ခွေးတွေဟာ သဘာဝအရ အညစ်အကြေးတွေကို အကုန်စားကြပါတယ်။ စားပွဲပေါ်မှာ စားစရာ ကစပြီး အီအီးတွေအထိ ဘာမဆို စားကြတာပါ။
ကြောင်နှင့် ခွေး နှစ်ကောင်လုံးဟာ မြက်တွေကို မြုံ့နေရတာ သဘောကျပုံရပေမယ့် ကြောင်တွေကတော့ အစားအသောက်ကို ပိုပြီး ခွဲခြားကြပါတယ်။
ခွေးတွေဟာ ၎င်းတို့ အစာအိမ် နေလို့မကောင်းလာရင် သက်သာဖို့နဲ့ အော့အန်စေဖို့ မြက်ကို စားကြတာဖြစ်ပေမယ့် ကြောင်တွေကတော့ ဘာလို့ စားမှန်း မသိကြပါဘူး။
အခုတော့ သိပ္ပံပညာရှင်များဟာ သူတို့မှာ ဒီအကြောင်းအတွက် အဖြေရှိပြီလို့ ယုံကြည်ရပါတယ်။
မကြာသေးမီက နော်ဝေနိုင်ငံ Bergen မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အသုံးချ တိရစ္ဆာန် အလေ့အထ ခွဲခြားမှုဗေဒ အဖွဲ့အစည်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် တင်ပြချက်အရ ကြောင်ပိုင်ရှင်များဟာ အစာအိမ်နာခြင်းကို ဖြေရှင်းဖို့ ကြောင်တွေ မြက်စားရတဲ့ အချက်ကို သက်သေပြ နိုင်ခဲ့ပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ သုတေသီများဟာ ကြောင်များနှင့် တနေ့လျှင် အနည်းဆုံး ၃ နာရီလောက် အချိန်ဖြုန်းတတ်တဲ့ ကြောင်ပိုင်ရှင်ပေါင်း ၁၀၂၁ ယောက်ကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။
၎င်းတို့၏ ကြောင်များရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကို လေ့လာရာမှာ ၇၁ ရာခိုင်နှုန်းလောက်ဟာ မြက်တွေ ဝါးနေတာကို တွေ့ခဲ့ပြီးနောက် အော့အန်တာကို တွေ့ရပါတယ်။
ဒါပေမယ့် အကြမ်းဖျင်းအားဖြင့် ပြန်လည်ပြောပြတဲ့ ၉၁ ရာခိုင်နှုန်းလောက်က ၎င်းတို့၏ ကြောင်များဟာ အစာကြမ်းများစားပြီးနောက်မှာ ဖျားနာပုံတော့ မပေါ်ဘူးလို့ ပြောပါတယ်။
ဒါ့ကြောင့် မြက်ဝါးတာဟာ ဒီကြောင်လေးတွေဟာ သူတို့ရဲ့ အစာအိမ်နာ ဖြစ်တာကို ကိုယ့်ဘာသာကိုယ် ကုသတာမျိုး မဟုတ်ဘူးဆိုတော့ ဘာဖြစ်နိုင်မလဲ ဆက်လေ့လာကြည့်တာပေါ့။
သိပ္ပံပညာရှင်များအဆိုအရ ကြောင်များဟာ ၎င်းတို့၏ ဘိုးဘေးဘီဘင်တွေကတည်းက အူလမ်းကြောင်းဆိုင်ရာ ကပ်ပါးကောင်တွေကို တွန်း လှန်ဖို့ မြက်ကိုစားဖို့ လှုံဆော်တာဖြစ်တယ်လို့ ဆိုပါတယ်။

မြက်ကို စားသုံးခြင်းဟာ အစာခြေလမ်းကြောင်းရှိ ကြွက်သားလှုပ်ရှားမှုများကို မြင့်တက်စေပြီး မလိုလားအပ်သော အရာများကို ဖယ်ထုတ်နိုင်စွမ်း ရှိပါတယ်။
ကြောင်များဟာ အသားစား သတ္တဝါများ ဖြစ်သည့်အလျှောက် ၎င်းတို့၏ သဘာဝအရ ချိတ်သန်ကောင်နှင့် အခြားသန်ကောင်များကို ရင်ဆိုင်ရလေ့ရှိပါတယ်။
ဒါပေမယ့် ကြွက်မစားရတဲ့ ကြောင်အများစုကတော့ ဒီလို ကပ်ပါးကောင်များ ရှိလေ့မရှိပါဘူး။ ဒါပေမယ့် ၎င်းတို့၏ ဗီဇမှာလည်း မြက်များကို ဝါးတတ်တဲ့ အကျင့်က ပါနေပါသေးတယ်။
ဒါ့ကြောင့် ကြောင်များဟာ အူလမ်းကြောင်းနှင့် အစာအိမ်အတွင်း ကပ်ပါးကောင်များကို ဖယ်ရှားနိုင်ဖို့ မြက်များကို ဝါးတတ်သည့်အပြင် ၎င်းတို့၏ ဘိုးဘေး ဗီဇအရလည်း ဝါးတတ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
Knowledgeworms Copyright © 2021