တူရကီနိုင်ငံပိုင် ဒုံးကျည်ထုတ်လုပ်သည့် ကုမ္ပဏီ Roketsan ဟာ တူရကီရဲ့ အနာဂါတ် ပြည်တွင်းဖြစ် ပဥ္စမ မျိုးဆက် တိုက်လေယာဉ် TF-X တွင် အသုံးပြုမည့် အသံထက်မြန် ARM ဒုံးကျည်သစ်များကို ထုတ်လုပ် ပြီးသွားပြီလို့ သိရပါတယ်။
Akbaba (အင်္ဂလိပ်လို လင်းတ ဟု အဓိပ္ပါယ်ရ) လို့ အမည်ပေးထားတဲ့ ဒီ ဒုံးကျည်သစ်ဟာ ဇွန်လ ၃၀ ရက်နေ့က တူရကီလေတပ်က ဖော် ပြခဲ့တဲ့ TF-X တိုက်လေယာဉ် ရဲ့ လက်နက်စာရင်းမှာ ပါဝင်ပါတယ်။
Akbaba ဒုံးကျည် စီမံကိန်းကို အမျိုးအစား ခွဲခြားနိုင်ပြီ ဖြစ်ပေမယ့် ထုတ်လုပ်မယ့် ကုမ္ပဏီ Roketsan ရဲ့ ဝက်ဘ်ဆိုက် ပေါ်မှာတော့ ဒီအကြောင်း ဘာမှ ဖော်ပြမထားသေးပါဘူး။
ကုမ္ပဏီကတော့ Akbaba ဒုံးကျည် စီမံကိန်းဟာ နိုင်ငံ လျှို့ဝှက်အစီအစဉ် ဖြစ်တဲ့အတွက် ၎င်းနှင့်သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖော် ပြသွားမှာ မဟုတ်ဘူးလို့ ဇူလိုင်လ ၈ ရက်နေ့က ကာကွယ်ရေးသတင်း ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

ဒါ့ပေမယ့် ကုမ္ပဏီရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်ကတော့ Akbaba ဒုံးကျည်များကို လေတပ်တွင် အသုံးပြုနေတဲ့ အမေရိကန်လုပ် AGM-88 အလုံး ၁၀၀ လောက်နေရာမှာ အစားထိုးသွားမယ်လို့ သိရပါတယ်။
AGM-88 HARM ဒုံးကျည်တွေကို အမေရိကန် ကုမ္ပဏီဖြစ်တဲ့ Raytheon Technologies မှ ထုတ်လုပ်ထားတာဖြစ်ပြီး ရေဒါတပ်ဆင်ထားတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို တိုက်ခိုက်ဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
လေတပ်အရာရှိတယောက် အဆိုအရ Akbaba ဒုံးကျည်များကို F-16C/D Fighting Falcon တိုက်လေယာဉ်များနှင့် HARM ဒုံးကျည်များ တွဲဖက်အသုံးပြုနေတဲ့ အမှတ် ၁၅၁ တိုက်လေယာဉ်အုပ်မှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
လက်ရှိ တူရကီလေတပ်တွင် အဆိုပါ ဒုံးကျည်ပေါင်း ၁၀၀ လောက်ရှိပြီး ဒီ ပမာဏဟာ ဒေါ်လာ သန်း ၅၀ ခန့် တန်ကြေးရှိကာ နောက်ထပ်လည်း အများအပြား ထပ်မံ မှာယူသွားမယ်လို့ သိရပါတယ်။
ထပ်မံမှာယူမည့် နောက်ဆုံး အရေအတွက်မှာ တူရကီလေတပ်၏ ပဥ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်လာမည့် TF-X လေယာဉ် စီမံကိန်း တိုးတက်မှုအပေါ် မူတည်မယ်လို့ ၎င်းအရာရှိက ပြောပါတယ်။

ရုရှားမှ S-400 များ ဝယ်ယူမှုကြောင့် အမေရိကန် F-35 စီမံကိန်းမှ ထုတ်ပယ်ခံရပြီးနောက်တွင် တူရကီဟာ TF-X ပဥ္စမျိုးဆက် တိုက်လေ ယာဉ်များ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ဆန္ဒရှိနေတာပါ။
ထိုကဲ့သို့ ထုတ်ပယ်ခံရခြင်းကြောင့် နိုင်ငံတွင်း ၁.၄ ဘီလီယံ ဒေါ်လာလောက် နစ်နာခဲ့တဲ့အတွက် TF-X တိုက်လေယာဉ်များ ထုတ်လုပ်ဖို့ကို ဦးစားပေး စီမံကိန်းအနေဖြင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
TF-X တိုက်လေယာဉ်ကို ၂၀၂၅ သို့မဟုတ် ၂၀၂၆ ခုနှစ်လောက်တွင် ပျံသန်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး စီမံကိန်းပထမ အဆင့်အတွက် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံလောက် အစိုးရမှ ပံ့ပိုး ပေးထားတာ အင်ဂျင်နီယာပေါင်း ၆ ထောင်လောက်ဖြင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021