တောင်ကိုရီးယားရှိ အူလ်စန် (Ulsan)တက္ကသိုလ်တွင် အိမ်သာတစ်လုံး အသုံးပြုခြင်းဖြင့် သင်၏ ကော်ဖီဖိုး အတွက် ငွေပေးချေနိုင်သည် သာမက သင့်ကို ငှက်ပျောသီးလည်း ဝယ်စားနိုင်ပါတယ်။
လူ့စွန့်ပစ်ပစ္စည်းများကို အသုံးပြုခြင့်ဖြင့် တက္ကသိုလ်ရှိ အဆောက်အအုံတစ်ခုအားလျှပ်စစ်ဓာတ်အား ပေးနိုင်လို့ပါပဲ။
အူလ်စန် အမျိုးသားသိပ္ပံနှင့်နည်းပညာအင်စတီကျုး မှ မြို့ပြနှင့်သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာပါမောက္ခ ချိုဂျီဝွန်က ဇီဝဓာတ်ငွေ့နှင့်မြေသြဇာထုတ်လုပ်ရန် စွန့်ပစ်ပစ္စည်းများကို အသုံးပြုသည့် ဓာတ်ခွဲခန်းတစ်ခုနှင့်ဆက်သွယ်ထားသော ဂေဟစနစ်ကို ဖော်ထုတ်ခဲ့ပါတယ်။
Bee with a Vision ကို အတိုကောက်ရေးထားတဲ့ BeeVi အိမ်သာများမှ မစင်များကို ဖုန်စုပ်စက်အသုံးပြုပြီး မြေအောက်တိုင်ကီထဲသို့ ပို့လွတ်ပါတယ်။

ဒါဟာ ရေအသုံးပြုမှုကို လျှော့ချခြင်းလည်းဖြစ်ပါတယ်။
အဲဒီမှာသေးငယ်သောဇီဝသက်ရှိများဟာ စွန့်ပစ်ပစ္စည်းများကို မီသိန်းဓါတ်ငွေ့ (Methane) အဖြစ်သို့ ဖြိုခွဲလိုက်ပါတယ်။
၎င်းဓါတ်ငွေ့သည် အဆောက်အအုံ၏ စွမ်းအင် အရင်းအမြစ် ဖြစ်လာပြီး ဓာတ်ငွေ့မီးဖို၊ ဘွိုင်လာနှင့်အစိုင်အခဲ အောက်ဆိုဒ် လောင်စာဆဲလ်များကို ပါဝါပေးပါတယ်။
“မစင်ရဲ့ အသုံးဝင်ပုံကို ပြောရမယ်ဆိုလျှင် ၎င်းမစင်ဟာ စွမ်းအင်နှင့်မြေသြဇာ ထုတ်လုပ်ရန်အတွက် အလွန် တန်ဖိုးရှိပြီး ဂေဟစနစ် လည် ပတ်ခြင်းအတွက်လည်း လွန်စွာထောက်အကူပြုသည်”ဟုပါမောက္ခချို ကပြောပါတယ်။
လူတစ်ဦးလျှင် တစ်နေ့ ပျမ်းမျှ မစင် ၅၀၀ ဂရမ် ခန့်ကို မီသိန်းဓါတ်ငွေ့ ၅၀ လီတာသို့ ပြောင်းလဲနိုင်ပါတယ်။

၎င်းဓာတ်ငွေ့ဟာ လျှပ်စစ်ဓာတ်အား ၀.၅ ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်ပါတယ် သို့မဟုတ် ကားကို ၁.၂ ကီလိုမီတာ (၀.၇၅ မိုင်) ခန့် မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။
ပါမောက္ခချိုသည် ကိုရီးယား ဘာသာဖြင့် ပျားရည်ဟု အဓိပ္ပါယ်ရသော ဂျီဂူးလ် (Ggool) ဟုခေါ်သည့် ဒစ်ဂျစ်တယ်ငွေကြေး တစ်မျိုးကို တီထွင်ခဲ့ပြီး Eco-friendly အိမ်သာသုံးသူ တစ်ဦးလျှင် တစ်ရက် (၁၀) Ggool ရရှိမှာဖြစ်ပါတယ်။
ကျောင်းသားများသည် ၎င်းငွေကြေးဖြင့် ကျောင်းဝင်းအတွင်းရှိ ပစ္စည်းများကို ၀ယ်ယူရန် အသုံးပြုနိုင်ပါတယ်။
၎င်းတို့ဟာ ကော်ဖီမှသည် ခေါက်ဆွဲ၊ သစ်သီးနှင့် စာအုပ်များအထိ ဝယ်ယူနိုင်မည်ဖြစ်ပါတယ်။
ကျောင်းသားများသည် ဆိုင်တစ်ခုတွင် သူတို့လိုချင်သော ပစ္စည်းများကို QR ကုဒ်တစ်ခုကို စကင်ဖတ်ပြီး Ggool နှင့်ပေးချေ နိုင်ပါတယ်။

“ငါဟာ မစင်တွေကို ညစ်ပတ်တယ်လို့ ထင်ဖူးပါတယ်။ ဒါပေမယ့် အခုငါ့အတွက်အဖိုးတန်ရတနာတစ်ခုပါပဲ”လို့ ဘွဲ့လွန်ကျောင်းသား Heo Hui-jin က Ggool စျေးကွက်တွင် ပြောကြားခဲ့ပါတယ်။
စားသောက်နေတဲ့အချိန်မှာ မစင်တွေအကြောင်း ပြောနေတယ် ဆိုတာတောင်မှ ငါလိုချင်တဲ့ စာအုပ်တစ်အုပ်ကို ဝယ်ဖို့ စဉ်းစားနေလို့ပါ လို့ဆိုပါတယ်။
ရေးသားသူ – Zawgyi (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။