မြစ်ရေ အတက်အကျ နဲ့ ဆန့်ကျင်ဘက်‌ ပြောင်းလဲဖြစ်‌ပေါ်နေ‌သော မြန်မာနိုင်ငံက တွင်းကြီး

Knowledge

ဘုတလင်မြို့နယ်မှာ ရှိတဲ့တွင်းတောင်ပဲ ဖြစ်ပါတယ်။တွင်းတောင်ပတ်လည်အကျယ်အဝန်းမှာ လေးမိုင်ခန့်ရှိပြီး ရေပတ်လည် အကျယ်အဝန်းမှာ သုံးမိုင်ခန့်ဖြစ်ပါတယ်။

တွင်းတောင်ထဲမှရေဟာ ချင်းတွင်းမြစ်နှင့်ဆက်စပ်လျက်ရှိပြီး ချင်းတွင်းမြစ်ရေတက်လျှင် တွင်းတောင်ကန်ရေ ကျသွားတတ်ပါတယ်။ချင်းတွင်းမြစ်ရေကျလျှင်တော့ တွင်းတောင်ကန်ရေ တက်လာပါတယ်။

ကန်ရေဟာ တစ်ခြားရေကန်တွေနဲ့ မတူပဲ ညိုညစ်၊နီစပ်ပြီး ရေညှိရောင်အတိုင်း ဖြစ်နေပါတယ်။

ကြည်လင်ခြင်းလဲမရှိ ချွဲပျစ်ပြီး ငန်လည်းငန်ပါတယ်။ရေဆင်းချိုးလျှင် ဆပ်ပြာတိုက်စရာ မလိုပဲ ‌ဆပ်ပြာတိုက်ပြီးသကဲ့သို့ ဖြစ်နေပါတယ်။

လက်နှီးစုပ်တစ်ခုကို ချကြည့်လျှင် ဆပ်ပြာတိုက်ပြီး လျှော်ပြီးသကဲ့သို့ ဖြူဖွေးနေတတ်ပါတယ်လို့ ဆိုကြပါတယ်။

တွင်းတောင်ကန်အတွင်း ပိုးလောက်လန်းနှင့်တူသည့် တွင်းပိုးနှင့် ဖြုတ်ကဲ့သို့သော ပိုးကောင်ငယ် နှစ်မျိုးသာ တွေ့ရပါတယ်။ ငါး၊လိပ်၊ဖား၊ပုဇွန်စသည်တို့ မနေနိုင်ဘူးလို့လည်း သိရပါတယ်။

တွင်းတောင်တစ်လျှောက် ရေချိုတွင်းများ တူးပြီး ကွမ်းစိုက်ကြပါတယ်။တွင်းကွမ်းကလည်း နာမည်လဲကြီးပါတယ်။တွင်းကွမ်းနှင့်တွင်းပိုးဟာ တွင်းတောင်ရဲ့ နာမည်ကြီးထွက်ကုန်လည်းဖြစ်ပါတယ်။

တွင်းပိုးဟာ ဥပုသ်နေ့တွင်သာပေါ်ပြီး တစ်နှစ်လျှင် တစ်လသာရနိုင်ပါတယ်။မိုးအုံ့နေလျှင် တွင်းပိုးများ အလိုအလျောက်ပေါ်လာတတ်ပါတယ်။တွင်းပိုးကို လက်ပိုက် သို့မဟုတ် ဆန်ကာဖြင့် ဆယ်ယူပြီး ရေနွေးဖြောရပါတယ်။

အချဉ်ထည့် ပြီး အစိုအဖြစ် စားသုံးနိုင်ပါတယ်။တွင်းတောင်ရေထဲတွင် ဓါတ် ၁၆ မျိုးမျှ ပါဝင်နေတယ်လို့ ဟော်လန်နဲ့ဂျပန်သုတေသီများကဆိုကြပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *