Inception ရုပ်ရှင်မှာဆိုရင် လီယိုနာဒို ဒီကာပရီယိုက ၎င်းတို့နှင့် အပြန်အလှန် တုံ့ပြန်ဖို့နှင့် ၎င်းတို့ရဲ့ မသိစိတ်မှ လျှို့ဝှက်ချက်များကို ခိုးယူဖို့ အခြားသူများရဲ့ အိပ်မက်ထဲသို့ ဝင်ရောက်ခဲ့ပါတယ်။
ယခုဆိုရင် အဆိုပါ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းဟာ လက်တွေ့ဘဝနှင့် ပိုမိုနီးကပ်လာပါပြီ။
ပထမအကြိမ်၊ သုတေသီများက အိပ်မက်မက်နေမှန်း သတိပြုမိသော အိပ်မက်မက်သူများကို ဆန်းသစ်သော မေးခွန်းများနှင့် သင်္ချာပုစ္ဆာများပါ၀င်သော “စကားဝိုင်းများ” ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဓာတ်ခွဲခန်း လေးခုနှင့် ပါဝင်သူ ၃၆ ဦးတို့မှ တွေ့ရှိချက်များအရ လူတွေဟာ အိပ်ပျော်နေစဥ် အတွင်း ရှုပ်ထွေးတဲ့ ပြင်ပ အ ချက် အလက်များကို လက်ခံနိုင်ပြီး လုပ်ဆောင်နိုင်တယ်ဟု အကြံပြုထားပါတယ်။
“ဒီသုတေသနဟာ အိပ်စက်ခြင်းရဲ့ အခြေခံ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို စိန်ခေါ်နေတာ ဖြစ်တယ် ” ဟု အိပ်စက်ခြင်းနှင့် အိပ် မက်များကို လေ့လာနေသည့် Wisconsin တက္ကသိုလ်မှ အသိဥာဏ်ဆိုင်ရာ အာရုံကြောသိပ္ပံပညာရှင် Benjamin Baird က ပြောကြားခဲ့ပါတယ်။
အိပ်စက်နေစဥ်အတွင်း ဦးနှောက်မှ ပြင်ပကမ္ဘာကို သတိမပြုမိသည့် အခြေအနေ တစ်ခုအဖြစ် အဆက်ပြတ်ပေးပို့နေတယ်ဟု ဆိုပါတယ်။
Lucid Dreaming ရဲ့ ယူဆချက်တွေကို ဘီစီလေးရာစုတုန်းက ဂရိဒဿနပညာရှင် Aristotle ရဲ့ရေးသားချက်များအပေါ် ပထမဆုံး ဖော်ပြချက်တစ်ခုရရှိခဲ့တာ ဖြစ်ပါတယ်။
အိပ်မက်အများစုက အိပ်ချိန်ရဲ့လျင်မြန်သောမျက်လုံးလှုပ်ရှားမှု (REM) အဆင့်နှင့်ပတ်သက်နေတာကို ၁၉၇၀ ခုနှစ်များကတည်းက သိပ္ပံပညာရှင်များ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လူနှစ်ဦးလျှင် တစ်ဦးဟာ အနည်းဆုံး ကြည်လင်ပြတ်သားတဲ့ အိပ်မက်တစ်ခု သို့မဟုတ် Lucid Dreaming ရှိကြပြီး လူတွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်က တစ်လလျှင် တစ်ကြိမ် သို့မဟုတ် ထိုထက်ပို၍ ခံစားရလေ့ရှိပါတယ်။
အဆိုပါ ဖြစ်ရပ်တွေက ရှားပါးသော်လည်း အချို့သော ကဏ္ဍများကိုပင် လေ့ကျင့်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။
အချို့သော လေ့လာမှုများက လူတို့ရဲ့ အိပ်မက်ထဲသို့ ဝင်ရောက်ဖို့ မီးရောင်များ၊ တုန်လှုပ်မှုများနှင့် အသံများကဲ့သို့သော လှုံ့ ဆော်မှုများအား အသုံးပြု၍ တောက်ပသော အိပ်မက်မက်သူများနှင့် ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နှင့် အမေရိကန်ရှိ လွတ်လပ်သောအဖွဲ့လေးဖွဲ့ဟာ အိပ်မက်မက်နေချိန်မှာ ပြသမည့် အရိပ် အ ယောင် အနေနဲ့ အသံများ၊ မီးရောင်များကို သရုပ်ပြခြင်းဖြင့် အိပ်မက် မက်သည့် အခါ သတိပြုမိစေဖို့ ဦးစွာ လေ့ကျင့်သင်ကြားပေးပါတယ်။
စိတ်ကူးကတော့ အဲဒီအချက်တွေက ပါဝင်သူတွေကို သူတို့အိပ်မက်မက်နေတယ်လို့ အချက်ပြမှာ ဖြစ်ပါတယ်။
တစ်ရေးတစ်မောအိပ်စက်ခြင်းများကို မတူညီသော အချိန်များတွင် စီစဉ်ထားကာ အချို့သောသူများကို ညဘက်တွင် ပုံမှန်အိပ်ရာဝင်စေပြီး အချို့မှာ နံနက်စောစော ဖြစ်ပါတယ်။
ဓာတ်ခွဲခန်းတစ်ခုစီတိုင်းမှာ စကားပြောမေးခွန်းများမှ မှိတ်တုတ်မှိတ်တုတ်မီးများအထိ အိပ်စက်နေသူနှင့် ဆက်သွယ်ဖို့ မတူညီတဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။
