ရုရှားလုပ် Mi-17 များပြုပြင်ရန် ယူကရိန်းနှင့် တူရကီ ပူးပေါင်းပြီး ဝန်ဆောင်မှုပေးမည်

Military News

ရုရှားလုပ် Mi-17 ရဟတ်ယာဉ် ၁,၅၀၀ လောက်ကို ပြုပြင်ရေးနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ဖို့ တူရကီလေကြောင်းအဖွဲ့အစည်း နှင့် ယူကရိန်း ကာကွယ်ရေး ပစ္စည်းရောင်းချသည့် ကုမ္ပဏီတို့ အကြား ပူးပေါင်းမှု အသစ်တခု ပြုလုပ်ခဲ့ပါတယ်။

တူရကီလေကြောင်းအဖွဲ့အစည်းနှင့် ယူကရိန်း Ukrspecexport ကုမ္ပဏီတို့ဟာ ဒီလ အစောပိုင်းလောက်က တူကရီမှာ ပြုလုပ်တဲ့ နိုင်ငံ တ ကာ ကာကွယ်ရေး ပြပွဲအတွင်းမှာ ဒီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

စာချုပ်၏ တစိတ်တဒေသအရ မိတ်ဖက်အဖွဲ့ဟာ ကနဦးအနေဖြင့် တူရကီ အထူးရဲတပ်ဖွဲ့၏ Mi-17 ရဟတ်ယာဉ် ၁၈ စင်းကို အလုံးစုံ ပြု ပြင်နိုင်တဲ့ အဆင့်အထိ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ကနဦးစာချုပ်တခုအရ တူရကီနိုင်ငံ Isparta ပြည်နယ်ရှိ လေယာဉ် ပြုပြင်ရေး အခြေစိုက် စခန်းတွင် Mi-17 ရဟတ်ယာဉ်များကို ဝန် ဆောင်မှုပေးပြီးဖြစ်ပြီး ရဟတ်ယာဉ် ဘယ်နှစင်းအထိ ပါဝင်ခဲ့လည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Mi-17 ရဟတ်ယာဉ် အလုံးစုံပြုပြင်မှုဟာ တစင်းလျှင် အမေရိကန် ဒေါ်လာ ၂.၅ သန်းလောက် ကုန်ကျနိုင်မယ်လို့ တူရကီလေကြောင်းအဖွဲ့အစည်း၏ အထွေထွေမန်နေဂျာ Cemal Balikci မှ တူရကီ သတင်းအေဂျင်စီ Adadolu သို့ပြောကြားခဲ့ပါတယ်။

ကနဦး သဘောတူညီချက်အရ ပူးပေါင်းအဖွဲ့ဟာ တူရကီလေကြောင်းအဖွဲ့အစည်းမှ အမေရိကန်ဒေါ်လာ ၄၂၀,၀၀၀ ရရှိမည်ဖြစ်ပြီး ယူကရိန်း အဖွဲ့အစည်းကတော့ ၂.၀၈ သန်း ရရှိမယ်လို့ သိရှိခဲ့ရတာပါ။

ဒါပေမယ့် သဘောတူညီမှု အသစ်အရတော့ အဖွဲ့အစည်း ၂ ခုစလုံးဟာ ရဟတ်ယာဉ် တစင်းစီအတွက် ရရှိမည့် ၂.၅ သန်းကို အညီအမျှ ခွဲဝေယူကြမှာ ဖြစ်ပါတယ်။

တူရကီ Mi-17 Helos များနှင့် အလားအလာရှိသည့် နိုင်ငံခြား ရဟတ်ယာဉ်များနှင့် အလုပ်လုပ်နိုင်ဖို့ တူရကီမြို့တော် Ankara မှာ ပြုပြင်ထိန်းသိမ်းရေး အခြေစိုက်စခန်းတခု တည်ဆောက်သွားမယ်လို့ သိရပါတယ်။

အပိုပစ္စည်းများနှင့် အင်ဂျင်စမ်းသပ်မှုများကိုတော့ ယူကရိန်း အင်ဂျင်ထုတ်လုပ်သူ Motor Sich က တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

Balikci ၏ အဆိုအရ အပိုပစ္စည်းများစတင် ထုတ်လုပ်နေပြီဖြစ်လို့ ၎င်းတို့အဖွဲ့ဟာ ပြုပြင်ထန်းသိမ်းမှု လုပ်ငန်းတွင် ပါဝင်မှု တဖြည်းဖြည်း တိုးတက်လာလိမ့်မယ်လို့ သိရပါတယ်။

အဖွဲ့အစည်းဟာ အထူးသဖြင့် အရှေ့အလယ်ပိုင်းလို အနီးအနား နိုင်ငံများ နှင့် အာရှနိုင်ငံများ တွင် အသုံးပြုနေသည့် Mi-17 ရဟတ်ယာဉ် ခန့်မှန်းချေ ၁,၅၀၀ လောက်အထိ ဝန်ဆောင်မှု ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

တူရကီ-ယူကရိန်း အကျိုးတူ ပူးပေါင်း လုပ်ဆောင်မှုဟာ လစ်ဗျား၊ ပါကစ္စတန်နှင့် အဇာဘိုင်ဂျန် နိုင်ငံများမှ ရဟတ်ယာဉ်များကို ဝန်ဆောင် မှု ပေးနိုင်ဖို့ ဖြစ်နိုင်ကြောင်းကို Balikci မှ ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်ပြီး အဖွဲ့အစည်းဟာ Mi-17 ရဟတ်ယာဉ်များကိုသာမက Mi-8 နှင့် Mi-24 ရဟတ်ယာဉ်များကိုပါ ပြုပြင်ထိန်းသိမ်းဖို့ အခြေ စိုက် စခန်း တည်ဆောက်ရန် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *