ဩစတေးလျ၏ Loyal Wingman မောင်းသူမဲ့ လေယာဉ်သစ်ကို တရားဝင် အမည်ပေး

Military News

Boeing Australia ဟာ Woomera Range Complex တွင် သီခြားစီ အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့သည့် လေယာဉ် ၂ စင်းနှင့်အတူ ဘိုးအင်း ဝေဟင်စွမ်းအား စုဖွဲ့မှု စနစ် စီမံကိန်းကို ဆက်လက် တိုးချဲ့ထားပါတယ်။

တော်ဝင် ဩစတြေးလျ လေတပ် RAFF နှင့် ပူးပေါင်း တီထွင် ထုတ်လုပ်ထားသည့် ပထမဆုံးသော Loyal Wingman မောင်းသူမဲ့လေယာဉ်ဟာ စမ်းသပ်ပျံသန်းနေစဉ်အတွင်းမှာ ၎င်း၏ အဓိက စွမ်းဆောင်ရည် များစွာကို သရုပ် ပြခဲ့ပါတယ်။

ဒုတိယ မောင်းသူမဲ့လေယာဉ်ဟာလည်း အလားတူပင် ပျံသန်းမှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

“စမ်းသပ်ပျံသန်းမှု အစီအစဉ်မှာ ပြောင်မြောက်စွာ အလုပ်လုပ်နေတဲ့ ဒီ Loyal Wingman လေယာဉ် ၂ စင်းကို ဝေဟင်မှာ တွေ့ရတာဟာ အလွန် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” လို့ RAAF ၏ လေတပ်စွမ်းရည် ဆိုင်ရာ အကြီးအကဲ Cath Roberts က ပြောပါတယ်။

“အထူးသဖြင့် ပြန်လည်ပြင်ဆင်နိုင်တဲ့ လေယာဉ် နှုတ်သီးပိုင်းကဲ့သို့ အစိတ်အပိုင်းများဟာ လေတပ်၏ သိသာထင်ရှားသော လျှင်မြန် ဖြတ်လတ်သည့် စွမ်းဆောင်ရည်များအတွက် လမ်းပွင့်စေပါတယ်”

Photo: Courtesy of Boeing

“ကျွန်တော်တို့ဟာ လေယာဉ်တင်ဆောင်နိုင်တဲ့ ဝန်ပမာဏ ဖွံ့ဖြိုးတိုးတက်မှုတွင် အကြီးအကျယ် အာရုံစိုက်နေတာဖြစ်ပြီး ဒါဟာ တိုက်ပွဲအတွင်း ကျွန်တော်တို့ကိုပေးမယ့် အံ့အားသင့်ဖွယ် အစိတ်အပိုင်းတခု ဖြစ်ပါတယ်”

“မောင်းသူမဲ့လေယာဉ်ရဲ့ နှုတ်သီးထဲမှာ ဘာတွေ ပါမလဲဆိုတာ ခင်ဗျား တကယ်ကို သိမှာမဟုတ်ပါဘူး” လို့ Roberts က ရှင်းပြခဲ့ပါတယ်။

လေယာဉ် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘိုးအင်း ဝေဟင်စွမ်းအား စုဖွဲ့မှု စနစ် ၏ ဒစ်ဂျစ်တယ် စနစ် ပုံစံတူ ကို ပြုပြင်မွမ်းမံနိုင်ရန်နှင့် အသိပေးနိုင်ရန် အဖွဲ့သားများဟာ ပျံသန်း စမ်းသပ်မှု စစ်ဆင်ရေး တလျှောက်လုံးမှ လေယာဉ်နှင့် သက်ဆိုင်သည့် စွမ်းဆောင်ရည် အချက်အလက်များကို စုဆောင်းခဲ့ပါတယ်။

ဒစ်ဂျစ်တယ် ပုံစံတူ (အစစ် မဟုတ်ဘဲ ဒစ်ဂျစ်တယ် စနစ်ဖြင့် ပုံဖော်ထားခြင်း) ဟာ လေယာဉ်၏ ဒီဇိုင်း၊ ဖွံ့ဖြိုးတိုးတက်မှုမှ ထုတ်လုပ်ရေးအထိ၊ ရေရှည်တည်တံ့မှု၊ အမြန်နှုန်း ဖန်တီးပေးမှု နှင့် ပထမဆုံး အရည်အသွေး စသည်တို့မှ စနစ် တခုလုံး လည်ပတ်မှုကို ပုံဖော်ပေးပါတယ်။

Photo: Courtesy of Boeing

ပျံသန်းစမ်းသပ်မှုတွင် ပထမဆုံး အဆင်းဂီယာ တင်ခြင်း ချခြင်းများ ပါဝင်ပြီး ဒီ စနစ်ကို RUAG Australia မှ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

BAE Systems Australia ကတော့ ဒီဇိုင်းတွင် အပြည့်အဝ ပါဝင်ခဲ့ပြီး ပျံသန်းမှု၏ တစိတ်တပိုင်းဖြစ်သည့် ပျံသန်းရေး ထိန်း ချုပ်မှု နစ် နှင့် လေကြောင်း လမ်းညွှန်စနစ် များကို ထောက်ပံ့ ပေးထားပါတယ်။

“ဒါဟာ ဩစတေးလျရဲ့ အလိုအလျှောက် စနစ် စွမ်းဆောင်ရည်တွေအတွက် ကောင်းမွန်တဲ့ အောင်မြင်မှု တခုပါ” လို့ BAE Systems Australia ၏ အမှုဆောင် အရာရှိချုပ် Gabby Costigan က ပြောကြားခဲ့ပါတယ်။

Loyal Wingman မောင်းသူမဲ့လေယာဉ် ပထမ အသုတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး ဝယ်ယူသူ အမျိုးမျိုး အတွက် ဘိုးအင်း ဝေ ဟင် စွမ်းအား စုဖွဲ့မှု စနစ်၏ အခြေခံ အဖြစ် ဆောင်ရွက်လျက် ရှိပါတယ်။

Photo: Courtesy of Boeing

ဒီ မောင်းသူမဲ့လေယာဉ်ဟာ အခြား စနစ်များနှင့် အတူတူ ဥာဏ်ရည်တု AI စနစ်ကို အသုံးပြုပြီး မောင်းသူမဲ့ နှင့် မောင်းသူပါ လေယာဉ်များနှင့် စုဖွဲ့မှု ပြုလုပ်ကာ စစ်ဆင်ရေး များ ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။

လက်ရှိတွင် Loyal Wingman မောင်းသူမဲ့လေယာဉ်များကို Boeing Australia၊ RAFF နှင့် BAE Systems Australia အပါ အဝင် ကုမ္ပဏီပေါင်း ၃၅ ခုထက် မနည်း ပူးပေါင်း ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ယခုအခါ ဒီခေတ်အမှီဆုံး နည်းပညာများနှင့် ထုတ်လုပ်ထားတဲ့ Loyal Wingman မောင်းသူမဲ့လေယာဉ်ကို MQ-28A Ghost Bat လို့ တရားဝင် အမည်ပေးထားပြီ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.