တူရကီ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဟာ တိုင်းပြည်ရဲ့ ပထမဆုံး တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ် စစ်စစ် ဖြစ်လာမယ်လို့ မျှော်လင့်ရတဲ့ အယူအဆဆိုင်ရာ ပုံစံဒီဇိုင်းကို စတင် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။
ကုမ္ပဏီ နာမည်ကတော့ Baykar Savunma ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တုန်းက ကုမ္ပဏီ ရဲ့ အထွေထွေမန်နေဂျာ ဖြစ်တဲ့ Haluk Bayraktar က ဒီလေယာဉ် စီမံကိန်းဟာ ကုမ္ပဏီရဲ့ အမြင့်ဆုံး ဦးစားပေး စီမံကိန်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ ဒီဇိုင်းပိုင်းကို ၂၀၂၃ ခုနှစ်မှာ ပြီးစီးလိမ့်မယ်လို့ သိရပါတယ်။ ၎င်း မောင်းသူမဲ့လေယာဉ်ဟာ အမြင့်ပေ ၄ သောင်း အထိ ပျံတက် နိုင်မှာ ဖြစ်ပြီး မှတ်ဥာဏ်တု စနစ် AI ဖြင့် မောင်းနှင်နိုင်ကာ ၅ နာရီ ကြာ စစ်ဆင်ရေးများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
AI စနစ်ဖြင့် မောင်းနှင်ရာမှာ ထိန်းချုပ်ဖို့ အတွက် ဂြိုဟ်တု ဆက်သွယ်ရေး အချက်အလက် ကွန်ယက်ကို အသုံးပြုမှာ ဖြစ်ပါတယ်။
ဒီတိုက် ခိုက်ရေး မောင်းသူမဲ့လေယာဉ်ဟာ 0.8 Mach အမြန်နှုန်းဖြင့် ပျံသန်းနိုင်မှာဖြစ်ကာ ၁ တန်အလေးချိန် ရှိတဲ့ လက်နက်များကို တင်ဆောင် စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒီ မောင်းသူမဲ့လေယာဉ်ကို အနီးကပ် ပစ်ကူ စစ်ဆင်ရေးများ၊ ဗျူဟာမြောက် တိုက်ခိုက်မှုများ၊ လေကာစနစ်များအား တိုက်ခိုက်မှုများ နှင့် ဒုံးကျည် ချေမှုန်းရေး စစ်ဆင်မှုများမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒီ မောင်းသူမဲ့လေယာဉ် စီမံကိန်းဟာ တူရကီရဲ့ မျိုးဆက်သစ် တိုက်လေယာဉ်များ ရရှိဖို့ရာ မသေချာ မရေရာတဲ့ အနေအထား ဖြစ်လာတဲ့အတွက် ဆောင်ရွက်လာရတာ ဖြစ်ပါတယ်။
အမေရိကန်ဟာ တူရကီနိုင်ငံကို ရုရှားလုပ် S-400 လေကာများ ဝယ်ယူခဲ့တာကြောင့် F-35 ၏ စီမံကိန်း ပါတနာ အဖြစ်မှ ဆိုင်းငံ့ခဲ့တဲ့အတွက် F-35 များ ရရှိနိုင်မှု ရှိမရှိဆိုတာ မသေချာ မရေရာ ဖြစ်နေတာပါ။

တူရကီဟာ ၎င်းရဲ့ ပြည်တွင်းဖြစ် တိုက်လေယာဉ် စီမံကိန်းဖြစ်တဲ့ TF-X ကိုလည်း လုပ်ဆောင်နေတာပါ။ ဒါပေမယ့် ဒီ ရည်မှန်းချက်ကြီးမားတဲ့ စီမံကိန်းဟာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများနဲ့ ငွေကြေးအခက်အခဲများကို ကျော်ဖြတ်နေတဲ့အတွက် နှောင့်နှေးနေရပါတယ်။
BAE Systems ကတော့ TF-X စီမံကိန်းအတွက် ၁၂၅ သန်း တန်ဖိုးရှိတဲ့ အယူအဆဆိုင်ရာ ဒီဇိုင်းအဆင့်ကို ကူညီပေးခဲ့ပါတယ်။
ဒါပေမယ့် တူရကီ အာဏာပိုင်များဟာ ဒီဇိုင်းအဆင့်တွင် ထပ်မံ တိုးတက်မှုတွေ မပြုလုပ်မီမှာ လိုအပ်နေတဲ့ အင်ဂျင်ကို ရွေးချယ်ဖို့ရာ လိုအပ်နေပါသေးတယ်။
Knowledgeworms Copyright © 2021