လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းသံကို ဖြစ်ပေါ်စေသောအရာများ

Article Nature

လျှပ်စီးလက်ခြင်းနဲ့ မိုးချုန်းသံတို့ဟာ ကမ္ဘာတဝှမ်းလုံးတွင် ဖြစ်ပေါ်တတ်သော အံ့အားသင့်ဖွယ်ရာ သဘာဝ ဖြစ်စဉ်တွေပဲ ဖြစ်ကြပါတယ်။

ကျယ်လောင်တဲ့ မိုးကြိုးပစ်သံနဲ့ လျှပ်စီးကြောင်းမှထွက်ပေါ်လာသော ထင်ရှားတဲ့ အလင်းရောင်ကိုကျွန်ုပ်တို့ရဲ့ မိုးကောင်း ကင်၌ မုန်တိုင်းတစ်ခုကြုံ‌တွေ့သည်နှင့် တစ်ပြိုင်နက် တွေ့မြင်နိုင်ပါတယ်။

ဤဆောင်းပါး၌ မိုးကြိုးပစ်ခြင်းနဲ့ လျှပ်စီးလက်ခြင်းတို့ရဲ့ ‌အကြောင်းအရာတွေကို ဖတ်ရှုနိုင်ပါတယ်။

မိုးကြိုးမုန်တိုင်းကို ဖြစ်ပေါ်စေသောအရာများ

မတည်ငြိမ်သောလေထု၌ လေပူ လေအေးများထိတွေ့သောအခါ မိုးကြိုးမုန်တိုင်းကိုဖြစ်ပေါ်စေပါတယ်။

လေပူများသည် မြင့်တက်လာပြီး လေအေးဆီသို့ရောက်သောအခါ ရေစက်ကလေးများဖြစ်ပေါ်လာပြီး ဒီဖြစ်စဉ်ကို အပူစီးခြင်း (convection)လို့ ခေါ်ပါတယ်။

တစ်ခါတရံ ဒီရေစက်ကလေးများက ရွေ့လျားလှည့်ပတ်နေစဉ် အေးခဲသွားနိုင်ပါတယ်။

လေပူများ အထက်ဘက်သို့ ရွေ့လျားခြင်းဟာ အလွန်လျှင်မြန်နိုင်ပြီး အဲ့ဒါက မိုးတိမ်တောင်များကို ဖြစ်‌ပေါ် လာစေပါတယ်။

မိုးတိမ်တောင်များသည် မိုးသီးများ၊ မိုးကြိုးနှင့် လျှပ်စီးတို့ကို ဖြစ်ပေါ်စေသော တိမ်အမျိုးအစားများသာ ဖြစ်ပါတယ်။ မိုးတိမ်တောင်များ များပြားလာသောအခါ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်လာပါတယ်။

ဒါဟာ အေးခဲ‌နေတဲ့ ရေမှုန်များအားလုံးသည် တိမ်ပတ်လည်၌ အရှိန်ပြင်းစွာရွေ့လျားသွားပြီး အချင်းချင်း ပွတ်တိုက်မိသော အခါ ဖြစ်လာပါတယ်။

တိမ်၌ လျှပ်စစ်စွမ်းအားများဖြစ်ပေါ်လာပြီး အပေါင်းပရိုတွန်များသည် တိမ်တိုက်၏ ထိပ်၌ ဖြစ်ပေါ်လာပြီး အနုတ်ပရိုတွန်များမှာတော့ အောက်ခြေ၌ စုစည်းလာပါတယ်။

ထိုကဲ့သို့ဖြစ်ပေါ်လာခြင်းဟာ လျှပ်စီးမှုဖြစ်လာပြီး မိုးကြိုးမုန်တိုင်းကိုဖြစ်စေပါတယ်။

လျှပ်စီးကြောင်း

လျှပ်စီးကြောင်းသည် မိုးကြိုး‌ကြောင့် ဖြစ်ပေါ်လာသော တောက်ပသည့် အလင်းရောင် သို့မဟုတ် လျှပ်စစ် အလင်းတန်း တခုပဲ ဖြစ်ပါတယ်။

ပရိုတွန်များတိမ်တိုက်တွင် စုဖွဲ့လာသောအခါ ၎င်းတို့သည် အနီးမှာရှိတဲ့ ဆန့်ကျင်ဘက် ပရိုတွန်များကို ဆွဲဆောင်ပါတယ်။

အောက်‌ခြေ မြေပြင်မှာရှိတဲ့ အပေါင်း သဘောဆောင်သော ပရိုတွန်များသည် တိမ်တိုက်အောက်ခြေမှာရှိတဲ့ အနုတ်ပရိုတွန်များကို ဆွဲဆောင်လိမ့်မယ်လို့ ဆိုလိုပါတယ်။

တိမ်များမှ အနုတ်ပရိုတွန်များက တောင်၊ လူ၊ သစ်ပင်များကဲ့သို့ အရာများနှင့်နီးကပ်စွာရှိနေသော အပေါင်းပရိုတွန်များကို ဆွဲဆောင်ပါလိမ့်မယ်။

