ဒီနေ့မှာရေးသားပေးမယ့် အကြောင်းအရာကတော့ Telecom industry မှာ ဘယ်အလုပ် တွေရှိမယ် ဘာတွေလုပ်လို့ရမလဲဆိုတာပဲ ဖြစ်ပါတယ်
Telecom Industry ဟာဆိုလို့ ရှိရင် နယ်ပယ်ကျယ်ဝန်းပြီး အလုပ်အကိုင်များစွာ ရရှိနိုင်တဲ့ Industry တစ်ခုပဲဖြစ်ပါတယ်။HR,Admin,Accountant စတဲ့ business and management ပိုင်းသမားတွေ အတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်သလို။
EC,Civil,EP,Mechanical, IT စတဲ့ Engineering သမားတွေ အတွက်လဲ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပါတယ်။
ယခု ပို့စ်မှာ တင်ပြပေးမှာကတော့
Engineer တွေအတွက် အလုပ်အကိုင်တွေ ဘယ်လိုရှိမယ် ဘယ်အပိုင်းတွေက ဘယ်မေဂျာတွေနဲ့ ပိုပြီးဆက်စပ်မှုရှိမယ် စတာတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်
အင်ဂျင်နီယာတွေအတွက် နည်းပညာပိုင်းဆိုင်ရာ အမြင်က ကြည့်ပြီးခွဲလို့ရမယ့် အလုပ်အကိုင် အဓိကအားဖြင့် ငါးမျိုးရှိပါတယ်
1 Mobile Network
2 Transport Network
3 IT- Billing
4 Civil work
5 Power
1 Mobile Network
Mobile network ပိုင်းမှာကတော့ RF ပိုင်း RAN ပိုင်းနဲ့ CS/PS core ပိုင်းဆိုပြီး လေးမျိုး ရှိပါတယ်
RF ပိုင်း RAN ပိုင်းနဲ့ CS Core ပိုင်း တို့က EC engineer များနဲ့ ပိုပြီးဆက်စပ်မှုရှိပါတယ်
PS core ပိုင်းကတော့ EC နဲ့ရော IT ပိုင်း ( Networking ပိုင်း) နဲ့ ပါ ဆက်စပ်မှုရှိနေမှာပဲ ဖြစ်ပါတယ်
2 Transport Network
Transport Network ပိုင်းမှာကတော့ Microwave , Fiber , DWDM , IP ဆိုပြီး လေးမျိုးခွဲခြားထားပါတယ်
Microwave, Fiber, DWDM ပိုင်းတွေက EC ပိုင်းနဲ့ဆက်စပ် နေပြီး IP ပိုင်းကတော့ IT ပိုင်း ( Networking ပိုင်း) နဲ့ အဓိက ဆက်စပ်နေတာပဲဖြစ်ပါတယ်
3 IT-Billing
IT-Billing ပိုင်းမှာတော့ Application VAS စတဲ့ အပိုင်းတွေ ပါ၀င်မှာဖြစ်ပြီး အကုန်လုံးက IT ပိုင်းနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်
4 Civil work
Tower construction နဲ့ Fiber Installation ပိုင်း အဓိကပါ၀င်နေပြီး Civil သမားတွေနဲ့ အဓိကဆက်စပ်နေတာပဲ ဖြစ်ပါတယ်
5 Power
Generator, Battery, Electrical, Fueling စတာတွေပါ၀င်နေမှာဖြစ်ပြီး Mechanical,EP စတဲ့ မေဂျာတွေနဲ့ အဓိကဆက်စပ်နေတာပဲ ဖြစ်ပါတယ်
တစ်ခုသိထားရမှာက Telecom Industry မှာ ဘွဲ့က အတိုင်းအတာတစ်ခု အရေးပါပေမယ့်
အဓိကကျတာကတော့ Attitude, Skill, Knowledge စတာတွေပဲ ဖြစ်ပါတယ်
တစ်နည်းအားဖြင့်ပြောရရင် မိမိကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုရရှိမှာဖြစ်ပြီး EC သမားက Power ပိုင်းမှာ အောင်မြင်နေတာမျိုး Civil သမားက RAN ပိုင်းမှာ အောင်မြင်နေတာမျိုုးလဲ ရှိနိုင်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်
ရေးသားသူ
Admin @
ကူးယူဖော်ပြခွင့်မပြုပါ
Rhyme of Yawt Pone Fruits
