သင့်ရဲ့ မျက်မှန်ကို သန့်ရှင်းရေးလုပ်ဖို့ မှန်ကန်တဲ့ နည်းလမ်းများ

Knowledge Lifestyle

ပါဝါ ပါတဲ့မျက်မှန်တွေဟာ မျက်မှန်တပ်ရန်လိုအပ်သော အမြင်အာရုံဆိုင်ရာ ပြသာနာ ကြုံတွေ့နေရသူတွေ အတွက် အသက်ကယ်ဆေးသဖွယ် ဖြစ်နေပါတယ်။

မျက်မှန် တွေမှာ ဖုန်မှုန့်အညစ်အကြေးတွေ နဲ့ ချေးညော်တွေ စုပြုံနေတဲ့အချိန်မှာဆို ကမ္ဘာကြီးက နည်းနည်း အုံ့မှိုင်းမှိုင်း မှိန်တိမ်တိမ် ဖြစ်နေသလို မြင်တွေ့နေရပါလိမ့်မယ်။

ဒါကြောင့် မျက်မှန်တွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ မျက်မှန်တပ်သူတော်တော်များများဟာ မျက်မှန်ကိုင်းကနေ ကိုင်ပြီး မှန်တွေကို ရှပ်အင်္ကျီနဲ့ မြန်မြန်ပွတ်လေ့ပွတ်ထ ရှိတဲ့ အကျင့်ရှိကြပါတယ်။

ဒီအလေ့အကျင့်က အကြီးအကျယ်ထိ​ရောက်မှုမရှိ စေရုံသာမက မှန်တွေကို အမှန်တကယ် ပျက်စီး စေပါတယ်။

သင့်ရဲ့အမြင်အာရုံကို တိုးတက်စေပြီး ကြည်လင်ပြတ်သားတဲ့ မျက်မှန်တစ်လက် ရရှိဖို့ အကြံပေးချက်တစ်ချို့ကို အောက်မှာ လေ့လာနိုင်ပါတယ်။

(၁) သင့်မျက်မှန်ကို သန့်ရှင်းရေးလုပ်ဖို့ အဆိုးဆုံးနည်းလမ်း

လူအများစုက မျက်မှန်နဲ့ပတ်သတ်ပြီး သူတို့ဝတ်တဲ့ အင်္ကျီရွေးတဲ့အခါ အဆင်ပြေပြေ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ရှပ်အင်္ကျီ လိုမျိုး ပုံမှန်ရွေး ဝတ် ဆင်လေ့ရှိပါတယ်။

ဒါပေမယ့် အဝတ်အစားတွေက မှန်ကို သန့်ရှင်းဖို့အတွက် စိတ်ကူး​​ကောင်းတစ်ခုတော့မဟုတ်ပါဘူး။

အင်္ကျီနဲ့သန့်ရှင်း​ရေးလုပ်တာဟာ မျက်ဘီလူးမျက်နှာပြင်ပေါ်မှာ အဏုကြည့်အသေးစားပွတ်တိုက်ရာလေးတွေဖြစ်ပေါ်စေတဲ့ ပွန်းရှတာလေးတွေ ဖြစ်ပေါ်စေပါတယ်။

ဒါဟာနောက်ဆုံးမှာ သိသိသာသာထင်ရှားတဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေတာကို တွေ့ရပါလိမ့်မယ်။ ဘယ်လောက်ပျော့တဲ့ အဝတ်စဖြစ်ဖြစ် မျက်မှန်သုတ်ဖို့အတွက် အသုံးပြုဖို့ မရည်ရွယ်သင့်ပါဘူး။

ဒါကြောင့်မျက်မှန်ကို အင်္ကျီ နဲ့သန့်ရှင်းရေးလုပ်တာမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။

(၂) သင့်မျက်မှန်ကို သန့်ရှင်းဖို့အကောင်းဆုံးနည်းလမ်း

စျေးကြီးတဲ့ မျက်မှန်သန့်ရှင်းရေးပစ္စည်းတွေနဲ့ပတ်သတ်ပြီး သင့်အနေနဲ့ စိတ်ပူစရာမလိုပါဘူး။

မျက်မှန်မှာရှိတဲ့ ချေးညှော်အညစ်အကြေးတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းကတော့ ဆပ်ပြာ၊ ရေ နဲ့ ဝါဂွမ်း တို့ဖက် တို့ဘဲ ဖြစ်ပါတယ်။

မျက်မှန်ကိုင်းတွေကြားထဲမှာရှိတဲ့ ချေးညှော်တွေကို ဖယ်ရှားဖို့ အညစ်အကြေးစုပ်ယူတဲ့ ဝါဂွမ်း တို့ဖက် တို့ကို သုံးသင့်ပါတယ်။

ထို့နောက် မှန်မျက်နှာပြင်မှာရှိတဲ့ ဖုန်မှုန့်အညစ်အကြေးတွေဖယ်ရှားဖို့ မပူမအေး ရေနွေးနွေးလေးနဲ့ သန့်ရှင်းပေးလို့ရပါတယ်။ ကပ်စွဲနေတဲ့ ချေးညှော်တွေကိုတော့ အပျော့စားဆပ်ပြာ သိုမဟုတ် ချွတ်ဆေးမပါတဲ့ ဆပ်ပြာ သုံးနိုင်ပါတယ်။

