သိပ္ပံပညာရှင်များက ကမ္ဘာမြေဟာ အာကာသထဲမှ ဥက္ကာခဲမှုန့်များနှင့် ဥက္ကာခဲအကျိုးအပဲ့အပျက်အစီးများကြောင့် နှစ်စဉ်တန်ချိန် ၄၀,၀၀၀ ခန့် တိုးလာနေပြီး ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ဟာလည်း ကမ္ဘာ့လေထုမှအာကာသထဲသို့ နှစ်စဉ် တန်ချိန် ၉၅,၀၀၀ ခန့် ဆုံးရှုံးနေတယ်လို့ ခန့်မှန်းကြပါတယ်။
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ဟာ အလွန်ပေါ့ပါးသဖြင့် ကမ္ဘာ့မြေဆွဲအားက ၎င်းကို လေထုထဲတွင် မထိန်းသိမ်းနိုင်ပါဘူး။
ကမ္ဘာမြေ၏ အလယ်ဗဟိုချက်အတွင်း ရေဒီယိုသတ္တိကြွ ယိုယွင်းမှုကြောင့်လည်း တစ်နှစ်လျှင်တန်ချိန် ၁၆၀ နီးပါး ကမ္ဘာ့ ဒြပ်ထု ဆုံးရှုံးမှု၊ လေထုထဲမှတစ်နှစ်လျှင် တန်ချိန် ၁,၆၀၀ ခန့် သော ဟီလီယံဓါတ်ငွေ့ ဆုံးရှုံးမှုကဲ့သို့သော ဖြစ်စဥ်များရှိပါတယ်။
သို့သော်လည်း ယင်းဖြစ်စဉ်များဟာ ကမ္ဘာ့ဒြပ်ထု လျော့ကျမှုအတွက် အနည်းငယ်သော သက်ရောက်မှုသာဖြစ်ပါတယ်။ နှစ်စဥ် ကမ္ဘာပတ်လမ်းထဲသို့ ပစ်လွတ်လိုက်သော ဒြပ်ထုတန်ချိန် မှာ ရာဂဏန်းအနည်းငယ်မျှသာဖြစ်သဖြင့် ၎င်းကိုလည်း လစ်လျူရှူ့ထားရပါမယ်။

မယုတ်မလွန် ခန့်မှန်းတွက်ချက်မှုအရ ကမ္ဘာမြေဟာ နှစ်စဉ် ဒြပ်ထု တန်ချိန် ၅၀,၀၀၀ ဆုံးရှုံးနေသည်ဟု ဆိုလိုကြပါတယ်။ အများကြီးတူပါတယ်။
သို့သော် ကမ္ဘာမြေထု၏ တန်ချိန်မှာ ၅.၉၇ ဘီလီယံ ထရီလီယံခန့် ရှိနေသောကြောင့် ဤကုန်ခမ်းနှုန်းဖြင့်ဆိုလျှင် ကမ္ဘာကြီး လုံးလုံးပျောက်ကွယ်ရန် နှစ်ပေါင်း ၁၂၀,၀၀၀ ထရီလီယံ ခန့်ကြာလိမ့်မည်ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာမြေသက်တမ်းရဲ့ အဆသန်းပေါင်းများစွာ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ စကြဝဋ္ဌာရဲ့ သက်တမ်း နှင့်ဆိုလျှင်လည်း ယင်းသက်တမ်းထက် အဆသန်းပေါင်းများစွာပဲဖြစ်ပါတယ်။
ထို့ကြောင့် ဤဒြပ်ထုဆုံးရှုံးမှုဟာ ကမ္ဘာမြေကြီး သို့မဟုတ် လူသားများ အပေါ်အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူးခင်ဗျာ။
(အသားတင် ဆုံးရှုံးမှုသည် နှစ်စဉ် ၀.၀၀၀၀၀၀၀၀၀၀၀၀၀၀၁ ရာခိုင်နှုန်း ခန့်ဖြစ်ပါတယ်။ ထို့ကြောင့် ကမ္ဘာမြေထု၏ တန်ချိန် ၅.၉၇ ဘီလီယံ ထရီလီယံခန့် နှင့်နှိုင်းယှဉ်လျှင်မပြောပလောက်ပါ။ဟီလီယမ်သည် လေထု၏ ၀.၀၀၀၅၂ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ၎င်းသည်ရှားပါးသော ဒြပ်စင်တစ်ခု ဖြစ်ပါတယ်။)