KidneyX ဟာ သူ့ရဲ့ပထမဆုံး ရှေ့ပြေးပုံစံ လက်တွေ့ ပြသမှုအတွက် ဒေါ်လာ ၆၅၀,၀၀၀ ဆု ရရှိခဲ့ပါတယ်။
Kidney. org ရဲ့ အဆိုအရ ကျောက်ကပ်ရောဂါဟာ ရင်သားကင်ဆာ သို့မဟုတ် ဆီးကျိတ်ကင်ဆာထက် အသက်ဆုံးရှုံးစေမှု ပိုများစေပါတယ်။
အမေရိကန်ပြည်ထောင်စု၌ ခန့်မှန်းခြေလူဦးရေ ၃၇ သန်း သို့မဟုတ် လူကြီး လူဦးရေရဲ့ ၁၅% (အရွယ်ရောက်ပြီးသူ ၇ဦးတွင် ၁ဦးကျော်) ကိုထိခိုက်စေတယ်လို့ သိရပါတယ်။
ကျောက်ကပ် အစားထိုး ကုသခြင်းဟာ ဖြစ်နိုင်ချေရှိသော်လည်း လိုအပ်ချက်က အမြဲပိုများနေပြီး လူနာရဲ့ခန္ဓာကိုယ်ဟာ ကိုယ်တွင်းအင်္ဂါကို ငြင်းပယ်နိုင်တဲ့ အန္တရာယ်ဟာ အမြဲဖြစ်နိုင်ပါတယ်။

ကျောက်ကပ်ဆေးခြင်းဟာ အဖြစ်နိုင်ဆုံး ရွေးချယ်စရာ ဖြစ်နေဆဲ ဖြစ်သော်လည်း လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးပြီး လူနာတွေအတွက် ဝန်ထုပ် ဝန်ပိုးဖြစ်စေပါတယ်။
ယခုဆိုလျှင် အမေရိကန်ကျန်းမာရေးနဲ့လူသားဝန်ဆောင်မှုဌာန (HHS) နှင့် ကျောက်ကပ်ရောဂါကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းတို့မှာ ဆန်းသစ် တီထွင်မှုကို အရှိန်မြှင့်တင်ရန် တည်ထောင်ခဲ့တဲ့ အမေရိကန်ကျောက်ကပ်ဗေဒအဖွဲ့အစည်း (ASN) တို့အကြား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဟာ အဖြေတစ်ခုနဲ့အတူ ထွက်လာနိုင်ပါတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
Kidney Project လို့ခေါ်တဲ့ တီထွင်မှုအသစ်ဟာ အစားထိုး ကုသနိုင်တဲ့ ဇီဝ ကျောက်ကပ်တု ဖြစ်ပြီး သူ့ရဲ့ပထမဆုံး ရှေ့ပြေးပုံစံ လက်တွေ့ပြသမှုအတွက် KidneyX မှ ဒေါ်လာ ၆၅၀,၀၀၀ ဆု ရရှိခဲ့ပါတယ်။
ကျောက်ကပ်တုအတွက် အမြင်ဟာ လူနာတွေကို ဆေးကြောခြင်းထက် ပြီးပြည့်စုံတဲ့ရွေ့လျားမှုနဲ့ ပိုမို ကောင်းမွန်တဲ့ ဇီဝကမ္မ ရလဒ်တွေပေးနိုင်ရန် ဖြစ်တယ်လို့

UCSF ဆေးဝါးနဲ့ ဆေးပညာကျောင်းတွေရဲ့ ပူးတွဲဌာန၊ ဇီဝအင်ဂျင်နီယာနဲ့ ရောဂါကုထုံးသိပ္ပံဌာနမှ ဆရာဝန်တစ်ဦး ဖြစ်တဲ့ Roy ကပြောကြား ခဲ့ပါတယ်။
ကျောက်ကပ်ပျက်ဆီးမှုနဲ့အတူ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော သက်ရှိတွေ အတွက် ပိုမိုမြင့်မားတဲ့အရည်အသွေးကို ပေးလိမ့်မှာဖြစ်ပါတယ်။
ကျောက်ကပ်တုနဲ့ပတ်သက်ပြီး ထူးခြားချက်များ
ဒီကျောက်ကပ်အတုနဲ့ ပတ်သက်ပြီးတော့ ဘာတွေထူးခြားသလဲ။
ဒီကိရိယာကို ခုခံအား တုန့်ပြန်မှု မဖြစ်စေဘဲ လူ့ကျောက်ကပ် ဆဲလ်တွေ ထိန်းသိမ်းမှုကို ရေရှည် တည်တံ့ ခိုင်မြဲစေရန် ပံ့ပိုးပေးဖို့ တီထွင်ထားတာ ဖြစ်ပါတယ်။

ကျောက်ကပ်ပျက်ဆီးနေတဲ့ လူနာတွေဟာ မကြာခဏ ခံစားရပြီး သက်တောင့်သက်သာမရှိတဲ့ ကျောက်ကပ်ဆေးကြောခြင်း လုပ်ထုံး လုပ် နည်းတွေနဲ့ ကျောက်ကပ် အစားထိုး ကုသပြီးတဲ့အခါ သောက်သုံးရတဲ့ ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်တဲ့ ကိုယ်ခံအားကျဆင်းစေတဲ့ ဆေးတွေကို တစ်သက်လုံး စွန့်ပစ်နိုင်တယ်လို့ ဆိုလိုပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။