ဂျာမနီနှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ဌာနများဟာ Leopard 2 ပင်မတိုက်ပွဲဝင် တင့်ကားများအတွက် အစ္စရေး ကာကွယ်ရေး ကုမ္ပဏီ Rafael မှ ထုတ်လုပ်သည့် Trophy active protection system များကို ဝယ်ယူ ဖို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း နှစ်နိုင်ငံ အစိုးရများက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ ဟု ဖော်ပြထားသည့် သဘောတူညီမှု စာချုပ်အရ ပင်မ တိုက်ပွဲဝင် တင့်ကားများအား တိုက်ခိုက်နိုင်သည့် တင့်ဖျက်စနစ်များအား ကာကွယ်ရန်အတွက် စမ်းသပ်ယာဉ် ၁ စီး အ ပြင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် တင့်ကား ၁၇ စီးမှာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ် တပ်ဆင်ပေးဖို့ ပါဝင်ပါတယ်။
ဂျာမနီ ကုမ္ပဏီဖြစ်တဲ့ Krauss-Maffei Wegmann ဟာ A6-A3 ဖွဲ့စည်းမှုမှ A7-A1 ဗားရှင်းသို့ အဆင့်မြှင့်တင်နေစဉ် ဒီ Trophy ကာကွယ်ရေး ပစ္စည်းများကို တပ်ဆင်ဖို့ရာ ကန်ထရိုက် တာ အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဂျာမန် ပါလီမန်က ပြောပါတယ်။
ဒီဝယ်ယူမှုကို ဂျာမနီဥပဒေပြု အမတ်များက ခွင့်ပြုပေးခဲ့ပြီး အစ္စရေး နှင့် Rafael ကုမ္ပဏီအတွက် လမ်းခင်း ပေးခဲ့ပါတယ်။ ဂျာမန်တို့ အလိုရှိခဲ့တဲ့ Trophy ၂၃ စုံ နှင့် ကြားဖြတ်ပစ္စည်း ၅၈၆ ခု ၏ တန်ဖိုးမှာ ဒေါ်လာ ၄၈ သန်းခန့် တန်ဖိုးရှိပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးက Trophy စနစ်ကို အစ္စရေး၏ အခြေခံကျသော ကာကွယ်ရေးလုပ်ငန်း၏ ထုတ်ကုန်လို့ ခေါ်ဝေါ်ခဲ့ပြီး ဂျာမနီကတော့ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင် ရွက်မှု အတွက် “ယုံကြည်မှု၏ ဖော်ပြချက်” လို့ ခေါင်းညိတ် ခဲ့ပါတယ်။
ဂျာမနီ စစ်တပ်၏ တင့်ကားများကို active protection system တပ်ဆင်မှုဆုံးဖြတ်ခဲ့မှုဟာ ခေတ်သစ် တင့်ဖျက် စနစ်များ၏ ရန်ကို ကာကွယ်ဖို့ဖြစ်ပြီး လက်ရှိ Trophy စနစ်များကို တပ်ဆင်ဖို့ ဆောင်ရွက်မှုဟာ အလားတူ နည်းပညာများကို အနာဂါတ်မှာ အသုံးပြုဖို့အတွက် ပထမခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျာမနီ ကာကွယ်ရေး တာဝန်ရှိသူများကလည်း လက်ရှိ အစ္စရေး နှင့် အမေရိကန် တင့်ကားများမှာ အသုံးပြုနေတဲ့ Trophy တင့်ဖျက် ကာကွယ်ရေး စနစ်များဟာ အဆင့်အမြင့်ဆုံးနှင့် စစ်မြေ ပြင် သက်သေပြပြီးဖြစ်တဲ့ ဈေးကွက်ထဲမှ ရနိုင်တဲ့ ကာကွယ်ရေး စနစ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Active Protection System ဆိုသည်မှာ တင့်ကားရှိ system တွင် ပါရှိသည့် ရေဒါမှ တင့်ဖျက်စနစ်များကို အာရုံခံပြီး တင့်ကားသို့ မထိခင် တန်ပြန် အလိုအလျှောက် တုန့်ပြန် ဖျက်ဆီးသည့် စနစ်ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021