ထိုင်ဝမ်၏ Ironman လို့ခေါ်တဲ့ စစ်သည်များအတွက် Exoskeleton ဝတ်စုံသစ် အကြောင်း

Military Tech

စစ်ဘက်ဆိုင်ရာ စူပါ ဝတ်စုံ

ထိုင်ဝမ်နိုင်ငံဟာ ၎င်း၏ စစ်သားများကို လျင်မြန်စွာ ပြေးနိုင်ပြီး လေးလံသည့် ပစ္စည်းများကို အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် ဘတ္ထရီ ပါဝါသုံး exoskeleton ခေါ် အင်အားပံ့ပိုး ဝတ်စုံကို ဖန်တီးထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒီ ဝတ်စုံဟာ ပထမမျိုးဆက် ဖြစ်ပြီး National Chung-Shan Institute of Science and Technology မှ ထုတ်လုပ်ပေးထားတာ ဖြစ်တယ်လို့ တောင်တရုတ်မနက်ခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်.

အဆိုပါ ဝတ်စုံဟာ ဘတ်ဂျက် ဒေါ်လာ ၅.၇၄ သန်းရှိသည့် လေးနှစ် စီမံကိန်းမှ မပြောပလောက်သည့် အစိတ်အပိုင်း တခု ဖြစ်ပြီး “ထိုင်ဝမ်၏ Ironman စီမံကိန်း”လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

ဒီဝတ်စုံ၏ ရည်မှန်းချက်မှာ ထိုင်ဝမ် စစ်သားများ၏ ခန္ဓာကိုယ် အောက်ပိုင်းတွင် exoskeleton များဖြင့် ခွန်အားနှင့် ခံနိုင်ရည် ကို မြှင့်တင်နိုင်ရန် ဖြစ်ပါတယ်။

“လေးလံသော ပစ္စည်းများကို သယ်ဆောင်ရာတွင် စစ်သားများ၏ ပင်ပန်း နွမ်းနယ်မှု ဖြစ်စဉ်ကို လျှော့ချနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်တွင် စစ်တပ်အတွက် စွမ်းအင်ပေး ဝတ်စုံတခုကို တီထွင်ခဲ့တာ ဖြစ်တယ်”

Photo courtesy of the Taiwan Ministry of National Defense

လို့ စီမံကိန်း၏ အကြီးအကဲတယောက်ဖြစ်သည့် Jen Kuo-kuang မှ သတင်းစာ ရှင်းလင်းပွဲ တခုတွင် မှတ်ချက်များ ပြေားကြားခဲ့ကြောင်းကို တရုတ်နိုင်ငံပိုင် တောင်တရုတ်မနက်ခင်း သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဝတ်စုံ၏ စူပါ စွမ်းအား

အဆိုပါ ဝတ်စုံဟာ ခြေထောက်နှင့် တင်ပါး အဆစ်များပေါ်ရှိ ဖိအားများကို လျှော့ချပေးနိုင်တာ ဝတ်ဆင်သူကို ပိုမို လေးလံသည့် အရာများကို သယ်ဆောင်ပြီး တနာရီလျှင် ၄ မိုင် အမြန်နှုန်းအထိ သွားလာနိုင်စေမှာ ဖြစ်တယ်လို့ Jen မှ သတင်းထောက်များကို ပြောပြခဲ့ပါတယ်။

“ဒီဝတ်စုံများကို စစ်မြေပြင် စစ်ဆင်ရေးနှင့် လက်နက်ခဲယမ်းများ၊ အကြီးစား လက်နက်များ သယ်ယူသွားလာရာတွင် အသုံးပြုနိုင်ပြီး စစ်ပွဲကာလနှင့် စစ်ပွဲအပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စစ်သည်များ၏ ရွေ့လျားနိုင်မှု နှင့် ထိရောက်မှုတို့ကို တိုးမြှင့်နိုင်မှာ ဖြစ်တယ်” လို့ Jen က ကွန်ဖရန့်တွင် ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ လက်ရှိတွင် ဝတ်စုံ၏ ဒုတိယမြောက် ဗားရှင်း 2.0 ကို တီထွင်ဖို့ စီစဉ်နေပြီး အသုံးပြုသည့် စစ်သည်များအနေဖြင့် အလေးချိန် ပေါင် ၂၂၀ အထိ သယ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

Jean မှ ဆက်လက်ပြီး ဒီ ဝတ်စုံဟာ စစ်မြေပြင်တွင် ဒဏ်ရာရသူများကို ကူညီ သယ်ပိုးရာမှာလည်း အများကြီး အထောက်ကူ ပြုမယ်လို့ ပြောပြခဲ့ပါတယ်။

Photo courtesy of the Taiwan Ministry of National Defense

Exoskeleton များ၏ စစ်ပွဲ

ဒီအရာအားလုံးဟာ တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့အကြား တင်းမာမှုများ မြင့်တက်လာခြင်း၏ နောက်ကွယ်မှ ထွက်ပေါ်လာတာဖြစ်ပြီး တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ၎င်း၏ ပိုင်နက်အဖြစ် ရှုမြင်နေဆဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အတွက် အမေရိကန်က တရားဝင် တောင်းဆို ထားသော်လည်း တရုတ်ဟာ ယခုလ အစောပိုင်းတွင် ထိုင်ဝမ် လေပိုင်နက်အတွင်းသို့ စစ်လေယာဉ် အများအပြား စေလွှတ်ခဲ့ပါသေးတယ်။

ယခုနှစ် အစောပိုင်းမှာ တရုတ်ပြည်သူ့ လွှတ်မြောက်ရေး တပ်မှ ၎င်း၏ စစ်သည်များအတွက် ထိုင်ဝမ်မှ Exoskeleton ဝတ်စုံများနည်းတူ ဝတ်စုံကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ဟုတ်ပါတယ်။

Exoskeleton များကို ဝတ်ဆင်ထားသည့် စစ်သည်များဖြင့် တင်းမာနေသည့် နှစ်နိုင်ငံအကြား စစ်ပွဲများ ဖြစ်ပွားခြင်းဟာ အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.