ဂျာမန်တို့ကို တွန်းလှန်ခဲ့တဲ့ အာဂ ပြင်သစ် မိန်းကလေး
History
အမည်ဝှက် Simone Segouin လို့လူသိများတဲ့ Nocole Minet ဆိုတဲ့ အမျိုးသမီးလေးဟာ ဂျာမန်တွေ သူမနေထိုင်တဲ့ ပြင်သစ်နိုင်ငံကို ကျူးကျော်တဲ့အချိန်တုန်းက အသက် ၁၈ နှစ်သာရှိပါသေးတယ်။
သူမရဲ့ပထမဆုံး ဂျာမန်တွေကိုဆန့်ကျင်တဲ့လုပ်ရပ်တွေကတော့ ဂျာမန်အုပ်ချုပ်ရေးက စက်ဘီးတစ်စီးကိုခိုးယူခဲ့တာဖြစ်ပြီး သူမနောက်ကိုမလိုက်နိုင်အောင် စက်ဘီးတွေ၊ ဆိုင်ကယ်တွေရဲ့ တာယာတွေကိုလှီးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူမခိုးယူထားတဲ့ စက်ဘီးကိုအသုံးပြုပြီး ရုရှားစစ်တပ်ကို သတင်းပေးပို့မှုတွေပြုလုပ်ခဲ့ပါတယ်။
သူမဟာအရမ်းကို သင်လွယ်တတ်လွယ်ပြီးတော့ ဗျူဟာနှင့် ဖောက်ခွဲရေးပစ္စည်းတွေနဲ့ပတ်သတ်လို့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမဟာ ရုရှားကာကွယ်ရေးတပ်နဲ့အတူ သူမရဲ့အဖွဲ့ကိုဉီးဆောင်ပြီး ဂျာမန်စစ်သားများကိုဖမ်းဆီးခြင်း၊ ထောင်ချောက်များတပ်ဆင်ခြင်း နှင့်
ဂျာမန်စစ်လက်နက်များကို ဖျက်ဆီးခြင်းစတဲ့ စစ်ဆင်ရေးများကိုလုပ်ဆောင်ခဲ့ပါတယ်။
စစ်ပွဲများအရှိန်မြင့်လာသည်နှင့်အမျှ သူမ၏စစ်ဆင်ရေးများသည် ဂျာမန်ရထားလမ်းများကို လမ်းလွှဲခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊ တံတားများဖောက်ခွဲခြင်း နှင့် မဟာမိတ်တပ်ဖွဲ့များအား ပြင်သစ်နိုင်ငံအတွင်းမှ ပြန်လည်သိမ်းယူနိုင်ရေးအတွက် ဂျာမန်လွတ်လမ်းမရှိအောင်ဖန်တီးရန်ကူညီခြင်းတို့အထိ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
သူမဟာ ဘယ်တော့မှလည်း အဖမ်းမခံခဲ့ရပါဘူး။ သူမဟာ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက် ပြင်သစ်မြောက်ပိုင်း Chartres မြို့လွတ်မြောက်ရေးတွင်ပါဝင်ခဲ့ပြီး ၂ ရက်အကြာ မြို့တော် ပဲရစ်လွတ်မြောက်ရေး မှာလည်း ပါဝင်ခဲ့ပါတယ်။ သူမကို ဗိုလ်လေး အဆင့်အထိရာထူးတိုးမြှင့်ပေးခံရပြီး Croix de Guerre ဆုတံဆိပ် အပါအဝင် အခြား ဆုတံဆိပ်များစွာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
စစ်ကြီးပြီးတဲ့နောက်မှာ သူမဟာ ဆေးပညာကိုလေ့လာခဲ့ပြီး ကလေးသူနာပြုတစ်ဉီးဖြစ်လာခဲ့ပါတယ်။ သူမဟာအခုထိ ကျန်းမာနေဆဲဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ၉၆ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။
Zaw Gyi
အမည်ဝှက် Simone Segouin လို့လူသိများတဲ့ Nocole Minet ဆိုတဲ့ အမျိုးသမီးလေးဟာ ဂျာမန်တွေ သူ့နိုင်ငံကို ကျူးကျော်တဲ့အချိန်တုန်းက အသက် ၁၈ နှစ်သာရှိပါသေးတယ်။
စစ်ပွဲများအရှိန်မြင့်လာသည်နှင့်အမျှ သူမ၏စစ်ဆင်ရေးများသည် ဂျာမန်ရထားလမ်းများကို လမ်းလွှဲခြင်း၊ လမ်းများပိတ်ဆို့ခြင်း၊ တံတားများပေါက်ကွဲခြင်း နှင့် မဟာမိတ်တပ်ဖွဲ့များအား ပြင်သစ်ကိုအတွင်းမှပြန်လည်သိမ်းယူနိုင်ရေးအတွက် ဂျာမန်လွတ်လမ်းမရှိအောင်ဖန်တီးရန်ကူညီခြင်းတို့အထိ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
Content Protection by DMCA.com
Leave a Reply
Your email address will not be published. Required fields are marked *