Tsirkon ဒုံးကျည်များ ပထမဆုံး တပ်ဆင်နိုင်မယ့် Admiral Golovko ဖရီးဂိတ်

News

ဇူလိုင်လ ၁၂ ရက် ၂၀၂၁ ခုနှစ်က ရုရှားတို့၏ ဖရီးဂိတ် စစ်သင်္ဘောသစ် Admiral Golovko ဟာ Tsirkon ဟိုက်ပါဆိုးနစ် ဒုံးကျည်များ တပ်ဆင်နိုင်မယ့် ပထမဆုံး သင်္ဘော ဖြစ်လာမယ်လို့ ရုရှားမီဒီယာ တခုဖြစ်တဲ့ TASS တွင် ဖော်ပြခဲ့ပါတယ်။

ဒီ သင်္ဘောဟာ Admiral Gorshkov အတန်းအစား Project 22350 ဖရီးဂိတ်များတွင် တတိယမြောက် သင်္ဘောဖြစ်ပြီး ၎င်းမတိုင်ခင် လက်ရှိမှာ Admiral Gorshkov နှင့် Admiral Kasatonov နှစ်စီး တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

အဆိုပါ အတန်းအစား သင်္ဘောများဟာ ရုရှားတို့၏ အဆင့်အမြင့်ဆုံး ဖရီးဂိတ်သင်္ဘောများ ဖြစ်ပြီး နောက်ထပ် ၆ စီးကိုလည်း လက်ရှိမှာ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။

ယခု တတိယမြောက် Admiral Golovko ကို ဖေဖော်ဝါရီလ ၁ ရက် ၂၀၁၂ ခုနှစ်မှ စတင် ရေချခဲ့ပြီး မေလ ၂၂ ရက် ၂၀၂၀ ခုနှစ်မှာ စတင် အသုံးပြုနေတာ ဖြစ်ပါတယ်။

admiral Gorshkov ဖရီးဂိတ်ပေါ်မှ Tsirkon ဒုံးကျည် စမ်းသပ်နေပုံ

Project 22350 ဖရီးဂိတ် စစ်သင်္ဘောများကို ပင်လယ်ပြင်နှင့် သမုဒ္ဒရာအတွင်း ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများကို တိုက်ခိုက်ရန်နှင့် လေကြောင်း တိုက်ခိုက်မှုများကို တွန်းလှန်ရန် ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ပြိုင်ဘက် ရန်သူများနှင့် ရင်ဆိုင်နိုင်ရန် သင်္ဘောကို ရေဒါဖမ်းယူနိုင်မှု လျော့နည်းစေရန် ခေတ်မှီ ပေါင်းစပ် ဒြပ်ထုပစ္စည်းများဖြင့် အသုံးပြုပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

သင်္ဘောဟာ ဝန်အပြည့် တန် ၅၀၀ ရှိကာ အရှည် ၁၃၅ မီတာ ရှိပြီး တနာရီလျှင် ရေမိုင် ၂၉ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။

သင်္ဘောတည်ဆောက်ရာတွင် ကုန်းပတ်ကို အပြားလိုက် တည်ဆောက်ပြီးနောက် mast-turret နှင့် သံမဏိ ခေါင်းတိုင် အပါအဝင် island ၃ ခုကို အပေါ်မှ ထပ်မံ ပေါင်းစပ်ကာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ရေတပ်သား ၁၇၀ လောက် လိုက်ပါနိုင်မှာဖြစ်ကာ မြင်းကောင်ရေ ၆၅,၀၀၀ ရှိသည့် ဒီဇယ် ဂတ်စ်တာဘိုင် အင်ဂျင်ကို တပ်ဆင်ထားပြီး Ka-27 အမျိုးအစား ရဟတ်ယာဉ်တစင်းကို တင်ဆောင်နိုင်မှာပါ။

အဓိက လက်နက်များအနေဖြင့် Kalibr ဒုံးကျည်များဖြင့် တွဲဖက်အသုံးပြုရန် 16-cell ဒေါင်လိုက်ပစ်လွှတ်စနစ် ၂ ခု ဒီသင်္ဘာ အတန်းအစားများထဲမှ ဦးဆောင်သင်္ဘော Admiral Gorshkov ဟာ Tsirkon ဒုံးကျည်များနှင့် စမ်းသပ်မှုများ ပြုလုပ်နေပါတယ်။

Tsirkon ဒုံးကျည်များဟာ အသံထက် ၉ ဆ အမြန်နှုန်းဖြင့် ပစ်ခတ်နိုင်ကာ ကီလိုမီတာ ၁,၀၀၀ ကျော်အထိ ရောက်ရှိနိုင်မယ်လို့ အစောပိုင်း ကာလကတည်းက ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ဖူးပါတယ်။

Tsirkonor Zircon ဟာ ရုရှားလုပ် ဟိုက်ပါဆိုးနစ် ဒုံးကျည်ဖြစ်ပြီး သင်္ဘောပေါ်မှ ပစ်လွှတ်နိုင်ဖို့ ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ကာ အသံ ထက် ၆ ဆ မှ ၈ ဆ အထိ ရောက်ရှိနိုင်ပါတယ်။

ဒီ ဒုံးကျည်ဟာမြေပြင် နှင့် ရေပြင်ရှိ ပစ်မှတ် ၂ ခုလုံးကို တိုက်ခိုက်နိုင်စွမ်းရှိပြီး ရုရှား စစ်ဘက်ဆိုင်ရာ သတင်းများအရ ခန့်မှန်း ၄၀၀ ကီလို မီတာမှ ၉၆၅ ကီလိုမီတာ လောက်အထိ ရောက်ရှိနိုင်စွမ်း ရှိမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုံးကျည်ကို ခရူဇာ သင်္ဘောများဖြစ်တဲ့ Admiral Nakhimov နှင့် Pyotr Veliky၊ Project-20380 ကော်ဗက်၊ Project 885 Yasen အတန်းအစား ရေငုပ်သင်္ဘောများတွင်ပါ တင်ဆောင် စစ်ဆင်နိုင်မယ်လို့ သိရပါတယ်။

မနှစ်က ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့တုန်းက TASS မီဒီယာမှာ Tsirkon ဒုံးကျည်များကို admiral Gorshkov ဖရီးဂိတ်ပေါ်မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်း အောင်မြင်စွာ ပစ်ခတ်စမ်းသပ်နိုင်တဲ့ အကြောင်းကို ဖော်ပြခဲ့ပါသေးတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *