Tesla Cybertruck က ဒေါ်လာတစ်သန်းခန့် ကုန်ကျနိုင်ကြောင်း Elon Musk က ပြောကြားခဲ့

News Tech

ရှေ့ပြေးပုံစံကို သရုပ်ပြပြီးနောက် Tesla ဟာ Cybertruck ထုတ်လုပ်မှုနှင့်အတူ အတားအဆီးတစ်ခုကို ကြုံတွေနေပုံရပါတယ်။

နယူးယောက်စီးတီးတွင် ကမ်းပိန်း များစွာနှင့် ခင်းကျင်းပြသမှု ပြုလုပ်ပြီးနောက်တွင် လျှပ်စစ်ကားထုတ်လုပ်သူ Tesla က သူရဲ့ အကြီးစားယာဉ် Cybertruck ထုတ်လုပ်မှုတွင် အတားအဆီးနှင့် ရင်ဆိုင်နေရပါတယ်။

Texas ရှိ Giga Factory မှ သုံးလတစ်ကြိမ် ဝင်ငွေခေါ်ဆိုမှုတွင် CEO Elon Musk မှ Cybertruck ကို ကြီးမားသော အတိုင်းအတာဖြင့် ဖန် တီး ရာတွင် စိန်ခေါ်မှုတွေကို ရှေ့တန်းတင်ခဲ့ပါတယ်။

ထိုသို့လုပ်ဆောင်ရန် ကျရှုံးပါက Cybertruck တစ်ခုစီဟာ ဒေါ်လာတစ်သန်းခန့် ကုန်ကျသွားမှာ ဖြစ်ပါတယ်။

စူပါကားတွေကို ချန်ထားခဲ့တဲ့ ဆလွန်းကားတွေကို ရောင်းချပြီးတဲ့နောက် Tesla က ယခုအခါ လျှပ်စစ်ကားအကြီးစားတွေအပေါ် အာရုံစိုက်နေပြီ ဖြစ်ပါတယ်။

မေလ အစောပိုင်းက နယူးယောက်စီးတီး၏ လမ်းတွေပေါ်မှာ ဂုဏ်ယူစွာဖြင့် ရှေ့ပြေးပုံစံကို ထုတ်ပြခဲ့ပါတယ်။

ဒါဟာ ဆိုရှယ်မီဒီယာပေါ်တွင် များစွာ ပွက်လောရိုက်သွားခဲ့သော်လည်း ထုတ်လုပ်မှုမှာ အဟန့်အတားဖြစ်သွားပုံရပါတယ်။

Tesla က သူ့ရဲ့ အခြားကားတွေ ရောင်းချရာတွင်လည်း နှောင့်နှေးခြင်းတွေရှိတာကို သိရှိထားသောကြောင့် ကားတစ်စီးကို အစုလိုက် အပြုံ လိုက် တပ်ဆင်ထားခြင်းက ရှေ့ပြေးပုံစံတစ်ခုကို တပ်ဆင်ထားခြင်းထက် များစွာကွာခြားတယ်ဆိုတဲ့ အရာကိုပဲ Musk ကမကြာသေးမီက ခေါ်ဆိုမှုအတွင်း ထပ်တလဲလဲပြောဆိုခဲ့ပါတယ်။

Tesla က နောက်ဆုံးအကြိမ်မှာတော့ လျှပ်စစ်ကား တစ်စီးကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ တခြား အမျိုးအစားနဲ့ မတူတဲ့ Cybertruck ကို ဖန်တီးထားပါတယ်။

သူ့ရဲ့ မူပိုင်ခွင့်တွေကို ယခုနှစ်အစောပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည့်အတိုင်း Cybertruck က သံချပ်ကာမှန်၊ အာရုံခံလေအေးပေးစက်စနစ်၊ ကားရဲ့ မှန်တွေကို ထိန်းချုပ်ရန် မျက်လုံးခြေရာခံနည်းပညာနှင့် အခြားအရာများစွာတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

သို့သော် ယခုအချိန်တွင် ၆၁၀ မိုင် (၉၈၀ ကီလိုမီတာအထက်) အကွာအဝေးကြီး သွားလာနိုင်ဖို့က ပြဿနာဖြစ်နေစေတာ ဖြစ်ပါတယ်။

ထိုအကွာအဝေးကို ရရှိရန် Tesla က သီအိုရီအရ ပေါ့ပါးပြီး ကုန်ကျစရိတ် သက်သာသော ရွေးချယ်မှုဖြစ်တဲ့ 4680 ဘက်ထရီ ဆဲလ်အိတ်ဖြင့် ဆန်းသစ် တီထွင်လျက်ရှိပါတယ်။

