မန်ကျည်းခွံကို စွမ်းအင်သိုလှောင်သည့် ပစ္စည်းများ အဖြစ် ပြောင်းလဲနိုင်မည့် အကြောင်း

Innovation Tech

မန်ကျည်းသီးကို ကမ္ဘာတစ်ဝှမ်းလုံး စားသုံးကြပြီး အစေ့​တွေကတော့ အတောမသတ်နိုင်တဲ့ အလားအလာရှိပါတယ်။

သို့ပေမယ့် မန်ကျည်းသီးကို စားတဲ့အခါ မန်ကျည်းခွံ အစုလိုက်အပြုံကို စွန့်ပစ်လေ့ရှိပြီး ၎င်းတို့ဟာ အမှိုက်ပုံတွေမှာ နေရာ အတော်အတန်ယူကြတာကိုလည်း တွေ့ရပါတယ်။

ယခုအခါ Nanyang Technological University ၊ Singapore (NTU Singapore) မှ ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ မန်ကျည်းခွံများကို carbon nanosheet အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

အဆိုပါ carbon nanosheet တွေဟာ မော်တော်ကားများ၊ ဘတ်စ်ကားများ၊ လျှပ်စစ်ကားများ၊ ရထားများ နှင့် ဓာတ်လှေကားများတွင် အသုံးပြုတဲ့ လျှပ်စစ်စွမ်းအင်ကို သိုလှောင်တဲ့ ကိရိယာတွေအတွက် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

စီမံကိန်းတွင် အနောက် နော်ဝေနိုင်ငံ အသုံးချသိပ္ပံတက္ကသိုလ် နှင့် အိန္ဒိယနိုင်ငံ Alagappa တက္ကသိုလ်မှ သုတေသီများစွာလည်း ပါ၀င် ပါတယ်။

သုတေသီတွေက nanosheets တွေကို အဆင့်မြှင့်လိုက်တဲ့အခါ စက်မှု ကုန်ထုတ်လုပ်သူများအတွက် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေးဖြစ်စေတဲ့ တခြား ရွေးချယ် စရာ တစ်ခု ဖြစ်လာနိုင်ပြီး တစ်ချိန်ထဲမှာဘဲ အမှိုက်များကို လျော့ချနိုင်တယ် ဟုဆိုပါတယ်။

သုတေသီတွေက အစားအစာလုပ်ငန်းတွေက ရရှိလာတဲ့ မန်ကျည်းခွံတွေကို ပထမဆုံးအနေနဲ့ ဆေးကြောပြီး 100°C တွင် ခြောက်နာရီခန့် အခြောက်ခံပြီးမှ အမှုန့်ကြိတ်ပါတယ်။

သူတို့က ရရှိလာတဲ့ အမှုန့်တွေကို အောက်စီဂျင်မရှိတဲ့ 700-900°C ရှိတဲ့ မီးဖိုမှာ မိနစ် ၁၅၀ ကြာ မီးဖုတ်ကြရပါတယ်။

ထို့နောက်မှာတော့ nanosheet လို့ခေါ်တဲ့ အလွန်ပါးလွှာတဲ့ carbon sheet တွေရရှိအောင် ပြောင်းလဲခဲ့​ကြပါတယ်။

မန်ကျည်းခွံ​တွေက ကာဗွန်ဓာတ်ကြွယ်ဝပြီး ဖွဲ့စည်းတည်ဆောက်ပုံမှာ စိမ့်၀င်နိုင်တဲ့အတွက် ၎င်းတို့ဟာ carbon nanosheet များ ထုတ် လုပ်ဖို့ စံပြပစ္စည်းများ ဖြစ်နေပါတယ်။

စိမ့်ဝင်နိုင်မှုကြောင့် nanosheets များတွင် ကာဗွန်မျက်နှာပြင် ဧရိယာကိုတိုးစေပြီး လျှပ်စစ်ဓာတ် ပမာဏများစွာကို သိုလှောင်နိုင်စေပါတယ်။

ထပ်လောင်းပြောဆိုရမယ်ဆိုရင် မန်ကျည်းခွံတွေကနေ ထုတ်လုပ်ထားတဲ့ nanosheets များဟာ အပူအအေး မျှတမှု နှင့် လျှပ်စစ်စီးကူးမှု တို့ကို ပြသခဲ့ပြီး ၎င်းတို့ဟာ စွမ်းအင်သိုလှောင်မှုအတွက် အလားအလာ ကောင်းတဲ့ ရွေးချယ်မှုတွေကို ဖြစ်စေပါတယ်။

သု​တေသီတွေဟာ ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို လျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင် နဲ့ သဟဇာတဖြစ်စေရန် ပြုလုပ်ခြင်း နှင့် nanosheets တွေရဲ့ လျှပ်စစ်ဓာတု ဂုဏ်သတ္တိများ တိုးတက်ရေး စသည်တို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

သုတေသီတွေဟာ စိုက်ပျိုးရေး မိတ်ဖက်များ နှင့် carbon nanosheet တွေကို ပိုမို ကြီးမား ကျယ်ပြန့်အောင် ထုတ်လုပ်နိုင်ဖို့ အကောင် အ ထည်ဖော်နိုင်ရန်လည်း မျှော်လင့်နေကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.