တဲ့ အပူဓာတ် အကာအရံဂုဏ်သတ္တိများ နှင့် မီးဒဏ်ကို ကောင်းစွာကာကွယ်နိုင်တဲ့ ပြောင်းဖူးပေါက်ပေါက်လုံးလေးတွေနဲ့ ပြုလုပ်ထားတဲ့ အကာအရံပြားများကို ထုတ်လုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။
အဆိုပါ ပြောင်းဖူးပေါက်ပေါက် လုံးလေးတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းဟာဆိုရင် စက်မှုလုပ်ငန်းတွေမှာ လက်ရှိအသုံးပြုနေတဲ့ ရေနံမှရရှိသော ထုတ်ကုန်များနေရာမှာ အစားထိုးနိုင်မည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေပြီး ရေရှည်တည်တံ့နိုင်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။
ရေနံကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ အပူကာတွေ ကဲ့သို့ပင် ပြောင်းဖူးပေါက်ပေါက်ဟာ ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များမှ ပြုလုပ်ထားတဲ့အတွက်ကြောင့် လုံလောက်တဲ့ ခိုင်ခံ့မှု နှင့် သူ့ရဲ့အသုံးဝင်မှုဟာဆိုရင် သက်တမ်းကုန်ဆုံးတဲ့အခါမှာတောင် ပြန်လည်အသုံးပြုဖို့ လွယ်ကူတာကြောင့် ရေရှည်တည်တံ့တယ် ဟုဆိုပါတယ်။
သူ့ရဲ့ရေကို ခံနိုင်ရည်ရှိမှုဟာ အကာအရံ နှင့် ထုပ်ပိုးခြင်းကဲ့သို့ အခြားသော လုပ်ဆောင်ချက်များတွေမှာလည်း အသုံးဝင်စေပါတယ်။

၎င်းတို့ကို အကာအရံပစ္စည်းအနေနှင့်သာမက အစားအသောက်ပုံးတွေ နှင့် သင်္ဘောသုံးပစ္စည်းများဖြစ်တဲ့ နှစ်စဉ်စွန့်ပစ်လေ့ရှိသော သန်းပေါင်းများစွာသော ကွန်တိန်နာတွေမှာပါရှိတဲ့ ဖော့တုံးတွေနေရာမှာလည်း အစားထိုးအသုံးပြုနိုင်ပါတယ်။
ဖော့တုံးတွေကတော့ စျေးပေါပြီး ပေါ့ပါးသော်လည်း ဇီဝပျက်ယွင်းမှုမဖြစ်သည့်အပြင် ပြန်လည်အသုံးပြုဖို့လည်း ခက်ခဲပါတယ်။
သုတေသီတွေရဲ့ အဆိုအရ အသစ်ထုတ်လုပ်ထားတဲ့ ပြောင်းဖူးပေါက်ပေါက်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းဟာ ယခင်ဖော့တုံးတွေထက် အပူစုပ်ယူနိုင်ခြင်း၊ မီးလောင်လွယ်ခြင်း ၊ ဇီဝဓာတ်ငွေ့ ထုတ်လုပ်တဲ့နေရာ အသုံးပြုခြင်းတို့အပြင် စွန့်ပစ်ပြီးတာနဲ့ တိရိစ္ဆာန် အစာ အဖြစ်လည်း အသုံးပြု နိုင်ပါတယ်။
“ပလတ်စတစ်စက်မှုလုပ်ငန်းကို အခြေခံထားတဲ့ အဆိုပါ လုပ်ငန်းစဉ်အသစ်ဟာ စက်မှုလုပ်ငန်းတွေမှာလည်း ကုန်ကျစရိတ် သက်သက် သာသာနဲ့ အကာအရံပြားတွေကို ထုတ်လုပ်နိုင်စေတယ်” ဟု သုတေသနအဖွဲ့၏အကြီးအကဲ ပါမောက္ခ Alireza Kharazipour က ရှင်းပြပါတယ်။
ဒါတွေ အပြင် ပေါက်ပေါက်ထုတ်ကုန်အသစ်ဟာ ရေစိုခံနိုင်တဲ့ ဂုဏ်သတ္တိများပါရှိပြီး လက်တွေ့အသုံးချမှုတွေအတွက် အခွင့်အလမ်းများ ပိုမိုဖွင့်ပေးနိုင်ရုံသာမက သူ့ရဲ့အသုံးဝင်တဲ့သက်တမ်းကိုလည်း တိုးမြှင့်ပေးပါတယ်။
အဆိုပါ နည်းပညာဟာ ဆိုရင် မကြာသေးမီက ဂျာမနီနိုင်ငံ Bachl Group မှ အဆောက်အဦး ကာရံခြင်းတို့ အတွက် ထုတ်ကုန် များကို စီးပွားဖြစ်အသုံးပြုဖို့အတွက် လိုင်စင်ရထားကြောင်း သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။