စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး အီလွန်မက်ရဲ့ Tesla တက်စလာ ကုမ္ပဏီဆိုတာ လျှပ်စစ်ကား အဆန်းတွေ ၊ Star Link ဂြိုလ်တု အင်တာနက်စနစ်တွေ၊ Space X အာကာခရီးသွားလုပ်ငန်းတွေ စသည့် နည်းပညာအသစ်အဆန်းများကို တီထွင်လုပ်ဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ယခုလည်း လူပုံစံစက်ရုပ်ကို တည်ဆောက်နေပြီး လာမည့်နှစ် ၂၀၂၂ ခုနှစ်တွင် ရှေးပြေးပုံစံကို ထုတ်ဖော်ပြသနိုင်ဖို့ လုပ်ဆောင်နေပါတယ် ။ဒီအကြောင်းကို တက်စလာ CEO အီလွန်မက်က ကလီဖိုးနီးယားမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ AI Day နည်းပညာ ဆွေးနွေပွဲတစ်ခုတွင် ထုတ်ဖော်ပြောကြား ပြသခဲ့တာဖြစ်ပါတယ်။
တက်စလာက ထုတ်လုပ်မည့် လူပုံစံ စက်ရုပ်ကို Tesla Bot လို့ နာမည်ပေးထားပါတယ်။လက်ရှိ တက်စလာကားတွေမှာ အသုံးပြုနေတဲ့ အလိုအလျှောက် မောင်းနှင်တဲ့ စနစ်တွေ၊အာရုံခံ ကရိယာတွေ စသည်တို့ကို အခြေခံပြီး လူပုံစံစက်ရုပ်ကို တည်ဆောက်မှာ ဖြစ်ပါတယ်။

အီလွန်မက်ကတော့ ၎င်းတို့မှာ အဆင့်မြင့်တဲ့ အာရုံခံကိရိယာတွေ၊အရည်အသွေးမြင့်တဲ့ ဘက်ထရီ စသည့် နည်းပညာများ ရှိနေပြီဖြစ်သည့်အတွက် လူပုံစက်ရုပ်ကို လာမည့်နှစ်တွင် ထုတ်လုပ်နိုင်ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ရုပ်ရှင်တွေထဲမှာ ပါတဲ့ စက်ရုပ်တွေဟာ ရုပ်ရှင်မင်းသားတွေ သရုပ်ဆောင်ထားတာဖြစ်ပြီး တကယ့် စက်ရုပ်မဟုတ်ပါဘူး Tesla Bot စက်ရုပ်ကတော့ ကတော့ တကယ့် စက်ရုပ်ဖြစ်လာမှာပါလို့လည်း ဆိုပါတယ်။
Tesla Bot လူပုံစံစက်ရုပ်ဟာ အမြင့် ၅ ပေ၊ ၈ လက်မ ရှိမှာဖြစ်ပြီ ဦးခေါင်းမျက်နှာပြင်တွင် အလိုအလျှောက် အာရုံခံ ကရိယာတွေ ၊ ကင်မရာတွေ စသည့် အသုံးဝင်တဲ့ သတင်းအချက်အလက်များကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
စက်ရုပ်ရဲ့ အလေးချိန်ဟာ ၁၂၅ ပေါင်ရှိမှာဖြစ်ပြီး ၄၅ ပေါင် အလေးချိန်ရှိတဲ့ အရာဝတ္တုကို သယ်ဆောင်နိုင်ကာ ပေါင် ၁၅၀ ရှိတဲ့ အရာဝတ္တုကို မနိုင်မှာ ဖြစ်ပါတယ်။တစ်နာရီ ၅ မိုင်နှုန်းဖြင့်လည်း ပြေးနိုင်ပါတယ်။

ဒီစက်ရုပ်တွေကို လူသားတွေအတွက် အန္တရာယ်ရှိတဲ့အလုပ်တွေ၊ပျင်းရိစရာကောင်းပြီး လူတွေ ထပ်ခါတလဲလဲ လုပ်ရတဲ့အလုပ်တွေနေရာမှာ အစားထိုးနိုင်ဖို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
Tesla ကထုတ်တဲ့ ပစ္စည်းတွေဟာ ဒီဇိုင်းဆန်းပြီး နည်းပညာမြင့်မားတဲ့အတွက် ဒီလူပုံစံစက်ရုပ်”Tesla Bot”ဟာလည်း တကယ့် အဆင့်မြင့် အမိုက်စား စက်ရုပ်ဖြစ်မယ်ဆိုတာ သေချာပါတယ်။