လက်ရှိ ယူကရိန်း-ရုရှား အရေးအခင်းကြောင့် ကမ္ဘာ့ ပထဝီနိုင်ငံရေး အခြေအနေဟာ မတည်မငြိမ် ဖြစ်နေသော်လည်း Elon Musk အတွက်တော့ အဆင်ပြေနေပါတယ်။
အကြောင်းကတော့ လောင်စာဆီ ဈေးနှုန်းတွေဟာ အလွန် မြင့်တက်လာနေပြီး အမေရိကန်၏ အချို့နေရာများတွင် တဂါလံလျှင် ၈ ဒေါ်လာလောက်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ တနိုင်ငံလုံး အနေအထားဖြင့် တဂါလံကို ၄.၅ ဒေါ်လာလောက် ပျမ်းမျှ ရှိနေပေမယ့် ကယ်လီဖိုးနီးယား ပြည် နယ်မှာတော့ premium တဂါလံလျှင် ၆ ဒေါ်လာကျော် ပျမ်းမျှ ဖြစ်လာပါပြီ။
Beverly Hills နှင့် West Hollywood တို့တွင် မတ်လ ၉ ရက်နေ့က ရိုရိုး ဓာတ်ဆီ တဂါလံလျှင် ၇.၃၅ ဒေါ်လာ လောက်ရှိပြီး premium ဓာတ်ဆီကတော့ တဂါလံလျှင် ၇.၉၅ ဒေါ်လာ အထိ ရှိခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြို့ငယ်တမြို့ဖြစ်တဲ့ Mendocino တွင် မတ်လ ၉ ရက်နေ့ မနက်က ရိုးရိုး ဓာတ်ဆီ တဂါလံ ကို ၈.၆၂၉ ဒေါ်လာအထိ ကျသင့်နေကြောင်း Ukiah Daily ဂျာနယ်က ဖော်ပြခဲ့ပါတယ်။

ဒီလို ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် လူတွေဟာ လျှပ်စစ်စွမ်းအင်သုံး ကားတွေဘက်ကို ဦးတည်လာကြပါတယ်။
အဲဒီလို လျှပ်စစ်စွမ်းအင်သုံး ကားတွေထဲမှ အမေရိကန်၏ နာမည်အကြီးဆုံး Tesla ဟာ အလွန်ကို အဆင်ပြေနေတယ်လို့ Electrek မှ သတင်းများအရ သိရပါတယ်။
ဟုတ်ပါတယ်။ Tesla ၏ ရောင်းအားဟာ ရက်သတ္တပတ်ပြီး တပတ် အတွင်းမှာ ၁၀၀ ရာခိုင်နှုန်းလောက် အထိ မြင့်တက်လာတာပါ။
ဒီလို လောင်စာဆီ ဈေးနှုန်း မြင့်တက်လာတာဟာ လူတွေကို လျှပ်စစ်စွမ်းအင်သုံးကားများ အသုံးပြုဖို့ လျှင်မြန်စွာ တွန်းပို့နေသည့်အတွက် ကောင်းတဲ့ကိစ္စတခုလို့လည်း ပြောလို့ရပါတယ်။
အကြောင်းကတော့ ကမ္ဘာကြီး ပူနွေးပြီး ရာသီဥတု ပြောင်းလဲလာတဲ့ အကြောင်းအရင်းတွင် ရုပ်ကြွင်းလောင်စာများဟာ ကဏ္ဍတခုအနေဖြင့် ပါဝင်နေလို့ပါ။
ဒီလို အခြေအနေတွေကြောင့် လာမယ့် အနာဂါတ်မှာ လျှပ်စစ်စွမ်းအင်သုံး ကားတွေကို ပိုမို တွေ့ရှိလာရတော့မှာ ဖြစ်ပါတယ်။
Tesla ၏ လျှပ်စစ်စွမ်းအင်သုံး ကားများ၏ ရောင်းအားဟာ ၂၀၂၀ ခုနှစ်အတွင်းက ၅ သိန်းလောက်သာ ရှိခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ ၂ ဆ နီးပါးဖြစ်တဲ့ အစီးရေ ၉၃၅,၉၅၀ လောက်အထိ ရောင်းချခဲ့ရတာကို Statista ၏ အချက်အလက်များ အ ရ တွေ့ရပါတယ်။
Elon Musk ဟာ လက်ရှိတွင် ယူကရိန်းကို အကူအညီ အများအပြားပေးနေပြီး မကြာသေးမီကဘဲ ၎င်း၏ Starlink ဂြိုဟ်တု အင်တာနက်စက်များကို ထောက်ပံ့ပေးခဲ့ပါသေးတယ်။
၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ Starlink ဂြိုဟ်တုပေါင်း ၂ ထောင်ကျော်ကို လွှတ်တင်ခဲ့ပြီးဖြစ်ကာ အရေအတွက် ၂ သောင်း လောက်အထိ လွှတ်တင်ခွင့် ရရှိပြီး ဖြစ်ပါတယ်။
ကုမ္ပဏီဟာ အများဆုံး ဂြိုဟ်တု အရေအတွက် ၃ သောင်းလောက်အထိ လွှတ်တင်နိုင်ဖို့ ခွင့်ပြုချက် ရရှိနိုင်ရန်လည်း လုပ် ဆောင်လျှက် ရှိပါတယ်။
လက်ရှိတွင် Starlink ဂြိုဟ်တု အင်တာနက် စနစ်ကို နိုင်ငံပေါင်း ၂၉ နိုင်ငံ အထိ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် Tesla ဟာ ၎င်း၏ ယူကရိန်းဝန်ထမ်းများကို အထူးအခွင့်အရေးတခု ပေးထားပါသေးတယ်။
အဲဒါကတော့ ယူကရိန်း ဝန်ထမ်းများကို နိုင်ငံအတွက် ကာကွယ်ရေး တာဝန် ထမ်းဆောင်ဖို့ သွားရောက်မည်ဆိုပါက လခ ၃ လ ပေးမယ် ဆိုတာပါပဲ။
အဲဒီ့အပြင် ကုမ္ပဏီ၏ လက်ရှိ ရှိနေသည့် ဝန်ထမ်းများအတွက် ပံ့ပိုးမှု အစီအစဉ်အရ အကြံပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း များလည်း လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွင်းရှိ လျှပ်စစ်စွမ်းအင်သုံး ကားများ၏ စုစုပေါင်း ၈၀ ရာခိုင်နှုန်းဟာ Tesla ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ ကားများ ဖြစ်ပါတယ်။
လက်တလော အဝယ်လိုက်လာတဲ့ နှုန်းဟာလည်း Tesla ၏ ထုတ်လုပ် နိုင်စွမ်းကို အရမ်းကြီး မထိခိုက်သေးဘူးလို့ ဆိုပါတယ်။
သို့ပေမဲ့ သာမန်နှင့် မတူတဲ့ ဝယ်လိုအားကြောင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို အနည်းနှင့် အများတော့ အချိန်ပိုယူရစေမှာ အသေအချာပါပဲ။
Elon Musk ဟာ သူ၏ ချစ်သူ Grimes နှင့် ဒုတိယမြောက် ကလေးကို ရရှိထားပြီး ပျော်ရွှင်နေမှာ ဖြစ်တဲ့အပြင် Tesla ၏ အောင်မြင်မှုတွေကြောင့် ကမ္ဘာ့အချမ်းသာဆုံး နေရာမှ ကြာမြင့်စွာ ရှိနေဦးမယ့် ပုံရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။