လမျက်နှာပြင်အောက်တွင် လူသန်းပေါင်း များစွာ အသက်ရှုနိုင်ဖို့ အောက်စီဂျင် အလုံအလောက် ရှိတဲ့အကြောင်း

Knowledge Science

ဒါဟာ အရာအားလုံးကို အပြောင်းအလဲဖြစ်နိုင်ပါတယ်။

ယခုဆိုရင် လမျက်နှာပြင်အောက်မှာ အောက်စီဂျင် အများအပြား ရှိနေကြောင်း တွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

လရဲ့ လေဟာနယ်အနီးရှိ လေထုမှာဆိုရင် လူသားတွေအသက် ရှင်သန်နိုင်ဖို့ အောက်ဆီဂျင်အလုံအလောက် မရှိပါဘူး။

သို့ပေမယ့် Southern Cross တက္ကသိုလ်မှ မြေဆီလွှာ ဆိုင်ရာ သုတေသီ John Grant က လပေါ်ရှိ “regolith” ဟုသိကြတဲ့ ကျောက် ဆောင် မြေလွှာရဲ့ အပေါ်ဆုံးအလွှာဟာ နှစ်ပေါင်း 100,000 ခန့် အသက်ရှင် နေထိုင် နိုင်ဖို့ လူ ၈ ဘီလီယံအတွက် အောက်ဆီဂျင် အလုံ အလောက်ရှိတယ် ဟုဆိုပါတယ်။

တစ်ခုတည်းသော ပြသာနာက အဆိုပါ ကျောက်လွှာတွေက အောက်စီဂျင်ကိုထုတ်ယူပြီး သုံးစွဲနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် သြစတြေးလျအာကာသအေဂျင်စီ နှင့် NASA အကြား ပူးတွဲအစီအစဉ်အသစ်တစ်ခု ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

အောက်တိုဘာလတုန်းက စာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါသဘောတူညီချက်မှာ နာဆာရဲ့ Artemis ပရိုဂရမ်မှတစ်ဆင့် လပေါ်ရှိ ကျောက်တုံးများကို စုဆောင်းနိုင်ဖို့အတွက် Aussie Rover တစ်စီးကို ပေးပို့သွားမည်ဖြစ်ကြောင်း NASA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ lunar regolith မှ အောက်ဆီဂျင်ကို ထုတ်ယူနိုင်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ထုတ်ယူသုံးစွဲနိုင်မည်ဆိုပါက လပေါ် အခြေချ နေထိုင်လိုသူများအတွက် အာကာသအတွင်း လေဝင်လေထွက် ကောင်းအောင် ပေါင်းစပ်နိုင်လျှင် ရေရှည်မှာ လအခြေစိုက်စခန်းတွေဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်ချေ ရှိလာမှာ ဖြစ်ပါတယ်။

ထုတ်ယူဖို့အတွက် electrolysis နည်းပညာကို သုံးစွဲမည်ဖြစ်ပြီး ဒါဟာ “အလွန်ရိုးရှင်းတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်” ဟု Grant က ပြောကြားခဲ့ပါတယ်။

“ဒီလုပ်ငန်းစဥ်ကို ကမ္ဘာပေါ်မှာ အလူမီနီယံထုတ်လုပ်ခြင်း ကဲ့သို့သော ကုန်ထုတ်လုပ်ငန်း​တွေမှာ အသုံးများပါတယ်” ဟု Grant ကဆိုပါတယ်။

“လျှပ်စီးကြောင်းတစ်ခုဟာ လျှပ်ကူးပစ္စည်းမှတစ်ဆင့် အလူမီနီယမ်အောက်ဆိုဒ် (အများအားဖြင့် အလူမီနာဟုခေါ်ပြီး) အရည်ပုံစံတစ်ခုမှတဆင့် ဖြတ်သန်းပြီး အလူမီနီယမ်ကို အောက်ဆီဂျင်နှင့် ခွဲထုတ်ပေးပါတယ်”

လကမ္ဘာမြေဆီလွှာရဲ့ ၄၅ ရာခိုင်နှုန်းခန့်အထိ အောက်စီဂျင် ပါဝင်တယ်ဟု Grant ကမှတ်ချက်ပြုထားသော်လည်း ဆီလီကွန်၊ အလူမီနီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော regolithရဲ့ ဖွဲ့စည်းမှုကနေ အောက်စီဂျင်ထုတ်ယူနိုင်ဖို့အတွက် သိပ္ပံပညာရှင်များဟာ စွမ်းအင်နှင့် စက်မှုပစ္စည်းအများအပြားကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

“လပေါ်မှာ ရေရှည်တည်တံ့နိုင်ဖို့” Southern Cross တက္ကသိုလ်မှ မြေဆီလွှာ သိပ္ပံပညာရှင် Grant က “လပေါ်ရှိ အခြား စွမ်းအင် အရင်း အမြစ်များဖြစ်တဲ့ နေရောင်ခြည်စွမ်းအင် သို့မဟုတ်အခြားစွမ်းအင်အရင်းအမြစ်များမှ ပံ့ပိုးပေးနိုင်ဖို့ လိုအပ်လိမ့်မည် ” ဟု ပြောပါတယ်။

လမျက်နှာပြင်ပေါ်ရှိ အောက်ဆီဂျင်ထုတ်ယူနိုင်ဖို့ဟာ “ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်” ဟု Space Applications Services မှ ကြေငြာထားပြီး အောက်ဆီဂျင်ဖန်တီးထုတ်ယူနိုင်ဖို့အတွက် လပေါ်သို့ ဓာတ်ပေါင်းဖိုသုံးလုံးတည်ဆောက်ကာ ပေးပို့နိုင်ဖို့ စီစဉ်​နေကြောင်း Grant မှ မှတ်ချက်ပြုခဲ့ပါတယ်။

အားလုံးဟာ စီစဥ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်ရင် မကြာခင်မှာ ပြီးမြောက်သွားမှာပါ ဟုဆိုပါတယ်။

ဥရောပအာကာသအေဂျင်စီရဲ့ in-situ resource utilization (ISRU) ပရိုဂရမ်နှင့် ယှဉ်တွဲပြီး ၎င်းရဲ့စမ်းသပ်ဓာတ်ပေါင်းဖိုများကို ၂၀၂၅ မှာ လပေါ်သို့ ပေးပို့နိုင်ဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.