ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ ရေနစ်မှုကြောင့် နှစ်စဉ် လူ ၂၃၆,၀၀၀ ခန့် ဆုံးရှုံး နေရပါတယ်။ လူသားတွေချည်းပဲ ရေနစ် တတ်တဲ့ သတ္တဝါတော့မဟုတ်ပါဘူး။
ခွေး၊ မြွေ၊ ငှက်နဲ့ အခြားအရာတွေကလည်း လွတ်မြောက်ဖို့ နည်းလမ်းမရှိဘဲ ရေထဲမှာ ပိတ်မိနေတဲ့အခါ ရေနစ်ခါ ဆုံးပါးနိုင်ပါတယ်။
ငါးနဲ့ အခြားရေနေသတ္တဝါတွေကရော ဘယ်လိုလဲ။ ရေနေသတ္တဝါတွေကရော ရေထဲမှာ အသက်ရှူကြပ်နိုင်လား။
သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနဲ့ ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Oceana မှ အဏ္ဏဝါသိပ္ပံပညာရှင် Frances Withrow က ရေနေသတ္တဝါတွေက အသက်ရှင်ရန်အောက်ဆီဂျင်လိုအပ်ပါတယ်။

ကျွန်တော်တို့က လေထဲက အောက်ဆီဂျင်ကိုရယူပြီး သူတို့က ပျော်ဝင်နေတဲ့ အောက်ဆီဂျင်နဲ့ နေရတာပါပဲလို့ ပြောခဲ့ပါတယ်။
ငါးအများစုက သူတို့ရဲ့ပါးဟပ်တွေပေါ်ဖြတ်၍ ရေတွေ ရွေ့လျားသွားတဲ့အခါ အသက်ရှူကြပါတယ်။
ဒါပေမယ့် ပါးဟပ်တွေ ထိခိုက်ရင် ဒါမှမဟုတ် ရေတွေ သူတို့ပေါ်ကိုမဖြတ်သွားနိုင်တော့ရင် ငါးတွေအသက်ရှူကြပ်နိုင်ပါတယ်။
သူတို့က ရေကိုမရှူသွင်းရသောကြောင့် ရေနစ်မသေကြသော်လည်း အောက်ဆီဂျင်ချို့တဲ့မှုကြောင့် အသက်အန္တရာယ် ကြုံတွေ့ ကြပါတယ်။
ငါးမျှားချိတ်လို ငါးဖမ်းကိရိယာအချို့က ပါးဟပ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ရောဂါပိုးမွှားတွေကလည်း ထိခိုက်စေနိုင်ပါတယ်။
ရောဂါပိုးမွှားများ အဓိကအားဖြင့် ဘက်တီးရီးယားတွေက ပါးဟပ်၌ ကပ်ငြိနေနိုင်ပြီး သူတို့ကို ပိတ်ဆို့လိုက်တာကြောင့် ပါးဟပ်တွေက ရေထဲကအောက်ဆီဂျင်ကို စစ်ထုတ်လို့ မရတော့ဘဲ အလုပ်မလုပ် နိုင်တော့တဲ့ အဆင့်အထိ ကျဆင်းသွားပါတယ်။
အဲ့တာက ကျွန်တော်တို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ မကောင်းတဲ့ ရောဂါ ရှိတဲ့အခါနဲ့ ဆင်တူပါတယ်။ ဒါက သတ္တဝါတွေကို အသက်ရှူဖို့ ပိုခက်ခဲစေတယ်လို့ Withrow ကပြောပါတယ်။
အချို့ငါးတွေက အနားယူနေချိန်မှာ ပါးဟပ်ကနေ ရေစုပ်ထုတ်နိုင်ပြီး ငါးများစွာက ပါးဟပ်တွေကို ရေဖြတ်စီးဆင်းဖို့ အဆက်မပြတ်ကူးခတ်ရပါတယ်။
သူတို့က ငါးဖမ်းပိုက်လိုအရာတွေမှာ ပိတ်မိနေရင် ပိတ်မိ၍ အသက်ရှူကျပ်သွားနိုင်တယ်လို့ Withrow က Live Science သို့ပြောကြားခဲ့ပါတယ်။
ငါးမန်းတွေက ကူးခတ်ရန် သူတို့ရဲ့အတောင်များလိုအပ်ပါတယ်။
ငါးဖမ်းသမားအချို့က ငါးမန်းများကိုဖမ်းပြီး ငါးမန်းတောင်ဟင်းချို ကဲ့သို့ အစားအစာတွေအတွက် အတောင်များကိုဖယ်ရှားကြပြီး ကျန်တဲ့နေရာတွေက စျေးကွက်မရှိတာကြောင့် ငါးမန်းကိုရေထဲကို ပြန်ပစ်လိုက်ပါတယ်။