ဤမြေပြင်အမှတ်အသားမှလာတဲ့ ဓာတ်များသည် နောက်ဆုံးတွင် တိမ်တိုက်မှ အနုတ်ပရိုတွန်များနှင့် တွေ့ဆုံပြီး လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေပါတယ်။

ဒါဟာ တည်ငြိမ်‌သော ရိုက်ခတ်မှုကို သင်ကြုံတွေ့ရတာနဲ့ ဆင်တူပါတယ်။

လျှပ်စီးလက်ခြင်းဟာ မိုးတိမ်နဲ့ မြေကြီးအကြားမှ ဖန်တီးလိုက်သော လျှပ်စီးလှိုင်းဖြစ်ပြီး ရလဒ်ကတော့ လျှပ်စီးကြောင်းဖြစ်ပါတယ်။

မိုးချုန်းသံ

မိုးချုန်းသံသည် လျှပ်စီးကြောင်းမှ ထွက်ပေါ်လာတဲ့ အသံပဲဖြစ်ပါတယ်။ မိုးကြိုးပစ်သံလို့ ကျွန်ုပ်တို့ခေါ်တဲ့ ဟိန်းသံသည် လျှ ပ်စီးကြောင်းမှ ဖန်တီးလိုက်သော တုန်ခါမှုများ၏ အသံပင် ဖြစ်ပါတယ်။

လျှပ်စစ်စီးလာသောအခါ ၎င်းသည် ရွေ့လျားနေစဉ် အမှုန်များကို တုန်ခါစေပါတယ်။ လျှပ်စီးကြောင်းသည် စွမ်းအင်များစွာ ထုတ်လွှတ်သောကြောင့် ၎င်းကိုဖြစ်ပေါ်စေသော တုန်ခါမှုသည် ကြီးမားပါတယ်။

လျှပ်စီးကျည်များသည် အလွန်ပူပြီး ဒီအပူသည် လေအမှုန်များကို ချဲ့ထွင်စေပြီး များပြားသောအားတစ်ခုကို ဖန်တီးပါတယ်။ ဤတုန်ခါမှုသည် ကျွန်ုပ်တို့၏ နားသို့ အသံလှိုင်းများအဖြစ် ရောက်ရှိလာပြီး ရလဒ်အနေနဲ့ မြည်ဟိန်းသံကို ကြားရပါတယ်။

သင်က မိုးကြိုးပစ်သံနှင့် နီးလျှင် အက်ကွဲသံ သို့မဟုတ် ဆူညံသံကိုကြားရပါတယ်။ အနီးအနားတွင် ပို၍ ပြတ်သားသောအသံကို ကြားရခြင်းမှာ လျှပ် စီး တုန်ခါမှုများ၏ အသံလှိုင်းများသည် ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို ခုန်ထွက်သွားခြင်းဖြင့် ပုံပျက်မသွားသောကြောင့်ဖြစ်ပါတယ်။

လျှပ်စီးလက်တာနဲ့ တစ်ပြိုင်နက် မိုးကြိုးပစ်သံကို ကျွန်တော်တို့ ဘာလို့မကြားရတာလဲ

လျှပ်စီးလက်တာနဲ့ တစ်ပြိုင်နက် မိုးကြိုးပစ်သံကို မကြားရခြင်း၏ အဓိကအကြောင်းအရင်းမှာ အသံဟာ အလင်းထက် နှေး သောကြောင့်ဖြစ်ပါတယ်။ အလင်းလှိုင်းများသည် ပိုမြန်သောနှုန်းဖြင့်ရွေ့လျားနေသောကြောင့် ကျွန်ုပ်တို့ဟာ အလင်းကို မြင်ရပြီး မကြာမီမှ အသံကို ကြားရပါလိမ့်မယ်။

အလင်းကိုမြင်ခြင်းနှင့် အသံကိုကြားခြင်းကြား အချိန်ကို ရေတွက်ခြင်းဖြင့် မုန်တိုင်းဟာ ကျွန်ုပ်တို့နဲ့ ဘယ်လောက် ဝေးကြောင်း ပြောနိုင်တယ် ဆိုတဲ့ ဒဏ္ဍာရီတစ်ခုလည်းရှိပါတယ်။

ဒါပေမယ့်လည်း ၎င်းဟာ ကျွန်ုပ်တို့နှင့် မုန်တိုင်းအကြား အကွာအဝေးကို တိုင်းတာသော တိကျ မှန်ကန်တဲ့ နည်းလမ်း တစ်ခုမဟုတ်ကြောင်းသက်သေပြခဲ့ပြီးဖြစ်ပါတယ်။

ဒီနည်းလမ်းကို ရေတွက်တာထက် သင်္ချာ နည်းလမ်း နည်းနည်း ပိုထည့်ပြီး အကွာအဝေးခန့်မှန်းရန် သုံးနိုင်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အသံဟာ တမိုင်ကို ရောက်ဖို့ ၅ စက္ကန့်ကြာပါတယ်။ ဒါ့ကြောင့် လျှပ်စီးလက်တာ မြင်ပြီး ၅ စက္ကန့်လောက်ကြာမှ အသံ ကြားရရင် ၁ မိုင်အကွာမှာ မိုးကြိုးပစ်တယ်လို့ ယူဆနိုင်ပြီး အဲဒီ့ထက်မြန်ရင်တော့ အတော်နီးတယ်လို့ သတ်မှတ်နိုင် ပါတယ်။

