ဒေသတွင်း ကာကွယ်မှုများပြုလုပ်ရန် ထိုင်ဝမ် စစ်ရေးလေ့ကျင့်

News

ပြီးခဲ့တဲ့ တပတ်က ထိုင်ဝမ်လေတပ် ဟာ Wan Chien လို့ခေါ်တဲ့ ဝေဟင်မှ မြေပြင်ပစ် subsonic ခရုဇ်စ် မစ်ဇိုင်း စမ်းသပ်မှုများ ပါဝင်သည့် အကြီးစား စစ်ရေး လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံပိုင် သတင်းမီဒီယာများ၏ အဆိုအရ တောင်တရုတ်ပင်လယ်ထဲမှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ F-CK-1 သို့မဟုတ် Ching-Kuo လို့သိကြတဲ့ ထိုင်ဝမ်နိုင်ငံလုပ် တိုက်ခိုက်ရေး ဂျက်လေယာဉ်များမှ Wan Chien ခရုဇ်မစ်ဇိုင်းများကို ပထမဆုံး စမ်းသပ်ပစ်လွှတ် ခဲ့ကြပါတယ်။

ဒီခရုဇ် မစ်ဇိုင်းများကို စစ်ဘက်ထိပ်တန်း သုတေသနဌာနဖြစ်တဲ့ National Chung-Shun သိပ္ပံနှင့်နည်းပညာ အင်စတီကျုမှ တီထွင် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမဇ်ဇိုင်းများဟာ တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသများဖြစ်သည့် ဖူကျန်းနှင့် ကွမ်တုံ ပြည်နယ်များရှိ လေဆိပ်များနှင့် စစ်ဘက်ဆိုင်ရာ နေရာများကို ထိုင်ဝမ် တိုက်လေယာဉ်များဖြင့် ရေလက်ကြားမှ တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ မစ်ဇိုင်းဒုံးကျည်ဟာ အကွာအဝေး ၂၄၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး ယခုအခါ အကြီးအကျယ် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အဓိက ပစ်ခတ်နိုင်တဲ့ နေရာများမှာ လေယာဉ် ကွင်းများ၊ အခြေစိုက်စခန်းများနှင့် တရုတ်နိုင်ငံအရှေ့တောင် ကမ်းရိုးတန်းရှိ တပ်များစုဝေးရာ နေရာများဖြစ်ပါတယ်။

CSIS ဒုံးကျည် ကာကွယ်ရေးစီမံကိန်း အဆိုအရ Wan Chien ဟာ အရှည် ၃.၅ မီတာရှိပြီး အချင်း ၀.၆၃ မီတာနှင့် ပစ်လွှတ်အလေးချိန်မှာ ၆၅၀ ကီလိုဂရမ် ရှိတယ်လို့ သိရပါတယ်။ ပစ်လွှတ်တဲ့အခါမှာ ဘေးတဖက်စီမှ တောင်ပံထွက်လာမှာဖြစ်ပြီး ၁.၅ မီတာရှိပါတယ်။

လမ်းညွှန်စနစ်ကို INS/GPS စနစ်များကို အသုံးပြုနိုင်ပြီး ၃၅၀ ကီလိုဂရမ်ရှိတဲ့ ထိပ်ဖူးမှာ HE ပေါက်ကွဲပြင်းထန်ပြီး သံချပ်ကာဖောက်ထွင်းနိုင်သော submunition လို့ခေါ်တဲ့ ထပ်မံခွဲထွက်နိုင်တဲ့ ပေါက်ကွဲစနစ် ပါရှိပါတယ်။ ဒီစနစ်မှာ ဗုံးအလုံးပေါင်း ၁၀၀ လောက်အထိ တပ်ဆင်ထားနိုင်တယ်လို့ သိရပါတယ်။

