မကျက်သေးတဲ့ အစားအစာတွေနဲ့ အသားအမျိုးမျိုးမှာ ပေါက်ဖွားနိုင်တဲ့ ဘက်တီးရီးယားတွေရှိပြီး ၎င်းတို့ဟာ အန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။
အသားစိမ်းတွေနဲ့ ပြုလုပ်ထားတဲ့ ဥရောပမှာ စတင်တဲ့ ရိုးရာ carpaccio၊ tartare၊ kitfo နှင့် Ossenworst တို့လို ရိုးရာ အ စားအစာတွေတော့ ရှိပါတယ်။

သို့ပေမယ့် Salmonella၊ Listeria၊ Campylobacter၊ Yersinia နှင့် E. coli ကဲ့သို့သော လူကို အန္တရာယ်ဖြစ်စေသည့် ဘက်တီးရီးယားများ ပါဝင်တဲ့အတွက် အသားစိမ်း စားသုံးခြင်းကို မထောက်ခံကြပါဘူး။
လူမှုကွန်ယက်ပေါ်မှာ ထူးခြားတဲ့ လူတွေရဲ့ အပြုအမူတွေကို မြင်ရလေ့ ရှိတဲ့အတိုင်းပဲ ဒီတခါမှာတော့ အသားစိမ်းတွေ စားသုံးတာနဲ့ ပတ်သက်နေပါတယ်။
Instagram ပေါ်ရှိ လူတစ်ယောက်ဟာ အထက်ပါ ဖော်ပြခဲ့တဲ့အတိုင်း အသားစိမ်းများကို စားသုံးနေတာ ၈၂ ရက်တောင် ရှိနေပါပြီ။
အကြောင်းကတော့ အသားစိမ်းတွေ စားသုံးခြင်းကနေ ဘက်တီးရီးယားများကြောင့် ၅ ရက်ခံမလား နှစ် ၅၀၀ ခံမလား ဆိုတာ သိချင်လို့ပါ လို့ ဆိုပါတယ်။

၎င်းဟာ နုပ်နုပ်စဉ်းထားတဲ့ အသားစိမ်းနှင့် နွားဦးနှောက်များကို စားသုံးနေတာကို နွားနို့နှင့် ကြက်ဥစိမ်းများကို သောက်သုံးရင်း ဗီဒီယို ရိုက်ကူးကာ Instagram ပေါ်တင်လေ့ရှိပါတယ်။
သူ့ရဲ့ အကြိုက်ဆုံး အစားအစာတွေက ကြက်ရင်ပုံ၊ ဓားရှည်နှုတ်သီးရှိငါးမျိုးနှင့် အမဲသားတို့ဖြစ်ပြီး အခုအချိန်အထိ ပြင်း ထန်တဲ့ အစာအဆိပ်သင့်တာမျိုး မဖြစ်ဖူးသေးဘူးလို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ အမျိုးသား တယောက်ကတော့ အပင်အခြေပြု အသီးအရွက် အစားအစာများကို အဓိကထား စားသုံးရင်း နေမကောင်းသလို ခံစားရပြီးနောက် ဒီလို စမ်းသပ်မှုတွေ စတင်ခဲ့တာလို့ ပြောပါတယ်။
“မနက်စာအတွက် အမဲသား နှင့် ကြက်ဥ ကို ယခင်က ပေါင်မုန်နှင့် အချိုရည်အစား စတင် ပြောင်းလဲစားသုံးပြီး နောက်ပိုင်းမှာ ဗိုက်ပိုပြည့်သလို အမြဲခံစားရကာ ကာဗိုဟိုက်ဒရိတ်ကြောင့် မူးမော်ခြင်းနှင့် နာကျင်မှုများကို သက်သာစေပြီး တည်ငြိမ်စေတယ်” လို့ ၎င်းက ပြောပါတယ်။

အသားစိမ်းဟာ လည်ချောင်းနာခြင်း၊ လိပ်ခေါင်းနှင့် ဝမ်းချုပ်ခြင်းကဲ့သို့ အခြား ကျန်းမာရေး ပြဿနာများကို ကြုံရစေနိုင်ပါတယ်။
သူ့ရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေအပေါ် လူအများက မနှစ်မျို့ကြပေမယ့် သူရဲ့ follower ၈၅,၅၀၀ ထဲမှ အချို့ကတော့ သဘောကျ ထောက်ခံနေကြပါတယ်။
ဒါကိုကြားရတာ သင့်အတွက် အံ့အားသင့်စရာ တခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူဟာ ပထမဆုံး အသားစိမ်း စားနေတဲ့ သူတော့ မဟုတ်ပါဘူး။
နီဘရာစကန် အမျိုးသားတဦးဖြစ်တဲ့ Weston Rowe ဆိုသူဟာလည်း ကြက်သားစိမ်းကို စားသုံးနေသည်မှာ နှစ်ပေါင်း အ တော်ကြာ ရှိနေပြီဖြစ်ပြီး ဖျားနာခြင်းတောင် မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အသားစိမ်းတွေ၊ ဝှေးတွေ၊ အသည်းနှင့် ရိုးတွင်းခြင်ဆီများကို စားသုံးတဲ့ Liver King ဆိုသူကလည်း ၎င်း၏ ကြံ့ခိုင်မှုဟာ ဒီအချက်တွေကြောင့်လို့ ဆိုပါတယ်။
ယခု Instagram လူကတော့ “မကျက်သည့် အစားအစာများကို စားသုံးခြင်းဟာ အသက်အန္တရာယ် ဖြစ်နိုင်သည်” ဆိုတဲ့ စ ကား မဟုတ်ဘူး ဆိုတာ သက်သေပြဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။