လျှပ်စစ်ကားများကို မောင်းနှင်ရင်း အားသွင်းနိုင်မည့် လမ်းများကို စမ်းသပ်နေ

News Tech

Magment လို့ခေါ်တဲ့ ဂျာမန် ကုမ္ပဏီတခုဟာ အမေရိကန် အင်ဒီယားနား ပြည်နယ်အစိုးရ၊ Purdue တက္ကသိုလ်တို့ နှင့် ပူးပေါင်းကာ အဆင့်မြင့် နည်းပညာသုံး လမ်းများ တည်ဆောက်နိုင်ရန် လုပ်ဆောင်နေပါတယ်။

အဲဒါကတော့ လျှပ်စစ်ကားများကို မောင်းနှင်နေရင် အားဖြည့် ပေးနိုင်မယ့် လမ်းများ ဖြစ်ပြီး ကားများအနေဖြင့် ရပ်ပြီး အားသွင်းစရာမလိုဘဲ လမ်းပေါ်မှ ဓာတ်အားရရှိစေဖို့ အထူးပြုလုပ်ထားတဲ့ receiver များတပ်ဆင်ထားဖို့သာ လိုအပ်ပါတယ်။

ဒီလမ်းကို သံလိုက်မှုန်များနှင့် ကွန်ကရစ်များကို ရောစပ်တည်ဆောက်ထားတာ ဖြစ်ကာ လျှပ်စစ်ဓာတ်ပေးသည့်အခါ ၉၅ ရာခိုင်နှုန်းလောက် ဆုံးရှုံးမှုမရှိဘဲ စွမ်းအင်ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ Tech Xplore ရဲ့ သတင်းများအရ သိရပါတယ်။

အသေးစိတ် အချက်အလက်များ မသိရှိရသေးပေမယ့် Purdue တက္ကသိုလ် ကျောင်းဝင်းအနီး တည်ဆောက်နေသည့် လမ်းငယ် တခုတွင် လာမည့် စမ်းသပ်မှု တခုအပြီးတွင် ဒီလမ်း၏ နည်းပညာ အချက်အလက်များကို ပိုမို သိရှိလာဖွယ် ရှိပါတယ်။

အားလုံး အဆင်ပြေပါက အင်ဒီယားနား ပြည်နယ်၏ သယ်ယူပို့ဆောင်ရေးဌာနဟာ ပြည်နည်အားလုံးတွင် အဆိုပါလမ်းများကို ပိုမိုတည်ဆောက်ဖို့ရာရှိပြီး ကာဗွန်ကင်းစင်သည့် အနာဂတ် သယ်ယူပို့ဆောင်ရေးပုံစံကို ညွှန်ပြနေပါတယ်။

လျှပ်စစ်ကားများကို မောင်းနှင်သည့်လမ်းများမှ အလိုအလျှောက် အားသွင်းပေးသည့် အယူအဆသည့် အသစ်အဆန်းတော့ မဟုတ်ပါဘူး။

အခြား ကုမ္ပဏီများ နှင့် အစိုးရများဟာလည်း ၂၀၁၈ ခုနှစ် အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် စမ်းသပ်မှု ပြုလုပ်ခဲ့ သကဲ့သို့ အကန့်အသတ်နှင့် စမ်း သပ်မှုများ ပြုလုပ်လျှက်ရှိပါတယ်။

အဆိုပါ လမ်းများအား ဆောက်လုပ်ရာတွင် အဓိက စိန်ခေါ်မှုမှာ အယူအဆပိုင်းများမဟုတ်ဘဲ logistics သယ်ယူပို့ဆောင်ရေး သဘောတရားနှင့် အညီ အကောင်အထည် ဖော်ရန် လမ်းကြောင်း ရှာဖွေရခြင်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလ တုန်းကလည်း Cornell တက္ကသိုလ်မှ အင်ဂျင်နီယာများဟာ ဒီလိုမျိုး ခပ်ဆင်ဆင် နည်းပညာအပေါ်မှာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး လျှပ်စစ်ကားများကို အားသွင်းနိုင်သည့် လမ်းများ ဖြစ်လာဖို့ ၅ နှစ်မှ ၁၀ နှစ်အထိ ကြာနိုင်ဦးမယ်လို့ ပြောပါတယ်။

Magment မှ သိပ္ပံပညာရှင်များကတော့ ဒီလို အားသွင်းနိုင်တဲ့ ကားလမ်းများကို တည်ဆောက်တာဟာ သာမန်ကားလမ်း တည်ဆောက်သလောက်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ ရှိပြီးသား သမားရိုးကျ လမ်းတွေကို အစားထိုးဖို့ ဆိုတဲ့ အလားအလာကတော့ လိုနေပါသေးတယ်။

ထိုစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်ဖို့ လမ်းများကို စွမ်းအင်ဖြည့်တင်းဖို့ လိုအပ်ပေမယ့် အမေရိကန် အခြေခံ အဆောက်အအုံများအတွက် စိတ်မကောင်း ဖြစ်ရသည့် အချက်မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတုန်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *