အဆိုပါ တာယာတွေဟာ ကားရဲ့ တစ်သက်တာလုံး တာရှည်ခံနိုင်သည့် အပြင် ၎င်းကို ပြန်လည် ပြုပြင်ခြင်း သို့မဟုတ် အလုံးစုံ ပြန်လည်အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
အရင်ထဲက မျှော်မှန်းထားတဲ့အတိုင်း ကျွန်ုပ်တို့ဟာ ကွဲဲပြားခြားနားတဲ့ အဆင့်မြင့် အနာဂတ်တာယာတွေကို ၎င်းတို့ရဲ့ ထူးခြားတဲ့စွမ်းရည်တွေနဲ့ သင့်ထံကို ယူဆောင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
သို့သော်လည်း တာယာ အားလုံးတွင် တူညီတဲ့အရာတစ်ခုကတော့ ၎င်းတို့အားလုံးဟာ ရာဘာဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ယခုအခါ Arizona အခြေစိုက် Global Air Cylinder Wheels (GACW) ဟာ ညစ်ညမ်းတဲ့ ရာဘာလိုအပ်ချက်ကို ရှောင်ရှားနိုင်တဲ့ တာယာအမျိုးအစားအသစ် ကို တီထွင်လိုက်ပြီပဲ ဖြစ်ပါတယ်။

၎င်းကို Air Suspension Wheel (ASW) ဟုခေါ်ပြီး ၎င်းကို တီထွင်သူနှင့် ဖွဲ့စည်း တည်ဆောက်ပုံ ဆိုင်ရာ တက်ကြွ အင်ဂျင်နီယာ ဒေါက် တာ Zoltan Kemeny က ဆိုပါတယ်။
အဆိုပါ တာယာတွေဟာ ဆလင်ဒါများမှတစ်ဆင့် လေဝင်လေထွက်ကောင်းအောင် ဆိုင်းထိန်းစနစ် တပ်ဆင်ထားပြီး စတီးလ်ဖြင့် ပြုလုပ်ထားတဲ့ စက်ပိုင်းဆိုင်ရာ ဘီးများဖြစ်တာကြောင့် ပိုမိုကောင်းမွန်သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။
ဘာလို့လဲဆိုတော့ တာယာ သက်တမ်းက ယာဥ်သက်တမ်းနဲ့ တူနေတာကြောင့်ပဲ ဖြစ်ပါတယ်။
ယာဉ် ရဲ့ သက်တမ်း ကုန်ဆုံးသွားတာနဲ့ ASW တာယာကို ပြန်လည်ပြုပြင်တာပဲဖြစ်ဖြစ် သို့မဟုတ် လုံးဝ ပြန်လည် အသုံးပြုတာပဲ ဖြစ်ဖြစ်လုပ်နိုင်ပါတယ် ။
ဒါဟာ ယခင် ရာဘာ တာယာတွေမှာ လုံးဝ မဖြစ်နိုင်တဲ့ အရာ ဖြစ်ပါတယ်။
အဆိုပါ တာယာအမျိုးအစားအတွက် အလွန်အသုံးဝင်နိုင်တဲ့ ဧရိယာတစ်ခုကတော့ Off The Road (OTR) ဧရိယာတွေမှာ သုံးမည့် ရည် ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။

OTR တာယာတွေဟာ စိုက်ပျိုးရေး နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများတွင် တွေ့ရှိရတဲ့ ဧရာမ တာယာများ ဖြစ်ပါတယ်။
ဒီတာယာတွေကို ကြီးကြီးမားမား ပျက်စီးယိုယွင်းမှုရှိနေတဲ့ မြေပြင်တွေမှာ အသုံးပြုကြပါတယ်။ ၎င်းဧရာမတာယာကြီးတွေဟာ စျေးအလွန်ကြီးပြီး သက်တမ်းကတော့ ခြောက်လမှ ကိုးလအထိ သက်တမ်းရှိပါတယ်။
“ဒါက ကြာရှည်မခံတဲ့ ထုတ်ကုန်တစ်ခုအတွက် ကြီးမားတဲ့ ကုန်ကျစရိတ်ပါပဲ” ဟု GACW မှ Benzinga သို့ ပြောကြားခဲ့ပါတယ်။
ဒီနေရာမှာဆိုရင် ASW တာယာဟာ အလွန်အသုံးဝင်ပါတယ်။
၎င်းတို့က ယာဉ်ရဲ့သက်တမ်းတစ်ခုလုံး အစားထိုးဖို့ မလိုအပ်ပဲ လယ်ယာနှင့် ဆောက်လုပ်ရေးယာဉ်များအတွက် ကြာရှည်ခံတဲ့ ရွေးချယ်မှုတစ်ခု ပေးစွမ်းနိုင်ပါတယ်။

ASW နည်းပညာကို သမားရိုးကျ ရော်ဘာတာယာတွေ အသုံးပြုနေတဲ့ လက်ရှိကားများအားလုံးတွင် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါဟာ GACW မှ အခွင့်ကောင်းယူဖို့ စီစဉ်နေတဲ့ အရာ ဖြစ်ပါတယ်။
ယခုအချိန်မှာဆိုရင် ကျွန်ုပ်တို့ရဲ့ အစီအစဥ်က တာယာလုပ်ငန်းကို ပြင်းပြင်းထန်ထန် အမှန်တကယ် စတင်လုပ်ဆောင်ဖို့ နှင့် ဖြန့်ဖြူးရေးကွန်ယက်ကို လျင်မြန်စွာ ချဲ့ထွက်နိုင်ဖို့ ဖြစ်တယ် ဟု ကုမ္ပဏီက နောက်ဆုံးပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။