အိပ်စက်သူများက ၎င်းတို့အနေနဲ့ ကြည်လင်သောအိပ်မက်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း အချက်ပြပြီးနောက် ၎င်းတို့ရဲ့ မျက် လုံးများကို ဘယ်ဘက်သို့ သုံးကြိမ်ရွှေ့ခြင်းဖြင့် မေးခွန်းများဖြေဆိုဖို့ အမိန့်ပေးခဲ့ပါတယ်။
သိပ္ပံပညာရှင်များက ပါဝင်သူများ အိပ်ပျော်သွားတဲ့အခါ ၎င်းတို့ရဲ့ ဦးနှောက်လုပ်ဆောင်ချက်၊ မျက်လုံးလှုပ်ရှားမှုနှင့် မျက်နှာကြွက်သားများ ကျုံ့သွားခြင်း၊ REM အိပ်စက်ခြင်းရဲ့ သာမာန်ညွှန်းကိန်းများ၊ လျှပ်ကူးပစ္စည်းထုပ်ဆောင်းထားသည့် အီလက်ထရွန်းနစ်ဦးထုပ်များနှင့် အတူ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
စုစုပေါင်း အိပ်စက်ခြင်း ၅၇ ကြိမ်တွင် ခြောက်ဦးဟာ ကြည်လင်ပြတ်သားစွာ အိပ်မက်မက်နေကြောင်း အချက်ပြခဲ့ပါတယ်။
သုတေသီများက အိမ်မက်မက်သူများကို မေးခွန်းများ မေးခဲ့ကြပြီး ၃.၂ ရာခိုင်နှုန်း ကိုသာ မှားယွင်းသော အဖြေပေးခဲ့ပါတယ်။
မေးခွန်းပေါင်းများစွာပြီးနောက် အိပ်မက်မက်သူများ နိုးလာပြီး ၎င်းတို့ရဲ့အိပ်မက်များကို ဖော်ပြဖို့ တောင်းဆိုခဲ့ကြပါတယ်။
အချို့သောမေးခွန်းများကိုသာ အိပ်မက်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်မိကြပါတယ်။
အိပ်မက်သမားတစ်ယောက်က ကားရေဒီယိုမှ သင်္ချာပုစ္ဆာများကို သတင်းပို့တယ်ဟု ဆိုပြီး နောက်တစ်ယောက်ကတော့ သူ့အိပ်မက်ဟာ ရုပ်ရှင်ထဲက ဇာတ်ကြောင်းပြောသလို ပါတီပွဲတစ်ခုမှာ စပိန်စကားတတ်လားလို့ လူတစ်ဦးက မေးနေခဲ့တယ်ဟု ဆိုပါတယ်။
Northwestern University မှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Karen Konkoly က စမ်းသပ်ချက်ဟာ အိပ်မက်များကို လေ့လာဖို့ ပိုမိုကောင်းမွန်သော နည်းလမ်းကို ပေးစွမ်းနေတယ်ဟု ဆိုပါတယ်။
Konkoly က ဒီနည်းပညာကို အနာဂတ်ကုထုံးမှာ လူတွေရဲ့အိပ်မက်တွေကို လွှမ်းမိုးနိုင်စေဖို့အတွက် စိတ်ဒဏ်ရာ၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
သုတေသီတွေက အိပ်စက်ခြင်း “စကားဝိုင်းများ” က အိပ်မက်မက်သူအနေနဲ့ ပြဿနာများကို ဖြေရှင်းဖို့၊ ကျွမ်းကျင်မှုအသစ်များကို လေ့လာဖို့ သို့မဟုတ် တီထွင်ဖန်တီးမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများကိုပင် ကူညီပေးနိုင်တယ်ဟု ဆိုပါတယ်။
အိပ်မက်ဆိုတာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပတ်သက်လာရင် အကျိုးကျေးဇူးတွေ အများကြီးရနိုင်တဲ့ ဆက်စပ်မှုရှိတဲ့ အခြေ အ နေ တစ်ခုပဲ ဖြစ်ပါတယ်။
University of Rochester မှ သိမြင်မှုအာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Michelle Carr ကလည်း လေ့လာမှုတွင်ပါဝင်ခြင်းမရှိသော်လည်း အနာဂတ်အသုံးချမှုများအတွက် စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော် အိပ်မက်ထဲမှာ ရောက်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ သတင်းပို့နိုင်မှု စွမ်းရည်က အကန့်အသတ် ရှိတယ်လို့ ဆိုပါတယ်။
သုတေသီတွေက အိပ်မက်များအတွင်း လူတို့ရဲ့အတွေးအမြင်များကို ပြောင်းလဲခြင်းဟာ သိပ္ပံ စိတ်ကူးယဉ် ဆန်နေဆဲ ဖြစ်နေတယ်ဟု ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ၊ စမ်းသပ်မှုများဟာ အိပ်မက်မက်သူများနှင့် ဆက်သွယ်ရာတွင် အရေးကြီးသော ပထမခြေလှမ်းဖြစ်တယ်ဟု ဆိုပါတယ်။
doi:10.1126/science.abh1463
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။