ဂျပန်နိုင်ငံဟာ သဘာဝနှင့် လူဖန်တီးမှု နှစ်ခုစလုံးရဲ့ မျှတတဲ့ ဘေးအန္တရာယ်များကို တွေ့ကြုံခဲ့ရပြီး လွန်ခဲ့တဲ့ ခြောက်နှစ်က ငလျင်တစ်ခုကလည်း အနက်ရှိုင်းဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်အဖြစ် အမှတ်အသားတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့ပါတယ်။
အလွန်နက်ရှိုင်းတဲ့ ငလျင်အကြောင်းကို မကြာသေးမီက Geophysical Research Letters ဂျာနယ်တွင် ဖော်ပြခဲ့ပြီး လွန်ခဲ့သော ခြောက်နှစ်ခန့်က ကမ္ဘာမြေမျက်နှာပြင်ကို တုန်လှုပ်စေခဲ့သော ပြင်းထန်တဲ့ လှုပ်ခတ်မှုတွေ အကြောင်းကိုလည်း ဆွေးနွေး ထားပါတယ်။

ဂျပန်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ Bonin ကျွန်းစုတွေရဲ့ ကမ်းလွန်မှာ ပထမဆုံး ပြင်းအား ရစ်ခ်ျတာစကေး ၇.၉ နှင့် မြေအောက် ကီလိုမီတာ ၆၈၀ ခန့်လောက်မှာ လှုပ်ခတ်ခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆိုပါ ပြင်းအားနဲ့လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ စောက်နက်ငလျင် များထဲမှ တစ်ခုဖြစ်ပါတယ်။
ပထမအကြိမ် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ပြီး ယနေ့အထိ အနက်ရှိုင်းဆုံးလှုပ်ခတ်ခဲ့တဲ့ စောက်နက်ငလျင် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အဆိုပါ ငလျင်ကြီးဟာ ဂျပန်နိုင်ငံရဲ့ စီရင်စု ၄၇ ခုမှာ လှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၁၃၀ အတွင်း ပထမဆုံး စံချိန်တင်ခဲ့ပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုမှာ မြေမျက်နှာပြင်အောက် ၇၅၁ ကီလိုမီတာ(၄၆၇ မိုင်) အကွာ lower mantle အလွှာ အတွင်းတွင် လှုပ်ခတ်သွားခဲ့တယ်ဟု ခန့်မှန်းရပြီး ငလျင်လှုပ်ခတ်မှု တစ်ကြိမ်မှ မတွေ့ရသေးသည့် အောက်ခံအလွှာတစ်ခုဖြစ်ပါတယ်။
ယခင်က သိပ္ပံပညာရှင်တွေနဲ့ ငလျင်ပညာရှင်တွေက lower mantle အတွင်းတွင် လှုပ်ခတ်သွားတဲ့ ငလျင်တွေကို မှတ်တမ်းတင်နိုင်ခဲ့ကြပေမည့် အလွှာပေါ်ရှိ တည်နေရာအတိအကျကို ဖော်ထုတ်နိုင်ခြင်း မရှိကြပါဘူး။
ဝါရှင်တန်တက္ကသိုလ်မှ စောက်နက် ငလျင်တွေကို အထူးပြုလေ့လာတဲ့ ငလျင်ပညာရှင် Douglas Wiens က ဒါဟာ lower mantle အလွှာ မှာ ဖြစ်ပေါ်တဲ့ ငလျင်တွေအတွက် အကောင်းဆုံး သက်သေဘဲ လို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေနဲ့ ငလျင်ပညာရှင်တွေက စောက်နက်ငလျင်တွေဟာ ပျက်စီးဆုံးရှုံးမှု အနည်းငယ်မျှသာဖြစ်ပေါ်သော်လည်း အဆိုပါ လှုပ်ခတ်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာပြီး ကမ္ဘာမြေမျက်နှာအောက် ပြောင်းလဲသွားတာတွေကို ခန့်မှန်းပုံဖော်နိုင်တယ် ဟု ဆိုပါတယ်။

ငလျင်လှုပ်ခတ်မှုတွေဟာ ကမ္ဘာဂြိုလ်ရဲ့ အတွင်းပိုင်း ဖြစ်စဥ်တွေကို လေ့လာဖို့ ငလျင်ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေကို ကူညီပေးပြီး lower mantle အလွှာ အတွင်း ငလျင်လှုပ်ခတ်မှုဟာ မြေအောက်ကမ္ဘာနဲ့ ပတ်သတ်ပြီး လေ့လာနိုင်မည့် အချက်အလက် ရှုထောင့်အသစ်တွေ ရရှိအောင် ကူညီပေးတယ် ဟု ဆိုပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။