ဒါဟာ ငါးမန်းတွေရဲ့ယေဘုယျ အကောင်ရေအတွက် မကောင်းရုံသာမက တော်တော် ရက်စက်ရာရောက်ပါတယ်။
ငါးမန်းတွေက ရေထဲသို့ ပြန်ရောက်တဲ့အခါ မကူးခတ်နိုင်တော့တာကြောင့် သားကောင်တွေက စားတာ၊ အစာငတ်တာ သို့မဟုတ် အသက်ရှူကြပ်တာတို့ကြောင့် အသက် ဆုံး ရှုံးလိမ့်မှာဖြစ်ပါတယ်။
လိပ်တွေနဲ့ လင်းပိုင်းတွေလို အခြားရေနေသတ္တဝါတွေက ကျွန်တော်တို့လို လေကိုရှူရှိုက်ကြရပါတယ်။ ဒါပေမယ့် သူတို့က ရေမျက်နှာပြင်ပေါ် ပေါ်လာတဲ့ အခါမှသာ ဒါကိုလုပ်နိုင်ပါတယ်။
ငါးဖမ်းကိရိယာတွေက သူတို့ကိုရေအောက်မှာပိတ်မိစေပြီး အသက်မရှူနိုင်အောင် တားဆီးပါတယ်။
ရေထဲမှာ မျောပါနေတဲ့ပိုက်ကွန်တွေ ဒါမှမဟုတ် ငါးတစ်မျိုးတည်းကိုပဲ ဖမ်းဖို့ ပြုလုပ်ထားတာမဟုတ်တဲ့ ပိုက်ကြီးတွေက အဓိကတရားခံတွေပဲ ဖြစ်ပါတယ်။
ပိုက်ကွန်အရွယ်အစားပေါ်မူတည်ပြီး ကူးခတ်နေတဲ့ ဘယ်အရာကိုမဆိုဖမ်းလိမ့်မယ်။ ၎င်းတွင် တံငါသည်တွေ ရောင်းဖို့မရည်ရွယ်ထားတဲ့ ငါးတွေ၊ ပင်လယ်လိပ်တွေနဲ့ ရေနေနို့တိုက်သတ္တဝါတွေ ပါဝင်တယ်လို့ Withrow က ဆိုပါတယ်။
အခြားငါးဖမ်းကိရိယာအမျိုးအစားများတွင် ဝေလငါးလို သတ္တဝါတွေကို ငြိတွယ်နိုင်တဲ့ကြိုးတွေပါရှိပြီး သူတို့ကို ရေပေါ် ပေါ်မလာအောင်တားဆီးပါတယ်။
ရေနေသတ္တဝါ ဘယ်လောက်များများ အသက်ရှူကြပ်ပြီး ဆုံးရှုံး နေရတယ် ဆိုတာကို သိရန် ခက်ခဲပါတယ်လို့ Withrow က ပြောပါတယ်။
သို့သော် ငြိတွယ်မှုကြောင့် နှစ်စဉ် ဝေလငါး၊ လင်းပိုင်နဲ့ လင်းရှူး ကောင်ရေ ၃၀၀,၀၀၀ ဆုံးရှုံး နေတယ်လို့ နိုင်ငံတကာ ဝေလငါးကော်မရှင်က ခန့်မှန်းရပါတယ်။
တစ်ခါတစ်ရံ သမုဒ္ဒရာဒေသတွေက ထိုငါးတွေကို ထောက်ပံ့ရန် လုံလောက်အောင် ပျော်ဝင်နေတဲ့ အောက်ဆီဂျင်မရှိပါဘူး။
အဲ့ဒါက plankton လို့ခေါ်တဲ့ ပင်လယ်မျော သက်ရှိလေး များစွာက လုံလောက်တဲ့ အာဟာရဓာတ်တွေ ရရှိပြီးတဲ့အခါ တစ်ပြိုင်နက် ပွင့်တဲ့အခါမှာ ဖြစ်နိုင်ပါတယ်။

Plankton ဟာ ငါးကြီး ငါးငယ်တွေအတွက် အစာထောက်ပံ့ပေးသည် သက်ရှိများ ဖြစ်ပေမယ့် ယခုလို အခြေအနေမျိုးမှတော့ အချိန်တိုအတွင်း အောက်ဆီဂျင် အားလုံးကိုသုံးပြီး ၎င်းတို့ အနီးအနားရှိ ငါးများကို အသက်ရှူကြပ်စေပါတယ်။
သမုဒ္ဒရာဟာ အမြဲတမ်း ထူးဆန်းတဲ့ ကိစ္စ တွေနဲ့ ရောထွေးနေပါတယ်။ ဒါကြောင့် ရေက အဲဒီလောက် ပမာဏရှိတဲ့ အောက်ဆီဂျင်ကို အလျှင် အမြန် ပြန်ဖြည့်ပေးနိုင်မှာ မဟုတ်ဘူးလို့ Withrow က ပြောပါတယ်။
အမေရိကန်ဘူမိဗေဒစစ်တမ်းအရ ရေပူတွေက ရေအေးတွေလို ပျော်ဝင်နေတဲ့အောက်ဆီဂျင်ကို မထိန်းထားနိုင်ပါဘူး။
ရာသီဥတုပြောင်းလဲမှုကြောင့် သမုဒ္ဒရာအပူချိန် မြင့်တက် လာတာနဲ့အမျှ အောက်ဆီဂျင်နိမ့်တဲ့ သေဆုံးဇုန်တွေ ပေါ်ထွက်လာတယ်လို့ Live Science က ယခင်က ဖော်ပြခဲ့ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။