အဆိုပါ ဘတ္ထရီအကြောင်းကို “Panasonic ၏ စွမ်းအင်သိုလှောင်မှု ငါးဆ ပိုမို ရရှိစေမယ့် Tesla 4680 ဘတ္ထရီဆဲလ်” ခေါင်းစဉ်ဖြင့် ဖော်ပြ ခဲ့ပြီး ဖြစ်ပါတယ်။

သို့သော် ဒါဟာ ယခင်က မပြုလုပ်ရသေးသော အရာဖြစ်ပြီး Tesla အပိုင်းတွင် ဆန်းသစ်တီထွင်မှုများစွာ လိုအပ်ပါတယ်။

သူတို့ ယခုအချိန်အထိ လုပ်ဆောင်ခဲ့သော တိုးတက်မှုကို ပြန်​ပြောပြရာတွင် Musk က “သူတို့က အသေးစားတိုးတက်မှုတွေကို ပြုလုပ်နေတာမဟုတ်သော်လည်း ကြီးမားသောတိုးတက်မှုနှင့် သေးငယ်သောတိုးတက်မှုများစွာ ဖြစ်စေနိုင်ရန်အတွက် ပြုလုပ်နေတာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

သို့သော် ထိုပြဿနာတွေကို မည်သည့်အချိန်တွင် ဖြေရှင်းရမည်ကိုမူ အတိအကျ မပြောနိုင်ခဲ့ပါဘူး။ ကမ္ဘာ့အဆင့်ရှိ chip ပြတ်တောက်မှုတွေက သူတို့ရဲ့ တိုးတက်မှုကို ရပ်တန့်စေ​ပုံကိုလည်း Musk က ကိုးကားဖော်ပြခဲ့ပါတယ်။

ကုမ္ပဏီက ထုတ်လုပ်မှုကို အရှိန်မြှင့်ရန်အတွက် အစားထိုးအချို့ကို ရှာဖွေပြီး firmware ပြန်လည်ရေးတင်ရန် စီမံခဲ့သော်လည်း chip တွေက သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်၏ အကြန့်ကြာဆုံးအပိုင်းဖြစ်ပြီး ကျန်နှစ်တွေမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့ သူက မျှော်မှန်းထားပါတယ်။

ထုတ်လုပ်မှုက ဘယ်လောက်ခက်ခဲသလဲဆိုတာကို အလေးပေးပြောကြားရင်း Musk က “လုပ်ဆောင်ရမယ့် အထူးအစိတ်အပိုင်းတွေနဲ့ လုပ်ငန်းစဉ်ပေါင်း ထောင်ချီရှိပါတယ်။

ပြီးတော့ ထုတ်လုပ်မှု ပိုမိုများပြားခြင်းက အဲဒီ့အရာ ၁၀,၀၀၀ ရဲ့ ကံအဆိုးဆုံးနဲ့ အညံ့ဆုံးအရာတွေအဖြစ် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်သွားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ကားအစီးရေ အနည်းကို ထုတ်လုပ်နိုင်သော်လည်း အစီးရေ အနည်းငယ်သာ ပြုလုပ်ပါက ကျရောက်သော ကုန်ကျစရိတ်က ရူးလောက်အောင်ပါပဲ။

သူတို့က ဒေါ်လာ တစ်သန်း ဒါမှမဟုတ် ဒီ့ထက်မက ကုန်ကျမှာ အမှန်ပါပဲ” လို့ Musk က ပြောကြားခဲ့ပါတယ်။ Tesla က သူ့ရဲ့ Cybertruck ကို ယခုနှစ်ကုန်တွင် စတင်ရောင်းချရန် ရည်မှန်းထားပါတယ်။

၎င်းတွင် ဖွဲ့စည်းတည်ဆောက်ပုံအရ မတူညီသော ဘက်ထရီများကို အသုံးပြုရန် အရန် အစီအစဉ်တစ်ခု ပါရှိပါတယ်။

Cybertruck က စစ်ပွဲအတွက် တာဝန်ယူရသကဲ့သို့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်သော်လည်း Musk ကိုယ်တိုင် ယုံကြည်သကဲ့သို့ ကားတွေ ရောင်းချရာတွင် Tesla ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ဒုတိယကမ္ဘာစစ်ကို အသေးအဖွဲလို့ ထင်မြင်စေပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *