VFA-25 လို့ခေါ်တဲ့ အမေရိကန်ရဲ့ အမှတ် ၂၅ တိုက်ခိုက်ရေး လေယာဉ်အုပ် မှ F/A-18E Block III Super Hornets တိုက်လေ ယာဉ် တစင်းမှာ ထူးထူးခြားခြား အိမ်သာခွက်ကြီးကို ချိတ်ဆွဲထားပါတယ်။
ဒီလို ချိတ်ဆွဲထားတာ ကြောင်တောင်တောင် နိုင်တယ်လို့ ထင်ရပေမယ့် အဲဒီ့နောက်ကွယ်မှာတော့ သမိုင်းကြောင်းလေးတွေ ရှိပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်း ပစိဖိတ် ဒေသတွင် VA-25 ၏ တော်ပီဒိုတပ် Avenger ဗုံးကြဲ လေယာဉ်များ ပျံသန်းခဲ့သည့် Lemoore အခြေစိုက် လေတပ်စခန်းမှာ သမိုင်းကြောင်းတွေ များစွာရှိပါတယ်။
၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ VA-25 ၏ A-1H Skyraider လေယာဉ် တစင်းဟာ Dixie လေတပ်စခန်း မှ အိမ်သာခွက်ကြီး တင်ဆောင်ကာ တောင်ဗီယက်နမ်ရှိ မဲခေါင် မြစ်ဝကျွန်းပေါ် ဒေသသို့ ကြဲချခဲ့ပါတယ်။
Douglas A-1 Skyraider တိုက်လေယာဉ်ဟာ လေယာဉ်တင် သင်္ဘောတွင် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်သည့် အလတ်တန်းစား တိုက်လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။

A-1 Skyraider
ထိုလေယာဉ်များကို ၁၉၄၆ ခုနှစ်တွင် စတင် မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းမှာတော့ A-6A Intruder တိုက်လေယာဉ်များနှင့် အ စားထိုးခဲ့ပါတယ်။
ကျန်ရှိနေသည့် Skyraider တိုက်လေယာဉ်များကိုတော့ ၁၉၇၃ ခုနှစ်မှာ တောင်ဗီယက်နမ်သို့ လွှဲပြောင်း ပေးအပ် ခဲ့ပါတယ်။
မစ်ရှင်အတွင်း အိမ်သာခွက်ကြီးကို ဖြုတ်ချချိန်မှာ လေယာဉ်နှင့် ထိလု နီးနီးတောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို မစ်ရှင်ကို “Paper Tiger II” လို့ အမည်ပေးခဲ့ပြီး မြောက်ဗီယက်နမ်ကို လက်နက် အလေးချိန် ပေါင် ၆ သန်းလောက် ကြဲချပြီးသည့် အထိမ်းအမှတ် အနေဖြင့် လုပ်ဆောင်ခဲ့တာပါ။

A-1 Skyraider နှင့် တပ်ဆင်ထားသည့် အိမ်သာခွက် Image: Courtesy of US NAVY
ယခုလို ဖြစ်ရပ်မျိုး ခပ်ဆင်ဆင်တွေ စစ်အတွင်းမှာ အများအပြား ရှိခဲ့ပြီး ဒါတွေဟာ အမှတ်တရ မှတ်တမ်းတွေ ဖြစ်လာပါ တယ်။
လေယာဉ်မှူး အမည်မှာ Clarence ‘Bill’ Stoddard ဖြစ်ပြီး သူဟာ အသုံးမပြုတော့ဘဲ လွှင့်ပစ်ရတော့မယ့် အိမ်သာခွက်ကြီးကို ဒီလို အသုံးပြု ဗိုလ်ကြီး Clint Johnson က စီစဉ်ခဲ့တာပါ။
ဗိုလ်ကြီး Johnson ဟာ VA-25 မှ Skyraider လေယာဉ်မှူး တယောက်ဖြစ်ပြီး ၁၉၆၅ ခုနှစ် ဇွန်လ ၂၀ မှ MiG-17 တစင်းကို အနိုင်ယူနိုင်ခဲ့သည့် လေယာဉ်မှူး နှစ်ဦးထဲမှ တဦးဖြစ်ပါတယ်။

Image: Courtesy of Wayne Toth Via The Drive
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ Lemoore အခြေစိုက် ရေတပ်၏ လေယာဉ် အခြေစိုက် စခန်းမှ အကြီးအကဲ အပြောင်း အလဲ ပြုလုပ်သည့် အထိမ်းအမှတ်ပွဲမှာတော့ သမိုင်းဝင် အိမ်သာခွက် တပ်ဆင်မှုကို ပြန်လည် ပြသခဲ့ပါတယ်။
ထိုပွဲဟာ ယခင် Blue Angel အဖွဲ့မှ တပ်မှူး Mark “IROC” Tedrow ဟာ VFA-25 တပ်မှူး Kristen Hansen နေရာကို ရောက်ရှိလာတဲ့အတွက် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
Blue Angel အဖွဲ့ ဆိုသည်မှာ ၁၉၆၄ ခုနှစ် ကတည်းက ဖွဲ့စည်းခဲ့သည့် F/A-18 များ ပါဝင်တဲ့ အမေရိကန် ရေတပ်၏ လေ ယာဉ် သရုပ်ပြ ပျံသန်းရေး အဖွဲ့ ဖြစ်ပါတယ်။
ဒါ့ကြောင့် F/A-18 တိုက်လေယာဉ်မှာ အိမ်သာခွက်ကြီး တပ်ဆင်ထားရတဲ့ အကြောင်းအရင်းကို သိရှိလိုသူများ အတွက် သမိုင်း အပိုင်းအစ တခုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 19/9/2022