မိုးကြိုးပစ်မှု နှင့် မိုးကြိုးမုန်တိုင်းများ အများဆုံးဖြစ်ပေါ်သော နေရာများ

ကမ္ဘာပေါ်တွင် မိုးကြိုးမုန်တိုင်းများ အများဆုံး ဖြစ်ပေါ်သောနေရာများဟာ အီကွေတာပေါ်တွင်တည်ရှိပါတယ်။ ဒါဟာ အီကွေ တာတစ်လျှောက်ရှိ ပူပြင်းပြီးစိုစွတ်သော ရာသီဥတုကြောင့်ဖြစ်ပါတယ်။

ဒါကြောင့်မလို့ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးနှစ်ခုလုံး၌ မိုးကြိုးမုန်တိုင်းတွေ့ကြုံရသည်မှာ အဆန်းမဟုတ်ပါ။ ကမ္ဘာပေါ်တွင် အတည်ငြိမ်ဆုံးနေရာအဖြစ်သိရတဲ့ အီကွေတာသည် အံ့မခန်း လျှပ်စီးကြောင်းများကို ထုတ်လွှတ်ပါတယ်။

အာဖရိကအလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DR Congo)ကို မိုးကြိုးမုန်တိုင်းမြို့တော်လို့ သိရပါတယ်။ DR Congo ရှိ Kifuka တောင်သည် နှစ်စဉ် ၂၄၇ ဧက (စတုရန်းကီလိုမီတာ) လျှင် ပျမ်းမျှလျှပ်စီးကြောင်း ၁၅၈ ခုတွေ့ကြုံရပါတယ်။

မိုးကြိုးမုန်တိုင်းအများအပြားတွေ့ကြုံရတဲ့ အခြားနေရာများမှာ ဗင်နီဇွဲလားနှင့်အိန္ဒိယတို့ပဲ ဖြစ်ပါတယ်။ နာဆာ သုတေသ န၏ တွေ့ရှိချက်အရ အိန္ဒိယအရှေ့ပိုင်းရှိ Brahmaputra တောင်ကြားသည်နှစ်စဉ်မုတ်သုံရာသီဖြစ်သော ဧပြီလနှင့်မေလကြားတွင် လျှပ်စီးကြောင်းအများဆုံးကြုံတွေ့ရပါတယ်။

ကမ္ဘာကြီးရဲ့ မိုးကြိုးပစ်မှု အများဆုံး မြို့တော်ဟာ ဘယ်မှာလဲ

အီကွေတာနဲ့တစ်‌လျှောက် နေရာများစွာ၌ မိုးကြိုးပစ်သံနှင့် လျှပ်စီးကြောင်းအများအပြားတွေ့ကြုံ‌ေနရသော်လည်း အခြားနေရာများနဲ့ မတူတဲ့ နေရာ တစ်နေရာရှိပါတယ်။

ဗင်နီဇွဲလားနိုင်ငံ Maracaibo ရေကန်သည် နှစ်စဉ် ၂၄၇ ဧက (စတုရန်းကီလိုမီတာ) လျှင်ပျမ်းမျှလျှပ်စီးကြောင်း ၂၅၀ ရှိပါတယ်။ ဒီသဘာဝဖြစ်စဉ်ကို Catatumbo လျှပ်စီး သို့မဟုတ် Maracaibo ၏အချက်ပြမီးလို့ ခေါ်ပါတယ်။

Maracaibo ရေကန်သည် Catatumbo လျှပ်စီးမြစ်နှင့် တွေ့ဆုံ၍ နှစ်စဉ်မုန်တိုင်း ၂၆၀ ဝန်းကျင် ရှိပါတယ်။ Maracaibo ရေကန်သည် လျှပ်စီးလက်မှုအမြင့်ဆုံးဖြစ်သည့်အတွက် ဂင်းနစ်စံချိန်ဝင်ထားပါတယ်။

အောက်တိုဘာလတွင် Maracaibo ရေကန်၌ တစ်မိနစ်လျှင် လျှပ်စီး ၂၈ ခု အထိ မြင်နိုင်ပါတယ်။

မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့သည် စိုစွတ်သောရာသီဥတုတွင် အများအားဖြင့်ဖြစ်ပေါ်လေ့ရှိသော သဘာဝအံ့ဖွယ်များဖြစ်ပါတယ်။
သို့သော် ၎င်းတို့ကို ကမ္ဘာ့နေရာတိုင်းတွင် တွေ့ကြုံခံစားနိုင်ပါတယ်။

လျှပ်စီးလက်ခြင်းဟာ လေထုဖိအားစုစည်းမှုမှလာတဲ့ တည်ငြိမ်သော ရိုက်ခတ်မှုဖြစ်ပြီး မိုးချုန်းသံဟာ လျှပ်စီးကြောင်းမှ ပြု လုပ်လိုက်တဲ့ ဟိန်းသံပဲဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *