ငါးမန်း အရေပြားကို အခြေခံတဲ့ လေယာဉ်ဆီချွေတာရေး နည်းပညာသစ်

Innovation Tech

SWISS ဟာဆိုရင် ၎င်းရဲ့ ခရီးသည် ဝန်ဆောင်မှုတွေမှာ ဆန်းသစ်သော AeroShark နည်းပညာကို အသုံးပြုသည့် ကမ္ဘာ့ ပထ မဆုံး လေကြောင်းလိုင်း ဖြစ်လာခဲ့ပါတယ်။

၎င်းရဲ့ လေယာဉ်ကိုယ်ထည်နှင့် အင်ဂျင်များတွင် အသုံးပြုထားသည့် ဖောက်ထွင်းမြင်ရသော AeroSHARK ဖလင်ဟာ လေခွင်းအား ဆွဲယူမှုကို လျှော့ချဖို့ ငါးမန်းရဲ့ အရေပြားကို တုပထားသဖြင့် ပျံသန်းမှုတွင် လောင်စာဆီ သုံးစွဲမှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းစေပါတယ်။

ငါးမန်းအရေပြားကို တုပထားတဲ့ နည်းပညာကို အသုံးပြုခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ခရီးဝေး လေယာဉ်များဟာ တစ်နှစ်လျှင် ရေနံဆီ မက်ထရစ်တန် ငါးသန်းနီးပါးကို လျော့ကျစေပါတယ်။

သုတေသီတွေက AeroSHARK ဟာ ငါးမန်းအရေခွံကို အောင်မြင်စွာ တုပနိုင်ခဲ့ပြီး လောင်စာဆီ သိသိသာသာ ချွေတာနိုင်စေမည့် တာရှည်ခံ ဇီဝ အသုံးချမှု တစ်ခု ဖြစ်ပါတယ်။

Image: Courtesy of SWISS

၎င်းဟာ ငါးမန်းများရဲ့ အရေပြားကို ပုံတူပွားထားတာဖြစ်ပြီး လေယာဉ်ရဲ့လေခွင်းအားကို အသုံးချသည့်နေရာတိုင်းတွင် ဆွဲငင်မှုကို လျှော့ချပေးပါတယ်။

ဒါ့အပြင် Boeing 747-400 ရဲ့အောက်ပိုင်းကိုယ်ထည်နှင့် ဝမ်းဗိုက်အထိ ကျယ်ဝန်းသော လုပ်ငန်းသုံး လေယာဉ်ကြီးများတွင်ပင် အလွယ်တကူ အသုံးချနိုင်ပါတယ်။

၎င်းဟာ အလွန်ခံနိုင်ရည်ရှိပြီး ကြီးမားသော အပူချိန်ပြောင်းလဲမှုများ၊ ဖိအားကွဲပြားမှုများနှင့် မြင့်မားသော အမြင့်များတွင်လည်း ခရမ်းလွန် ရောင်ခြည်ကို ခံနိုင်ရည်ရှိပါတယ်။

AeroSHARK ကို Lufthansa Cargo ရဲ့ Boeing 777F ကုန်တင် လေယာဥ် တစ်ခုလုံးတွင် စတင် တပ်ဆင်မည် ဖြစ်ပြီး လေ ယာဉ်ကို ပိုမို ချွေတာ နိုင်စေသည့် အပြင် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့နည်း စေဖို့ အတွက် ရည်ရွယ်ထားတယ် ဟု သိရပါတယ်။

Image: Courtesy of SWISS

၎င်းတပ်ဆင်ထားမှုဟာ နှစ်စဉ် စုဆောင်းထားသော ရေနံဆီ မက်ထရစ်တန် ၃၇၀၀ နှင့် ညီမျှသော လေယဉ် ၁၀ စင်းလုံး အ တွက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု မက်ထရစ်တန်ချိန် ၁၁,၇၀၀ အောက်သာ ရှိကာ ဖရန့်ဖတ်မှ ရှန်ဟိုင်းသို့ တစ်စီးချင်း ကုန်စည် ခရီးစဉ် ၄၈ ကြိမ်နှင့် ညီမျှပါတယ်။

AeroSHARK နည်းပညာအသစ်ကို အသုံးပြုခြင်းဟာ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် ကြီးမားသောကြိုးပမ်းမှုရဲ့ အရေးကြီးသော ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်။

နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုမှုကို မြှင့်တင်ဖို့အတွက် ဆက်လက်တီထွင်မှုတွေ လုပ်ဆောင်မည်ဟုလည်း သိရပါတယ်။

သုတေသီတွေက ၂၀၁၉ တုန်းက အသားတင် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို ၂၀၃၀ ခုနှစ်တွင် လျှော့ချပြီး ၂၀၅၀ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှုအားလုံး ကာဗွန်-ကြားနေ ဖြစ်လာဖို့ အတွက် ရည်မှန်းထားတယ် ဟုလည်း သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com