Photo Credit: LifeScience

အသက်အပြင်းဆုံး သက်ရှိဖြစ်တဲ့ ရေဝက်ဝံ လို့ခေါ်တဲ့ Tardigrades အကြောင်း ၅ ချက်

Nature Science

သက်ရှိများအကြားမှာ အဏုကြည့်နိုင်တဲ့ ရေဝက်ဝံလေးတွေဟာ မပျက်စီးနိုင်ဘဲ နီးနီးကပ်ကပ် တည်ရှိနေကြပါတယ်။

တစ်ချို့က ကျောရိုးရှိရေသတ္တဝါ ”ရေဝက်ဝံ” ဟုခေါ်ကြသည်မှာ အဏုကြည့်မှန်အောက်တွင် ခြေရှစ်ချောင်း ပန်ဒါနဲ့ တူခြင်းကြောင့်ဖြစ်ပါတယ်။ ဒီ သတ္တဝါလေးတွေဟာ အလွန်ကို ခံနိုင်ရည်ရှိတဲ့အတွက် နာမည်ကြီးပါတယ်။

Tardigrades (ရေဝက်ဝံ) မျိုးစိတ်ပေါင်း ၁၃၀၀ ကျော်ရှိပြီး သူတို့ရဲ့ ခံနိုင်ရည်ရှိတဲ့ အဓိက သော့ချက်က cryptobiosis လို့ခေါ်တဲ့ ဆိုးရွားတဲ့ အခြေအနေများကို ပြန်လည် တုံ့ပြန်ရာတွင် မလှုပ်မယှက်နိုင်တဲ့ အခြေအနေ ရှိ​ခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။

မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ သေးငယ်တဲ့ ပိုးမွှားတွေထဲမှာ Tardigrades (ရေဝက်ဝံ) မျိုးစိတ် တစ်ခုထဲ ကာကွယ်နိုင်တာမဟုတ်ပါဘူး။

nematodes မျိုးစိတ်လေးတွေကလဲ ဆိုးရွားတဲ့ အခြေအနေတွေမှာ မိမိကိုယ်ကို ကာကွယ်တဲ့ နေရာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာ တွေ့ရ ပါတယ်။

ဆိုးရွားတဲ့အခြေအနေအောက်မှာဆိုရင် ရေဝက်ဝံလေးတွေဟာ ၎င်းတို့ရဲ့ ဆဲလ်တွေက ရေအားလုံးနီးပါးကို ထုတ်ပစ်လိုက်ပြီး ”ဖျက်ဆီးလို့မရတဲ့ အလုံးလေးတွေ ” အဖြစ် ပြောင်းလဲနိုင်တာကို တွေ့ရပါတယ်။

ဒီလိုပုံစံနဲ့ ရေဝက်ဝံလေးတွေဟာ တခြား သက်ရှိတွေရဲ့ ချေဖျက်နိုင်တဲ့ ပတ်ဝန်းကျင် အ​ခြေအနေတွေကို ခံနိုင်ရည်ရှိခြင်းဘဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်များရဲ့တိုင်းတာမှုအရ Tardigrades (ရေဝက်ဝံ) လေးတွေဟာ ဆူပွတ်​ခြင်း ၊ အေးခဲခြင်း၊ အခြောက်ခံခြင်း၊ အ ရည် တွေထဲ နှစ်မြှုပ်ခြင်း၊ကြေမွစေတဲ့ ပြင်းထန်ဖိအားတွေ နဲ့ ဓာတ်ရောင်ခြည် စတဲ့ အခြေအနေကို ခံနိုင်ရည်ရှိတာ တွေ့ရပါတယ်။

Nature Communications ဂျာနယ်တွင် နောက်ဆုံးသုတေသနမှာ ဂျပန်သိပ္ပံပညာရှင်များဟာ Tardigrates (ရေဝက်ဝံ) ၏ မျိုးရိုးဗီဇတွင် ဓာတ်ရောင်ခြည် ခုခံနိုင်စွမ်းကို ပေးနိုင်သော ပရိုတိန်းဓာတ် ကိုတွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

Photo Credit: LifeScience

Tardigrades (ရေဝက်ဝံ) ရဲ့ထူးခြားသော ရှင်သန်နိုင်မှုစွမ်းရည်တွေကြောင့် ၎င်းဟာ လူသားတွေအတွက် ဖြစ်နိုင်သောဆေးဘက်ဆိုင်ရာ နှင့် အာကာသ ခရီးသွားလာမှုဆိုင်ရာတို့အတွက် အကျိုးသက်ရောက်မှု ရှိကြောင်း အံ့မခန်းတွေ့ရှိခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ဟာ ရေဝက်ဝံ​လေးတွေရဲ့ စွမ်း​ဆောင်​နိုင်တဲ့ အရည်အချင်း (၅) မျိုးကို တွေ့နိုင်ပါတယ်။

(၁) Tardigrates(ရေဝက်ဝံ) တွေဟာ အာကာသဝတ်စုံ မလိုအပ်ပါဘူး

၂၀၀၇ ခုနှစ်တွင် သိပ္ပံပညာရှင်များက ရေဝက်ဝံများကိုအကာအကွယ်မပါစေဘဲ အာကာသထဲသို့ ၁၂ ရက်ကြာစေလွှတ်ခဲ့ပါတယ်။

သက်ရှိအားလုံးနီးပါးဟာ လေဟာနယ် နဲ့ ဓာတ်ရောင်ခြည်တွေကနေ လွတ်မြောက် ရှင်သန်ခဲ့တာ တွေ့ရပါတယ်။

တစ်ချို့လည်း အိုဇုန်းဓာတ်ရောင်ခြည်ကနေ လွတ်မြောက်တာတွေ့ရပါတယ်။

BBC သတင်းဌာန မှ Jasmin Fox-Skelly ၏ အဆိုအရ ကျွန်မတို့အ​​နေဖြင့် ဒီလိုအရာမျိုးကို စမ်းကြည့်ပါက ကျွန်မတို့ဆဲလ်များထဲမှ DNA ကိုပျက်စီးစေလိမ့်မယ် ဟု ပြောကြားခဲ့ပါတယ်။

လေဟာနယ် နှင့် ဓာတ်ရောင်ခြည် တိုက်ရိုက် ထိတွေ့မှုကနေ အခြား မည်သည့် တိရစ္ဆာန်မှ မရှင်သန်နိုင်ပါဘူး။ ရေဝက်ဝံလေးတွေကတော့ အသက်ရှင်ရုံတင်မကပါဘူး။

ဥတွေတောင်ဥချနိုင်ခဲ့ပြီး ကမ္ဘာမြေပေါ်ကို ကျန်းမာသန်စွမ်းတဲ့ မွေးကင်းစ အကောင်ပေါက်လေးတွေနဲ့ အတူ ပြန်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။

(၂) Tardigrates (ရေဝက်ဝံ) လေးတွေက ဖန်သားပုံစံ ခဏပြောင်းနိုင်တာကို တွေ့ရပါတယ်

ရေဝက်ဝံလေးတွေဟာ ရေမှာနေထိုင်ကြပါတယ်၊ တချို့ပင်လယ်တွေ နဲ့ ရေညှိပင် ၊ ရေညှိတက်တဲ့နေရာ ကဲ့သို့ စိုထိုင်းသောမြေတွေမှာ တွေ့ရများပါတယ်။

မိုးခေါင်ခြင်းဟာ သူတို့လေးတွေ အတွက် အဓိက ပြသနာ ဖြစ်ပြီး အသက်ရှင် နေထိုင်ဖို့ အတွက် ရေဝက်ဝံလေးတွေဟာ ပုံ ဆောင်ခဲပုံစံဖြင့် ပြသာနာကို ဖြေရှင်းတာတွေ့ရပါတယ်။

အ​ခြေခံအားဖြင့် ရေဝက်ဝံတွေဟာ အစိုဓာတ် ခမ်း​ခြောက်ခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါတယ်။

၎င်းအန္တရာယ် ကိုကာကွယ်ဖို့ ရေဝက်ဝံတွေဟာ ကြိုတင် အခြောက်ခံထားပြီး ၎င်းတို့ကို အနာတရ ဖြစ်မှု ဒဏ်ကနေ ကာကွယ်ပေးတဲ့ cryptobiosis ကိုဖြစ်စေပါတယ်။

သိပ္ပံ စာတမ်းများမှ ”ဒါဟာ အစိုဓာတ် ကုန်ခမ်းခြင်း မဖြစ်စေရန် ကာကွယ်ပေးတဲ့ အ​ခြေအနေ ဖြစ်တယ်” ဟု ရှင်းပြထား ပါတယ်။

၎င်းဟာ “ အစိုဓာတ်ပြန်လည်အသက်ဝင်သည်အထိ မရှိမဖြစ်လိုအပ်သော ပရိုတင်းများ နှင့် မော်လီကျူးများကို အတူတကွထိန်းထားရန် လိုအပ်တဲ့ အထူးဇီဝဖန်သားတစ်မျိုး” ကိုလည်းထုတ်လုပ်ပေးပါတယ်။

ရေနဲ့ပြန်လည်ထိတွေ့တဲ့အခါ ဖန်သားဟာ အရည်ပျော်သွားပီး ရေဝက်ဝံလေးတွေကို ပြန်လည် ရှင်သန်လာစေပါတယ်။

သိပ္ပံပညာရှင်တွေက ၂၀၁၅ခုနှစ်မှာမှ ဖန်သားပုံစံတွေ ဖုံးထားတဲ့ Tardigrates (ရေဝက်ဝံ) မျိုးရိုးဗီဇကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

(၃) Tardigrates (ရေဝက်ဝံ) တွေဟာ အပူချိန် absolute Zero ရဲ့ အစွန်းထိ ခံနိုင်ရည်ရှိပါတယ်

သိပ္ပံပညာရှင်တွေဟာ ဆယ်စုနှစ်ကြာ အေးခဲနေတာကြာပြီဖြစ်တဲ့ ရေဝက်ဝံလေးတွေကို လေ့လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မေလတွင် သုတေသီများဟာ ၁၉၈၃ ခုနှစ်ထဲက ​ရေခဲသေတ္တာထဲတွင် ထဲ့ထားသော tardigrades များကို သန့်စင်စေခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ထက်မနည်း အပူချိန် -4° F (-20°C) တွင်သိုလှောင်ထားပြီးနောက် Tardigrades နှစ်ကောင်ဟာ အသက်ပြန်ရှင်လာခဲ့ပါတယ်။

ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ တစ်ကောင် သေဆုံးခဲ့ပြီး အခြားတကောင်ဟာ အအေးခံပြီး နောက်တစ်လနှင့်တစ်လခွဲခန့်တွင် ဥများကို စတင် ဥလာတာကို တွေ့ရပါတယ်။

Photo Credit: LifeScience

Tardigrades (ရေဝက်ဝံ) လေးတွေဟာ ဒီထက်ပိုအေးတဲ့နေရာတွေမှာလဲ ရှင်သန်နိုင်ခဲ့ပါတယ်။

BBC ရဲ့ ၁၉၂၀ ပြည့်လွန်နှစ်များအတွင်းစမ်းသပ်မှု အစီအရင်ခံစာအရ ရေဝက်ဝံလေးတွေကို အပူချိန် -328° F (-164° C) ရှိတဲ့ ​လေအရည်​​တွင် ၂၁ လ ၊ -423.4° F (-217.4° C) ရှိတဲ့ နိုက်ထရိုဂျင်အရည်တွင် ၂၆ နာရီ ၊ -457.6° F (-236.4° C) absolute zero အထက် 2° F ဟီလီယမ်အရည်ထဲတွင် ၈နာရီအကြာ စမ်းသပ်ခဲ့ရာ အသက်ရှင်နေနိုင်တာကို တွေ့ရပါတယ်။

-459.67° F (-273.75° C) သို့မဟုတ် absolute zero ရောက်ချိန်မှာ ​မော်လီကျူးရွေ့လျားမှုတွေဟာ ရပ်တန့်သွားပါတယ်။ ရေဝက်ဝံလေးတွေဟာ ၎င်း အခြေအနေမှာတောင် အသက်ရှင်နေထိုင်နိုင်တာကို တွေ့ရပါတယ်။

(၄)ပွက်ပွက်ဆူနေတဲ့ရေဟာလဲ Tardigrates (ရေဝက်ဝံ)လေးတွေအတွက် အဆင်ပြေပါတယ်

၁၉၂၀ပြည့်နှစ် အပူချိန်စမ်းသပ်ချက်များအရ ရေဝက်ဝံလေးတွေဟာ 304°F (151° C) အထိဆူပွတ်နေတဲ့​ရေထဲမှာတောင် ကောင်းကောင်းကျော်ဖြတ်နိုင်ပါတယ်။ ကိုးကားချက်အရ ရေဆူမှတ်မှာ 212°F (100°C) ရှိပါတယ်။

နောက်ထပ် အပူဒဏ်ကို ခံနိုင်ရည်အရှိဆုံး သက်ရှိ​အနေနဲ့ ကျွန်ုပ်တို့သိသလောက်တော့ 252° F (122° C) တွင်အလုပ်လုပ်နိုင်တဲ့ ဘက်တီးရီးယားတစ်ကောင်ဘဲ ရှိပါတယ်။

BBC က fox – shelly ရေးသားထားတာက အပူချိန် 304°F မှာဆိုရင် ” ပရိုတိန်းတွေ နဲ့ ဆဲလ် အမှေးပါးလေးတွေဟာ ပြိုကွဲသွားပြီး အသက်ရှင်စေနိုင်တဲ့ ဓာတုတုံ့ပြန်မှုများကလဲ ရပ်တန့်သွားတာ တွေ့ရပါတယ်။

ဒီလိုအ​ခြေအနေတွေကို Tardigrates (ရေဝက်ဝံ)လေးတွေကလွဲလို့ တခြားသက်ရှိများ မပြုလုပ်နိုင်ပါဘူး။

(၅) Tardigrates (ရေဝက်ဝံ)လေးတွေက လူသားတွေကို ကယ်တင်နိုင်ပါတယ်

ကမ္ဘာပေါ်မှာ ပျက်ဆီးမလွယ်နိုင်ဆုံး ရေဝက်ဝံလေးတွေဟာ လက်ရှိလူသားတွေကျွမ်းကျင်မှုမရှိတဲ့ ရှင်သန်နေထိုင်နိုင်တဲ့ စွမ်းရည် ရဲ့ အဓိက သော့ချက်ကို ဆုပ်ကိုင်ထားကြပါတယ်။

ဒီစွမ်းရည်ကိုတွေကို လူသားတွေ အနေနဲ့ လေ့လာ ဆည်းပူး နိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ရေဝက်ဝံလေးတွေက ဓာတ်ရောင်ခြည် ဒဏ်ခံနိုင်ရည်ရှိတဲ့ ပရိုတိန်း အကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

သုတေသီတွေနောက်ထပ်ခြေတစ်လှမ်းသာတာက ဒီ ပရိုတိန်းတွေကို လူသားတွေ​ ​ထိန်းချုပ်ထားတဲ့ အ​ခြေအနေ အောက်မှာ ကြီးထွားနိုင်တဲ့ ဆဲလ်(cultured cells) တွေထဲကို ထိုးသွင်းခဲ့ကြတာဘဲ ဖြစ်ပါတယ်။

ရေဝက်ဝံလေးတွေရဲ့ ပရိုတိန်းကို ဖြည့်စွက်ခြင်းဟာ cultured cell များတွင် လူသား DNA ၏ ဓာတ်ရောင်ခြည်ကို ခံနိုင်ရည် ရှိမှုဟာ ၄၀ ရာခိုင် နှုန်းခန့် မြင့်တက်လာတာကို တွေ့ရပါတယ်။

သိပ္ပံပညာရှင်များက ဦးဆောင်စာရေးဆရာ Takuma Hashimotoရဲ့ အေအက်ဖ်ပီ သို့ပြောကြားခဲ့သည်မှာ ပရိုတိန်းဓာတ် တမျိုး တည်းကသာ လူ့ဆဲလ်များ အပေါ်ကြီးမားတဲ့ အကျိုး သက်ရောက်မှု ရှိတဲ့ အတွက် အမှန်တကယ် အံ့သြမိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီရေဝက်ဝံလေးတွေဟာ ကျွန်ုပ်တို့ကို တနေ့နေ့တွင် အင်္ဂါဂြိုဟ်သို့ရောက်ရန် လိုအပ်​နေတဲ့ ဓာတ်ရောင်ခြည် ထိတွေ့မှုက​နေ ရှင်သန်​စေပါလိမ့်မည်။

နောက်တစ်ချိန်မှာ ကျွနိုပ်တို့ဟာ cryonics အကြောင်းနားလည်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကောက်ပဲသီးနှံများကို တိုးတက်တီထွင်နိုင်ပါလိမ့်မယ်။ ဒါဟာ ကျွနိုပ်တို့ကို အငတ်ဘေးက ကင်းဝေးစေပါလိမ့်မယ်။

ရေဝက်ဝံလေးတွေက ကျွနိုပ်တို့ကို အသက်ရှည်စေမှာမဟုတ်ပါဘူး၊ သို့သော်လည်း အခွင့်အရေးရတဲ့အခါ သူတို့လေးတွေရဲ့ စွမ်းဆောင်ရည်တွေကို အတုခိုးယူပီး အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 31/8/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *