တူရကီဟာ F-35 များ ဝယ်ယူရေး ကိစ္စများ မအောင်မြင်တဲ့ နောက်မှာ Lockheed Martin လုပ် F-16 တိုက်လေယာဉ်သစ် အစင်း ၄၀ နှင့် ၎င်း၏ လက်ရှိအသုံးပြုနေသည့် F-16 များအတွက် အဆင့်မြှင့်တင်ရေး ပစ္စည်းကိရိယာ ၈၀ နီးပါးကို ရောင်းချဖို့ အမေရိကန်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီစာချုပ်ဟာ ဘီလီယံနှင့်ချီပြီး တန်ဖိုးရှိပေမယ့် အမေရိကန်၏ နိုင်ငံခြား စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှု အဆင့်များမှ တဆင့် ခွင့်ပြုဖို့ လိုအပ်သလို ကွန်ဂရက်အနေဖြင့် ဒီ ရောင်းချမှုကို ပိတ်ပင်နိုင်ခြေ ရှိနေပါသေးတယ်။
“ပေါ်လစီအရ ဌာအနေဖြင့် ၎င်းတို့အား ကွန်ဂရက်သို့ တရားဝင် အကြောင်းကြားပြီးသည်အထိ ကာကွယ်ရေး ပစ္စည်းရောင်းချမှု သို့မဟုတ် လွှဲပြောင်းမှုကို မှတ်ချက်သော်လည်းကောင်း အတည်ပြုခြင်းသော်လည်းကောင်း ပြုလုပ်မှာ မဟုတ်ဘူးလို့ အဆိုပါ ဌာန၏ ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။
ဝါရှင်တန် မှာ ရှိတဲ့ တူရကီ သံရုံးမှလည်း ဒီကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆို ခဲ့ပါတယ်။

တူရကီဟာ Lockheed Martin Corp (LMT.N)မှ F-35 အစင်းရေ ၁၀၀ ကျော် မှာယူခဲ့ပေမယ့်လည်း ရုရှားလုပ် S-400 လေကြောင်း ကာ ကွယ်ရေး ဒုံးကျည်စနစ်များ ဝယ်ယူခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်တွင် F-35 အစီအစဉ်မှ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
ဆယ်စုနှစ် ပေါင်းများစွာ NATO မဟာမိတ်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိခဲ့သည့် တူရကီဟာ ပြီးခဲ့သည့် ၅ နှစ်အတွင်းမှစပြီး ဆီးရီးယားနှင့် ပတ်သက်သည့် ပေါ်လစီအား လက်မခံမှု၊ မော်စကိုနှင့် ပိုမို နီးကပ်သည့် ဆက်ဆံရေး ရှိလာမှု၊ မြေထဲ ပင်လယ်အရှေ့ပိုင်းထိ ရေ တပ်ရည်မှန်းချက်ထားလာမှု များကြောင့် ဆက်ဆံရေးဟာ မကြုံစဖူး ဝရုန်းသုန်းကား ဖြစ်နေခဲ့ပါတယ်။
S-400 များ ဝယ်ယူခဲ့ပြီး လူ့အခွင့်အရေး နှင့် သက်ဆိုင်သည့် ပြဿနာ မှတ်တမ်းများကြောင့် တူရကီ၏ ဂျက် တိုက်လေယာဉ်များ ဝယ်ယူဖို့ တောင်း ဆိုချက်ဟာ အမေရိကန် ကွန်ဂရက်ဆီမှ အတည်ပြုချက် ရယူနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
အဆိုပါ S-400 ဝယ်ယူခြင်းကြောင့် တူရကီကို အမေရိကန်၏ ဒဏ်ခတ် ပိတ်ဆို့မှုများကိုလည်း ဖြစ်စေခဲ့ပါတယ်။
၂၀၂၀ ဒီဇင်ဘာလ တွင် ဝါရှင်တန်ဟာ တူရကီ ကာကွယ်ရေး စက်မှု ညွှန်ကြားမှု ဦးစီးဌာန အကြီးအကဲ Ismail Demir နှင့် အခြား ဝန်ထမ်း ၃ ယောက်ကို အမည်ပျက် စာရင်းသွင်းခဲ့ပါတယ်။
အဲဒီ့ အချိန်ကစပြီး အမေရိကန်ဟာ တူရကီအား နောက်ထပ် ရုရှား လက်နက်များ ဝယ်ယူခြင်း မပြုရန် အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

သို့ပေမယ့် ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ တူရကီ သမ္မတ Tayyip Erdogan ဟာ ဝါရှင်တန်နှင့် ဆက်ဆံရေး ပိုဆိုးစေမည့် ရုရှားလုပ် S-400 လေ ကြောင်း ကာကွယ်ရေး ဒုံးကျည်များကို ဒုတိယ အသုတ်အဖြစ် ဝယ်ယူဖို့ ကြံရွယ်နေသေးပါတယ်။
အမေရိကန် ကွန်ဂရက်မှာတော့ ဘိုင်ဒင် အစိုးရကို တူရကီ၏ ရုရှားမှ လက်နက်ဝယ်ယူမှုနှင့် လူ့အခွင့်အရေး ကိစ္စများ အတွက် တွန်းအားပေးဖို့ အမတ် အားလုံး သဘောတူထားတဲ့ သဘောတူညီချက်က ရှိနေပါသေးတယ်။
တူရကီကတော့ သမ္မတ ဂျိုး ဘိုင်ဒင်လက်ထက်မှာ အမေရိကန်နှင့် ပိုကောင်းတဲ့ ဆက်ဆံရေး ရှိချင်တယ်လို့ ဆိုပါတယ်။
ယခု တူရကီမှ ဂျက်တိုက်လေယာဉ်များ ဝယ်ယူလိုသည့် တောင်းဆိုမှုကို ဂရိ ကာကွယ်ရေး ဆိုင်ရာ သုံးသပ်မှု မှ ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။