လက်ရှိ ကမ္ဘာ့စစ်ရေး အခင်းအကျင်းအရ NATO အဖွဲ့နှင့် အခြား နိုင်ငံများ ရင်ဆိုင်ရပါက သေချာပေါက် ထိပ်တိုက်တွေ့မယ့် ၎င်းတို့၏ အကောင်းဆုံး ပင်မတိုက်ပွဲဝင် တင့်ကားများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
M1A2C Abrams (အမေရိကန်)
M1A2C ပင်မတိုက်ပွဲဝင် တင့်ကားကို ၂၀၁၉ ခုနှစ်က အဆင့်မြှင့်တင်မှုများ ပြလုပ်ခဲ့ပြီး ဖြစ်သည့်အတွက် သံသယဖြစ်စရာမလိုဘဲ NATO အဖွဲ့၏ အကောင်းဆုံး တင့်ကားအဖြစ် သတ်မှတ်နိုင်ပါတယ်။
၎င်းတွင် active-protection system လို့ခေါ်သည့် တင့်ကားအား တိုက်ခိုက်လာမည့် ဒုံးကျည်များကို ကာကွယ် နိုင်သည့် စနစ်အပြင် ပရိုဂရမ်ဖြင့် ပစ်ခတ်နိုင်သည့် စမတ် သံချပ်ကာဖောက်ကျည်များကို အသုံးပြုနိုင်ပါတယ်။

အဆင့်မြှင့်တင်မှုများတွင် သံချပ်ကာ၊ ကိုယ်ထည်နှင့် ဆုံလည်စနစ်များ ပါဝင်ပြီး တတိယမျိုးဆက် အနီအောက်ရောင်ခြည်သုံး အပူလှိုင်းရှာ ပုံဖော်စနစ်ကို တပ်ဆင်ထားပါတယ်။
ဆုံလည်နေရာတွင် သံချပ်ကာများ ထပ်ပိုး အားဖြည့်ထားပြီး M256 ပင်မ အမြောက်ဟာ Leopard 2 တင့်ကားများမှ အ မြောက်များထက် ပိုတိုပြီး M829A3 နှင့် M829A4 ကဲ့သို့ ကျည်များကို ပစ်ခတ်ရာတွင် ပိုမို ကောင်းမွန်ပါတယ်။
Leopard 2A7V (ဂျာမနီ)
ဂျာမနီရဲ့ နောက်ဆုံး အဆင့်မြှင့်တင်ထားတဲ့ Leopard 2 ပင်မတိုက်ပွဲဝင် တင့်ကားများမှ Leopard 2A7V မျိုးကွဲ များဟာ M1A2C နှင့် တူညီတဲ့ အာရုံခံ ကိရိယာများ၊ လက်နက်များနှင့် သံချပ်ကာများကို ပိုင်ဆိုင်ထားပါတယ်။
၁၂၀ မီလီမီတာ L/55 ပင်မအမြောက်ကို ဖိအားမြင့် L/55A1 နှင့် အစားထိုးခဲ့ပြီး သံချပ်ကာ ထိုးဖောက်မှုကို ပိုမို ကောင်းမွန်လာစေခဲ့ပါတယ်။

ဂျာမနီတင့်ကားများဟာ အမေရိကန် တင့်ကားများကဲ့သို့ စမတ် သံချပ်ကာဖောက်ကျည်များကို အသုံးပြုနိုင်သလား မပြုနိုင်ဘူးလားဆိုတာတော့ မသိရှိရသေးပါဘူး။
၎င်းဟာ HE ကျည်အမျိုးအစားဖြစ်သည့် DM11 များကို အသုံးပြုပြီး ၎င်းတို့ဟာလည်း data link နှင့် ချိတ်ဆက်ပြီး ပရိုဂရမ်ဖြင့် ပစ်ခတ်နိုင်ပါတယ်။
Leclerc XLR (ပြင်သစ်)
ပြင်သစ်လုပ် အဆင့်မြင့် ပင်မတိုက်ပွဲဝင် တင့်ကားဖြစ်တဲ့ Leclerc ဟာ ၎င်း၏ အနာဂါတ်အတွက် XLR မျိုးကွဲများ အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပါတယ်။
ဒီတင့်ကား၏ အဓိက အားသာချက်ကတော့ SCORPION လို့ခေါ်တဲ့ စစ်မြေပြင် ကွန်ယက်ဖြစ်ပြီး ပြင်သစ် စစ်တပ်၏ တိုက် ခိုက်ရေးယာဉ်မျိုးစုံနှင့် ချိတ်ဆက်နိုင်ပါတယ်။

သံချပ်ကာဟာ ပိုမိုကောင်းမွန်လာပေမယ့် active protection system တော့ တပ်ဆင်ထားတာကို အခုထိ မတွေ့ရသေးပါဘူး။
Strv 122C (ဆွီဒင်)
ဆွီဒင်၏ Strv 122C များဟာ ဂျာမနီ၏ Leopard 2A5 မျိုးကွဲကိုမှ အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။
အဓိကအားဖြင့် အာရုံခံ ကိရိယာများကို အဆင့်မြှင့်တင်ထားပြီး အစောပိုင်း အနီအောက်ရောင်ခြည်သုံး အပူလှိုင်းရှာ ပုံဖော်စနစ်မှ တတိယမျိုးဆက်သို့ အဆင့်မြှင့်တင်ထားပါတယ်။
NATO အဖွဲ့၏ Leopard 2 များတွင် Strv 122C ဟာ ပိုမို ကောင်းမွန်တဲ့ သံချပ်ကာကို ပိုင်ဆိုင်ထားပြီး ထပ်ပိုး သံချပ်ကာ စ နစ် MEXAS-H နှင့် တွဲဖက် အသုံးပြုနိုင်ပါတယ်။

ဒါ့ကြောင့် Strv 122C များဟာ အမြောက်ဒဏ်ကို ပိုမိုခံနိုင်ပါတယ်။
လက်နက်ပိုင်း ဆိုင်ရာမှာတော့ ကြီးကြီးမားမား အဆင့်မြှင့်တင်မှုတွေ မလုပ်ထားသည့်အတွက် လက်ရှိ တပ်ဆင်ထားသည့် L/44 ပင်မအမြှောက်ဟာ သံချပ်ကာဖောက်နိုင်စွမ်း အကန့်အသတ်ရှိပါတယ်။
Leopard 2A6 HEL (ဂရိ)
ဂရိ၏ Leopard 2A6 များဟာ အခြား Leopard 2A6 မျိုးကွဲများထက် သံချပ်ကာပိုမို ကောင်းမွန်ပြီး Leopard 2A6EX ၏ ရှေ့ပြေးပုံစံမှ ဆင်းသက်လာတာပါ။
အပေါ်ပိုင်းတွင် စောင်းထားသည့် သံချပ်ကာပြားများဖြင့် အားဖြည့်ထားပြီး ထပ်ပိုး သံချပ်ကာ စနစ် MEXAS ကိုလည်း အ သုံးပြုထားပါတယ်။

Leopard 2A6 HEL တွင် L/55 ပင်မအမြောက်ကိုသာ တပ်ဆင်ထားပေမယ့် NATO အဖွဲ့ထဲမှ အကောင်းဆုံး တင့်ကားတစီးအဖြစ် ရှိနေဆဲပါ။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။