ဝေလငါးတွေနဲ့ ဆက်သွယ်ဖို့အတွက် အာရုံကြော ကွန်ယက်ဟာ အဓိကသော့ချက်ကို ပေးဆောင်နိုင်ပါတယ်။
သိပ္ပံပညာဆိုင်ရာအဖွဲ့တစ်ဖွဲ့ဟာ စပန်း ဝေလငါးတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ရည်ရွယ်ချက်ဖြင့် ပရောဂျက်တစ်ခုကို စတင်ခဲ့ကြပါတယ်။
ဒါဟာ အမှန်ပါပဲ။ “Finding Nemo” ကာတွန်းကားမှ မြင်ကွင်းတွေဟာ အမှန်တကယ်ဖြစ်လာနိုင်ပါတယ်။
ပဏာမ ခြေလှမ်းကို Project CETI (Cetacean Translation Initiative) ဟုခေါ်ပြီး ၎င်းတို့ရဲ့ ရည်ရွယ်ချက်က ဝေလငါး တွေရဲ့ ဘာသာ စကားကို နားလည်နိုင်ဖို့အတွက် ဥာဏ်ရည်တုကိုအသုံးပြုဖို့ဖြစ်တယ်ဟု Hakai မဂ္ဂဇင်းအရ သိရပါတယ်။
အထူးသဖြင့် အဖွဲ့ဟာ “codas” ဟုလည်းသိကြတဲ့ စပန်း ဝေလငါးများနှင့် အချင်းချင်း ဆက်သွယ် အသုံးပြုဖို့ ကလစ်နှိပ်တဲ့ အသံများကို ကုဒ်တစ်ခုလုပ်ဖို့ အလိုရှိနေပါတယ်။
ဒါကို ဆွဲထုတ်နိုင်ဖို့ သုတေသီတွေဟာ စာဖြင့်ရေးသားခြင်း နှင့် စကားပြောလုပ်ဆောင်ခြင်းအပေါ် အဓိကထားတဲ့ AI နယ်ပယ်ခွဲတစ်ခုဖြစ်သော သဘာဝ ဘာသာ စကား လုပ်ဆောင်ခြင်း (NLP) ကို အသုံးချဖို့ စီစဉ်ထားပါတယ်။
ယခုအခါ သုတေသီတွေဟာ အလားအလာရှိတဲ့ ရလဒ်ကောင်းတွေနဲ့ အတူ NLP algorithm တစ်ခုတွင် စပန်း ဝေလငါးနဲ့ပတ်သတ်တဲ့ coda အသံသွင်းမှုတွေကို အသုံးပြုနေပြီဖြစ်ပါတယ်။
Project CETI အတွက် စက်သင်ယူမှု ဦးဆောင်သူ Michael Bronstein က “သူတို့တွေက အနည်းဆုံးတော့ အတော်လေး ရိုးရှင်းတဲ့အလုပ်တွေနဲ့ ကောင်းကောင်းအလုပ်လုပ်ပုံရတယ် ဟု Hakai သို့ Codas များအကြောင်းပြောခဲ့ပါသေးတယ်။
ဒါတွေကို ဖြစ်အောင်လုပ်နိုင်ဖို့ လင်းပိုင်တွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အများကြီးလိုအပ်တယ် ဟု အဖွဲ့က ဆိုပါတယ်။
တကယ်တော့ ပရောဂျက် CETI ရဲ့ ပထမဆုံး ရည်မှန်းချက်က စပန်း ဝေလငါးတွေနဲ့ ပတ်သတ်တဲ့ Codas အသံ သွင်းမှုကို ၄ ဘီလီယံလောက် စုဆောင်းဖို့ ဖြစ်တယ် ဟုဆိုပါတယ်။

လက်ရှိမှာတော့ အဖွဲ့ဟာ Coda တစ်သိန်း အောက် စုဆောင်းထားတဲ့ Dominica စပန်း ဝေလငါး စီမံကိန်း မှ လက်ရှိ သုတေသန ကို အကောင် အထည်ဖော်ဖို့ စီစဉ်နေပါတယ်။
နှိုင်းယှဥ်ပြောရမယ်ဆိုရင် Generative Pre-trained Transformer 3 (GPT-3) ဟာဆိုရင် အကြမ်းဖျင်းအားဖြင့် စကားလုံးပေါင်း ၁၇၅ ဘီလီယံကို အသုံးပြုလေ့ကျင့်ထားတယ်ဟု သိရပါတယ်။
သုတေသီတွေဟာ Codas အားလုံးကို ဆက်စပ်ထည့်သွင်းဖို့လည်း လိုအပ်ပါတယ်။
ဆက်စပ်မှု မရှိတဲ့ စကားတွေက အဓိပ္ပာယ်လည်း မရှိပါဘူး။ ဒါတွေအတွက်လည်း စပန်း ဝေလငါးတွေရဲ့ သဘာဝနေရပ်တွေမှာ နှစ်ပေါင်းများစွာ သုတေသနလုပ်ဖို့လည်း လိုအပ်ပါတယ်။
တကယ်လို့ ပရောဂျက် CETI ဟာ “ဝေလငါး” တွေနဲ့ ဆက်သွယ်နိုင်မည့် ဘာသာစကားပုံစံကို တီထွင်နိုင်ပါက ဒါဟာ ခက်ခဲတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး လူသားတွေအနေနဲ့ သဘာဝနှင့် ထိတွေ့ဆက်ဆံပုံတို့ကို အပြီးတိုင် ပြောင်းလဲ သွားစေနိုင်တဲ့ အလားအလာကောင်းပဲ ဖြစ်ပါတယ်။
အခြေခံအားဖြင့် ကျွန်ုပ်တို့ရဲ့ စကားအပြောအဆိုအောက်မှာ ယဥ်ကျေးမှု တစ်ရပ်လုံးရှိနေတာကို ကျွန်ုပ်တို့အနေနဲ့ သိရှိပါက ကျွန်ုပ်တို့ရဲ့သဘာဝ ပတ်ဝန်းကျင်ကို ဆက်ဆံတဲ့ပုံစံ တစ်ချို့ဟာ ပြောင်းလဲသွားနိုင်ပါတယ်” ဟု Bronstein No Hakai က ဆိုပါတယ်။
“ဒါမှလည်း လူတွေအနေနဲ့ သက်ရှိလောကကို ပိုပြီးလေးစားလာလိမ့်မယ်”ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။