ပြီးတော့ မျက်မှန်ရဲ့ မှန်တစ်ဖက်စီမျက်နှာ​​​​ပြင်တွေကို လက်ချောင်းလေးတွေသုံးပြီး ချေးညှော်တွေကို ဖယ်ရှားနိုင်ပါတယ်။ အားလုံးပြီးသွားရင် ရေဆေးသန့်စင်လို့ရပါပြီ။

(၃) Microfiber Cloth ကိုလည်း အချိန်မှန်မှန် အသုံးပြုတက်ဖို့လိုပါတယ်

Microfiber အဝတ်စတွေကို သုံးခြင်းဟာ ရှပ်အင်္ကျီ ကဲ့သို့ အမှန်တကယ် ပွန်းပဲ့မှုမဖြစ်နိုင်သော်လည်း သင့်မျက်မှန်ကို ဆေးကြောခြင်းနဲ့ ဆေးကြောခြင်း မပြုလုပ်မှီ တစ်ခုကိုအရင် အသုံးပြုခြင်းဟာ တန်ပြန်အကျိုးဖြစ်ထွန်းတာကို တွေ့ရပါတယ်။

သင့်အနေနဲ့ အဝတ်ကိုဖယ်ရှား​မဲ့အစား မျက်မှန်မှာ ရှိတဲ့ အညစ်အကြေးတွေကို အရင်ဖယ်ရှားသုတ်သင်သင့်ပါတယ်။

အဲ့ဒီအစား မျက်မှန်ကို အခြောက်ခံဖို့ အဝတ်စ (မျက်မှန်တွင်အတူ ပါလာလေ့ရှိတဲ့ အဝတ်စ) ကို အသုံးပြုသင့်ပါတယ်။

(၄) သင့်ရဲ့ မျက်မှန်ကို သန့်ရှင်းဖို့ ဘာကြောင့် အရေးကြီးတာလဲ

သင့်မျက်မှန်ရဲ့မှန်ဘီလူး​တွေ သန့်ရှင်းသလို မျက်မှန်ကိုလည်း သန့်ရှင်းအောင် ထားဖို့ အကြောင်းပြချက်ရှိပါတယ်။

သင့်အရေပြားက အဆီတွေ ၊ ဖုန်တွေ နဲ့ တခြားအညစ်အကြေးတွေက မျက်မှန်ဘောင်ပေါ်တင်နေပြီး မျက်မှန်ဘောင်နဲ့ အရေပြားထိတဲ့နေရာတွေမှာ ဝက်ခြံ ၊ အဆီဖု တွေကို ဖြစ်ပေါ်စေတက်ပါတယ်။

ဒါကြောင့်မျက်မှန်တွေကို သန့်ရှင်းအောင်ထားခြင်းဟာ ဝက်ခြံထွက်ခြင်းကိုလဲ သက်သာစေပါတယ်။

(၅) မှန်သန့်ရှင်းရေး ကို ဖြေရှင်းတဲ့နည်းလမ်းကို ဘယ်လိုအချိန်မှာ အသုံးပြုသင့်သလဲ

ရိုးရိုးဆပ်ပြာ နဲ့ ရေထက်ကောင်းမွန်တဲ့ မှန်သန့်ရှင်းရေးနည်းလမ်းမရှိပါဘူး။

သို့သော်လည်း ခရီးသွားတဲ့အချိန် အလွယ်တကူမရနိုင်တဲ့အခါတွေမှာ မျက်မှန်သန့်ရှင်းတဲ့ ပစ္စည်းတွေ နဲ့ မျက်နှာသုပ် ပုဝါ တွေကလည်း အလုပ်ဖြစ်တာကို တွေ့ရပါတယ်။

မျက်မှန်ကိုသန့်သန့်ရှင်းရှင်းထားတက်တဲ့ သင်ရှိနေသ၍ မျက်မှန်မှာ အကာအကွယ် မရှိရှိ မပွန်းမပဲ့ လုံခြုံနေမှာဘဲ ဖြစ်ပါတယ်။

(၆) မျက်မှန် နဲ့ ငဗစ်

ငဗစ်ဟာ ဖန်မျက်နှာပြင်များပေါ်တွင် ကိုးရက်အထိ ရှိနေနိုင်သဖြင့် အထက်တွင်ဖော်ပြထားသည့်အတိုင်း သင်၏မျက်မှန်များကိုသန့်ရှင်းခြင်းဟာ ကောင်းသောအကြံဥာဏ်ဘဲ ဖြစ်ပါတယ်။

ဒါကြောင့် မျက်မှန်တွေကို အများသုံး စားပွဲတွေပေါ်မှာ ထားခြင်းကိုလည်း သင့်အနေနှင့် ရှောင်ကြဥ်သင့်ပါတယ်။

နှာခေါင်းစည်းတပ်တဲ့အခါ မျက်မှန် အခိုးအငွေ့တွေ ရိုက်တဲ့အခါလဲ ဖော်ပြပါ အချက်တွေကို အသုံးပြုပြီး မျက်မှန်ကို သန့်သန့်ရှင်းရှင်းထားနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *