THOR မိုက်ခရိုဝေ့ဖ် အောင်မြင်ပြီး Drone Swarm များအတွက် နောက်ထပ်လက်နက်အသစ် ထုတ်မည်

Military News

ရှေ့ပြေးပုံစံဖြစ်တဲ့ Tactical High-power Operational Responder (THOR) မိုက်ခရိုဝေ့ဖ်၏ အောင်မြင်မှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့များ သုတေသနဓာတ်ခွဲခန်း (AFRL) ဟာ အစုလိုက် မောင်းသူမဲ့လေယာဉ်များကို ကာကွယ်ဖို့ အဆင့်မြင့် အီထက်ထရောနစ် လက်နက်စနစ်ထုတ်လုပ်ဖို့ ဆက်လက်လုပ်ဆောင်နေပါပြီ။

THOR မိုက်ခရိုဝေ့ဖ် လက်နက်အကြောင်းကိုတော့ Knowledgeworms က မကြာသေးမီက ဖော်ပြပေးပြီး ဖြစ်ပါတယ်။

AFRL ဟာ အဆိုပါ နည်းပညာကို ထုတ်လုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေရဲ့ အဆိုပြုလွှာများကို မကြာခင် ဖော်ပြပေးသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Drone swarm လို့ခေါ်တဲ့ အစုလိုက် အပြုံလိုက် ဒရုန်းများဖြင့် စစ်ဆင်သည့် နည်းဟာ နောက်ထပ် ကြီးမားတဲ့အရာတခုဖြစ်ပြီး နိုင်ငံများဟာ အဆိုပါ အန္တရာယ်အတွက် ဆန်းသစ်တဲ့ ဖြေရှင်းမှုတွေကို ရှာဖွေနေကြတာပါ။

ဒရုန်းများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ် တဖြည်းဖြည်း နေ့စဉ်လျော့ကျလာသည်နှင့်အမျှ အရပ်ဘက်ပစ်မှတ်များကို ခြိမ်းခြောက်ခံရမှုဟာလည်း မြင့်တက်လာနေပါတယ်။

ဒါ့ကြောင့် ဒရုန်းကာကွယ်ရေး အစီအမံများဟာ သမားရိုးကျ ပစ်ခတ်ကာကွယ်မှုစနစ်များမှ နေပြီး မရွေ့ဘဲ အကြိမ်ရေ များစွာ ပတ်ခတ်နိုင်တဲ့ ကာကွယ်ရေးစနစ်များသို့ ပြောင်းလဲလာပါတယ်။

မိုက်ခရိုဝေ့ဖ်လက်နက် စမ်းသပ်မှုကတော့ အဲဒီလို နည်းလမ်းများထဲက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ စနစ်တခုဘဲ ဖြစ်ပါတယ်။

AFRL ဟာ ဒီ နည်းပညာကို စမ်းသပ်နေသည်မှာ ၂ နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ ၎င်း၏ ရှေ့ပြေးပုံစံ THOR ဟာ ဂြိုဟ်တုစလောင်း တပ်ဆင်ထားတဲ့ သင်္ဘောကျ ကွန်တိန်နာပုံး တပုံးပုံစံသာဖြစ်ပြီး ဘာမှမဟုတ်သလို ပုံစံအတိုင်းပါ။

ဒါ့ပေမယ့် အဲဒီ့ အပြစ်ကင်းစင်တဲ့ ပုံစံရဲ့ နောက်ကွယ်မှာတော့ ဒရုန်းပေါင်းများစွာကို ပစ်မှတ်ထားပြီး အလွယ်တကူ သုတ်သင်နိုင်စွမ်းရှိတာပဲ ဖြစ်ပါတယ်။

၎င်းကို ပို့ဆောင် ဖို့ရာအဆင်သင့် ဖြစ်ပါက လက်နက်ကို ကိုင်တွယ်ဖို့ လူအရေအတွက် အနည်းဆုံးဖြင့် မည်သည့်နေရာမဆို နာရီပိုင်း အ တွင်း ဖြန့်ကျက်နိုင်ပါတယ်။ အသုံးပြုမည့် စွမ်းအင်ကို ပြည်တွင်းမှ ရရှိနိုင်တဲ့ လျှပ်စစ်ဓာတ်အားကို သာ အသုံးပြုစရာလိုပါတယ်။

AFRL ဟာ THOR နှင့် နည်းပညာဆင်တူတဲ့ အဆင့်မြင့် စနစ်တခုကို တိုက်ရိုက်စွမ်းအင် နယ်ပယ်ထဲမှ ကုမ္ပဏီများဖြင့် ပူးပေါင်းပြီး တည် ဆောက်လို နေပါတယ်။

AFRL ဟာ ၎င်း၏ နည်းပညာကျွမ်းကျင်မှုကို မျှဝေပေးမှာဖြစ်ပြီး အဆိုပါစနစ်များကို စီးပွားရေးအရ အတိုင်းအတာ တခုအထိ ထုတ်လုပ်နိုင်ဖို့ ၎င်း၏ မိတ်ဖက်များကို အသုံးပြုမှာ ဖြစ်ပါတယ်။

ရှိပြီးသား နည်းပညာများထက် တိုးတက်မှုများဟာ လက်နက်စနစ်၏ စွမ်းရည်၊ ယုံကြည်စိတ်ချရမှုနှင့် ထုတ်လုပ်ရေးအဆင်သင့် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဒီ စနစ်ဟာ THOR ရဲ့ အသေးစားဗားရှင်းတော့ မဖြစ်နိုင်ပါဘူး။ ဒဏ္ဍာရီထဲမှ Norse နတ်ဘုရား၏ စွမ်းအားပြင်း တူလက်နက် Mjolnir ကို အမည်ပေးထားတဲ့ ဒီ လက်နက်အသစ်ဟာ THOR ရဲ့ မျိုးကွဲဖြစ်တယ်ဆိုတာ မြင်သာအောင် အမည်ပေးထားတာ ဖြစ်ပြီး အရွယ်အစားနဲ့ မသက်ဆိုင်ပါဘူး။

ကုမ္ပဏီများအပြင် AFRL ဟာ အသေးစား ဒရုန်းတန်ပြန်ရေးရုံးနှင့် ကြည်းတပ်၏ လျင်မြန်သည့်စွမ်းရည်နှင့် အရေးပါသည့် နည်းပညာရုံးတို့နှင့် ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ရှေ့ပြေးပုံစံ တည်ဆောက်သွားဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

THOR မိုက်ခရိုဝေ့ဖ် လက်နက်အောင်မြင်အပြီးမှာ Mjolnir လက်နက်ဟာ အောင်မြင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပြီး အနာဂါတ် Drone Swarm များ အန္တရာယ်ကိုတော့ အတော်အသင့် ကာကွယ်နိုင်လောက်ပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။

Knowledg Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *