EV ကားတွေ နိုင်ငံတကာမှာ လူကြိုက်များလာပြီးနောက် အလိုအလျှောက် မောင်းနှင်သည့် နည်းပညာဟာလည်း များစွာ အရေးပါလာပါတယ်။
ဥာဏ်ရည်တုကို အသုံးပြုထားသည့် အလိုအလျှောက် မောင်းနှင်စနစ်များ၏ လုံခြုံ စိတ်ချရမှုကို မေးခွန်းထုတ် နေကြဆဲ ဖြစ်ပေမယ့် အနာဂါတ်မှာ ပိုမို တွင်ကျယ်စွာ အသုံးပြုဖို့ ကောင်းမွန်တဲ့ ရလဒ်တွေလည်း ရှိပါတယ်။
Tesla ကဲ့သို့ ကားကုမ္ပဏီကြီးများဟာ ယာဉ်မောင်းနှင်သူတုံ့ပြန်မှု မပြုလုပ်နိုင်ရင်တောင် အမြန်လမ်းများပေါ်တွင် ပိုမို လုံခြုံစိတ်ချရဖို့ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ ဆော့ဖ်ဝဲများကို ဖန်တီးလျှက်ရှိပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က နော်ဝေနိုင်ငံ အရှေ့ပိုင်း ဒေသမှာ အသက် ၂၄ နှစ်အရွယ် Tesla Model S ကားပိုင်ရှင်တယောက်ဟာ ယာဉ်မောင်းနှင် နေရင်း သတိလစ်နေ ခဲ့ပါတယ်။
ဒီလို ကိစ္စဟာ ရလဒ်တွေ ဆိုးဝါးနိုင်ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ကားမောင်းသူဟာ လမ်းမပေါ်မှာ အလိုအလျှောက် မောင်းနှင်စနစ်ကို ဖွင့်ထားခဲ့တဲ့အတွက် Model S ကားဟာ ယာဉ်ကြောကို အနှောင့်အယှက် မဖြစ်စေခဲ့ဘူးလို့ အရှေ့ပိုင်းဒေသ ယာဉ်ထိန်းရဲ အဖွဲ့မှ တွစ်တာမှာ ကြေငြာခဲ့ပါတယ်။

ကား၏ ယာဉ်မောင်း အထောက်အပံ့ပေး စနစ်ဟာ ၎င်း၏ ယာဉ်မောင်းတုံ့ပြန်မှုမရှိကြောင်း သိရှိသောအဟာ ၎င်းည် ယာဉ်ကို လုံခြုံစွာ အလိုအလျှောက် ရပ်တန့် စေခဲ့ပါတယ်။
Model S ပေါ်တွင် သတိလစ်ပြီး “အရက်မူးနေပုံရ” သည့် အမျိုးသားအား နောက်ပိုင်းတွင် အရေးပေါ် ဝန်ထမ်းများက ကူညီခဲ့ကာ ကံကောင်းစွာဖြင့် မည်သူမျှ ထိခိုက်မှု မရှိခဲ့ပါဘူး။
ကားမောင်းသူကတော့ သူမောင်းတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် အဆိုပါ အဖြစ်အပျက်ကို ဖြတ်သန်းသွားလာနေသော တခြား ကားပေါ်မှ ယာဉ်မောင်းများက ဗီဒီယို ရိုက်ကူးထားခဲ့ပါတယ်။
ထိုဗီဒီယို မှတ်တမ်းတွင် ကားမောင်းသူဟာ ခေါင်းငိုက်စိုက် ချပြီး ၁ မိနစ်ကျော်ခန့် ကားပေါ်တွင် ရှိနေခဲ့တာကို ပြသနေပါတယ်။
လိုအပ်သော စမ်းသပ်မှုများ ပြီးစီးသောအခါ အဆိုပါ Tesla ကားပိုင်ရှင်၏ ယာဉ်မောင်း လိုင်စင်ကို ယာယီ ဆိုင်းငံ့ခဲ့ပြီး စွဲ ချက်တင်ခဲ့တယ်လို့ ရဲ များက ဆိုပါတယ်။

နေရာ အတော်များများမှာ ဒီလို ယာဉ်မောင်း အထောက်အပံ့ပေး စနစ်ကို အသုံးပြုပြီး အရက်မူးကာ ကားမောင်းသည့် ဖြစ် စဉ်များစွာ ဖြစ်ပွားပြီးဖြစ်ပါတယ်။
၎င်းတို့ဟာ မူးနေချိန်မှာ Tesla Autopilot လို့ခေါ်တဲ့ စနစ်က အလိုအလျှောက်မောင်းနှင် ပေးနေတာပဲ လို့ အထွန့်တက်ခဲ့ ကြ ပါတယ်။
အဆိုပါ စနစ်ဟာ တကယ်တော့ အဲဒီ့အတွက် ဒီဇိုင်းဆွဲထားတာ မဟုတ်ဘဲ ယာဉ်မောင်းကို ကူညီနိုင်ရုံ အတွက်သာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ ကားမောင်းသူဟာ ကားအတွက် အမြဲ တာဝန်ရှိပြီး လိုအပ်သည့်အခါ ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ နိုးကြားနေရမှာ ဖြစ်ပါတယ်။
ဒါကို ယာဉ်မောင်းများ autopilot စနစ် အသုံးပြုတိုင်းလည်း အလိုအလျှောက် စနစ်မှ သတိပေးလေ့ ရှိပါတယ်။

ယာဉ်မောင်းသူများ အိပ်ပျော်သွားပါက စနစ်ဟာ သတိပေးချက်များကို ပုံမှန် ထွက်ပေါ်နေပြီး စတီယာရင်မှ တုံ့ပြန်မှု မတွေ့ပါက ထိန်းရန် သတိပေးပါတယ်။
အဆိုပါ နော်ဝေနိုင်ငံသား ဖြစ်သကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါက Autopilot စနစ်ဟာ ကနဦး အနေဖြင့် ကားကို နှေးကွေးသွားစေပါတယ်။
အဲဒီ့နောက် ယာဉ်မောင်းမှ သတိ ပေးချက်များကို အကြိမ်ကြိမ် လစ်လျှူရှုသည့် အခါတွင် လမ်းဘေးသို့ အလိုအလျှောက် ကားကို ရပ်တန့်သွားစေတာ ဖြစ်ပါတယ်။
Tesla Autopilot စနစ် နှင့် ပတ်သက်ပြီး မကောင်းသတင်းများနှင့် ရှုံ့ချမှုတွေ ရှိပေမယ့် ဒီ နော်ဝေနိုင်ငံက ဖြစ်ရပ်ဟာ အ ရေးကြုံပါက စနစ်၏ အရေးပါပြီး အထောက်အကူပြုပုံကို ပြသနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။