တိုက်လေယာဉ်အကြောင်း ပြောပြရရင် တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် F-16 နှင့် F-20 တို့ကို အမေရိကန်မှ ထိုင်ဝမ်နိုင်ငံကို ရောင်းချဖို့ရာ ငြင်းဆန်ခဲ့တဲ့အတွက် F-CK-1 ဆိုသည့် ပြည်တွင်းဖြစ်တိုက်လေယာဉ်ကို ထိုင်ဝမ်က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လေယာဉ်များ မရောင်းချခဲ့ပေမယ့် General Dynamic နှင့် Northrop Grumman, Honeywell စသည့် အမေရိကန်နှင့် ဗြိတိန် လေကြောင်းထုတ်လုပ်ရေး ကုမ္ပဏီ များစွာဟာ ဒီလေယာဉ်ဖြစ်မြောက်လာဖို့ များစွာကူညီခဲ့ပါတယ်။ လက်ရှိမှာ ရှေ့ပြေးပုံစံ ၆ စီးအပါအဝင် ၁၃၇ စီးတာဝန် ထမ်းဆောင်နေပြီး ထိုင်ဝမ် တနိုင်ငံထဲသာ အသုံးပြုနေတဲ့ လေယာဉ် ဖြစ်ပါတယ်။

လက်ရှိ တင်းမာနေတဲ့အနေအထားကြောင့် ထိုင်ဝမ်ဟာ စစ်ရေးလှုပ်ရှားမှုများစွာကို လုပ်ဆောင်နေပြီး တိုင်းပြည်ကာကွယ်ဖို့အတွက် အသင့်အနေအထားဖြစ်အောင် လုပ်ဆောင်နေပါတယ်။

ZawGyi

ၿပီးခဲ့တဲ့ တပတ္က ထိုင္ဝမ္ေလတပ္ဟာ Wan Chien လို႔ေခၚတဲ့ ေဝဟင္မွ ေျမျပင္ပစ္ subsonic ခ႐ုဇ္စ္ မစ္ဇိုင္း စမ္းသပ္မႈမ်ား ပါဝင္သည့္ အႀကီးစား စစ္ေရး ေလ့က်င့္မႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

ထိုင္ဝမ္ႏိုင္ငံပိုင္ သတင္းမီဒီယာမ်ား၏ အဆိုအရ ေတာင္တ႐ုတ္ပင္လယ္ထဲမွာ ျပဳလုပ္ခဲ့တဲ့ ဒီစစ္ေရးေလ့က်င့္မႈမွာ F-CK-1 သို႔မဟုတ္ Ching-Kuo လို႔သိၾကတဲ့ ထိုင္ဝမ္ႏိုင္ငံလုပ္ တိုက္ခိုက္ေရးဂ်က္ေလယာဥ္မ်ားမွ Wan Chien ခ႐ုဇ္မစ္ဇိုင္းမ်ားကို ပထမဆုံး စမ္းသပ္ပစ္လႊတ္ ခဲ့ၾကပါတယ္။

ဒီခ႐ုဇ္ မစ္ဇိုင္းမ်ားကို စစ္ဘက္ထိပ္တန္း သုေတသနဌာနျဖစ္တဲ့ National Chung-Shun သိပၸံႏွင့္နည္းပညာ အင္စတီက်ဳမွ တီထြင္ ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီမဇ္ဇိုင္းမ်ားဟာ တ႐ုတ္ႏိုင္ငံ ကမ္း႐ိုးတန္းေဒသမ်ားျဖစ္သည့္ ဖူက်န္းႏွင့္ ကြမ္တုံ ျပည္နယ္မ်ားရွိ ေလဆိပ္မ်ားႏွင့္ စစ္ဘက္ဆိုင္ရာ ေနရာမ်ားကို ထိုင္ဝမ္ တိုက္ေလယာဥ္မ်ားျဖင့္ ေရလက္ၾကားမွ တိုက္ခိုက္ႏိုင္တယ္လို႔ သိရပါတယ္။

အဆိုပါ မစ္ဇိုင္းဒုံးက်ည္ဟာ အကြာအေဝး ၂၄၀ ကီလိုမီတာအထိ ပစ္ခတ္ႏိုင္ၿပီး ယခုအခါ အႀကီးအက်ယ္ ထုတ္လုပ္ေနၿပီ ျဖစ္ပါတယ္။ အဓိက ပစ္ခတ္ႏိုင္တဲ့ ေနရာမ်ားမွာ ေလယာဥ္ကြင္းမ်ား၊ အေျခစိုက္စခန္းမ်ားႏွင့္ တ႐ုတ္ႏိုင္ငံအေရွ႕ေတာင္ ကမ္း႐ိုးတန္းရွိ တပ္မ်ားစုေဝးရာ ေနရာမ်ားျဖစ္ပါတယ္။

CSIS ဒုံးက်ည္ ကာကြယ္ေရးစီမံကိန္း အဆိုအရ Wan Chien ဟာ အရွည္ ၃.၅ မီတာရွိၿပီး အခ်င္း ၀.၆၃ မီတာႏွင့္ ပစ္လႊတ္အေလးခ်ိန္မွာ ၆၅၀ ကီလိုဂရမ္ ရွိတယ္လို႔ သိရပါတယ္။ ပစ္လႊတ္တဲ့အခါမွာ ေဘးတဖက္စီမွ ေတာင္ပံထြက္လာမွာျဖစ္ၿပီး ၁.၅ မီတာရွိပါတယ္။

လမ္းၫႊန္စနစ္ကို INS/GPS စနစ္မ်ားကို အသုံးျပဳႏိုင္ၿပီး ၃၅၀ ကီလိုဂရမ္ရွိတဲ့ ထိပ္ဖူးမွာ HE ေပါက္ကြဲျပင္းထန္ၿပီး သံခ်ပ္ကာေဖာက္ထြင္းႏိုင္ေသာ submunition လို႔ေခၚတဲ့ ထပ္မံခြဲထြက္ႏိုင္တဲ့ ေပါက္ကြဲစနစ္ ပါရွိပါတယ္။ ဒီစနစ္မွာ ဗုံးအလုံးေပါင္း ၁၀၀ ေလာက္အထိ တပ္ဆင္ထားႏိုင္တယ္လို႔ သိရပါတယ္။

တိုက္ေလယာဥ္အေၾကာင္း ေျပာျပရရင္ တ႐ုတ္ႏိုင္ငံရဲ႕ ဖိအားေၾကာင့္ F-16 ႏွင့္ F-20 တို႔ကို အေမရိကန္မွ ထိုင္ဝမ္ႏိုင္ငံကို ေရာင္းခ်ဖို႔ရာ ျငင္းဆန္ခဲ့တဲ့အတြက္ F-CK-1 ဆိုသည့္ ျပည္တြင္းျဖစ္တိုက္ေလယာဥ္ကို ထိုင္ဝမ္က ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ေလယာဥ္မ်ား မေရာင္းခ်ခဲေပမယ့္ General Dynamic ႏွင့္ Northrop Grumman, Honeywell စသည့္ အေမရိကန္ႏွင့္ ၿဗိတိန္ ေလေၾကာင္းထုတ္လုပ္ေရး ကုမၸဏီ မ်ားစြာဟာ ဒီေလယာဥ္ျဖစ္ေျမာက္လာဖို႔ မ်ားစြာကူညီခဲ့ပါတယ္။ လက္ရွိမွာ ေရွ႕ေျပးပုံစံ ၆ စီးအပါအဝင္ ၁၃၇ စီးတာဝန္ ထမ္းေဆာင္ေနၿပီး ထိုင္ဝမ္ တႏိုင္ငံထဲသာ အသုံးျပေနတဲ့ ေလယာဥ္ ျဖစ္ပါတယ္။

လက္ရွိ တင္းမာေနတဲ့အေနအထားေၾကာင့္ ထိုင္ဝမ္ဟာ စစ္ေရးလႈပ္ရွားမႈမ်ားစြာကို လုပ္ေဆာင္ေနၿပီး တိုင္းျပည္ကာကြယ္ဖို႔အတြက္ အသင့္အေနအထားျဖစ္ေအာင္ လုပ္ေဆာင္ေနပါတယ္။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *