ယခုဆိုရင် ကျွန်ုပ်တို့ လူသားတွေဟာ အကန့်အသတ်မရှိ သန့်ရှင်းသော စွမ်းအင်ရဲ့ အနာဂါတ်ဆီသို့ ခြေတစ်လှမ်း ပိုမို နီးစပ်လာပါပြီ။
ဂျာမနီရှိ ရူပဗေဒပညာရှင်များက နျူကလီးယား ပေါင်းစပ် ဓာတ်ပေါင်းဖိုကို ဖန်တီးရာမှာ အဓိက အဟန့်အတား ဖြစ်နေသည့် အပူဆုံးရှုံးမှုပြဿနာကို လျှော့ချဖို့ “stellarator” ဟုခေါ်သော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သန့်ရှင်းသောစွမ်းအင်ရဲ့အနာဂတ်
အက်တမ်နှစ်ခုရဲ့ နျူကလိယက တစ်ခုတည်းအဖြစ် ပေါင်းစည်းတဲ့အခါ နျူကလီးယား ပေါင်းစပ်မှု ဖြစ်ပေါ်ပါတယ်။ ၎င်းက ကြီးမားသော စွမ်းအင်ပမာဏကို ထုတ်လွှတ်ပေးပါတယ်။
အကယ်၍ ကျွန်ုပ်တို့က ကမ္ဘာမြေပေါ်ရှိ နျူကလီးယား ပေါင်းစပ်မှုရဲ့ စွမ်းအားကို အသုံးချနိုင်ရင် ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်တဲ့ နေရာမှ လုံးဝ အပြောင်းအလဲ တစ်ခု ဖြစ်လာမှာ သေချာပါတယ်။
ပေါင်းစပ်နျူကလီးယား ဓာတ်ပေါင်းဖိုတွေက ကာဗွန်ထုတ်လွှတ်မှု (ရုပ်ကြွင်းလောင်စာများကဲ့သို့) သို့မဟုတ် ကြာရှည်ခံသော ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ (နျူကလီးယားဓာတ်ခွဲမှုကဲ့သို့) ကာဗွန်ထုတ်လွှတ်မှုကို မထုတ်လုပ်တဲ့ အတွက်ကြောင့် ရာသီဥတုအပေါ် သက်ရောက်မှု မရှိစေပါဘူး။
နျူကလီးယား ပေါင်းစပ် ဓာတ်ပေါင်းဖိုကို ဒီဇိုင်းဆွဲခြင်း
နျူကလီးယားပေါင်းစပ်မှုက ပြင်းထန်သောအပူနှင့် ဖိအားအောက်တွင်သာ ဖြစ်ပွားနိုင်ပါတယ်။

Illustration
နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် Pierre-Gilles de Gennes က ၎င်းကို ကမ္ဘာမြေပေါ်တွင် ပြန်လည် ဖန်တီးခြင်းက နေကို သေတ္တာထဲတွင်ထည့်ထားသကဲ့သို့ ဖြစ်တယ်ဟု တစ်ချိန်က ပြောကြားခဲ့ပါတယ်။
သိပ္ပံပညာရှင်များက နျူကလီးယား ပေါင်းစပ်ဓာတ်ပေါင်းဖိုများဟာ ၎င်းတို့ထုတ်လုပ်နိုင်တာထက် စွမ်းအင်ပိုမိုလိုအပ်ပြီး မပြောင်းလဲမချင်း နျူကလီးယားပေါင်းစပ်မှုက စွမ်းအင်အရင်းအမြစ်ဖြစ်လာမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။
Stellarators 101 ဆိုတာက ပလာစမာကို ဒိုးနပ်ပုံသဏ္ဍာန်ဖြင့် ချုပ်နှောင်ဖို့ သံလိုက်စက်ကွင်းများကို အသုံးပြုသည့် စက်တစ်ခုဖြစ်ပါတယ်။
သိပ္ပံပညာရှင်များ အတွက် အဆိုပါ သံလိုက် စက်ကွင်းများက ပလာစမာ အမှုန်အမွှားများကို ထိန်းချုပ်နိုင်ပြီး ပေါင်းစပ် တုံ့ ပြန်မှုများအတွက် မှန်ကန်သောအခြေအနေများကို ဖန်တီးနိုင်စေပါတယ်။
ဒါ့ကြောင့် ၎င်းမှာဆိုရင် သံလိုက်ကွိုင်တစ်ခုက ဝန်းရံထားပြီး အတွင်းပိုင်း ပလာစမာ စီးဆင်းမှုကို ထိန်းချုပ်သည့် သံလိုက် စက်ကွင်းများ ဖန်တီးပါတယ်။
အဆိုပါ ပလာစမာကို ပြင်းထန်သော အပူချိန်နှင့် ဖိအားများအောက်တွင် ထားရှိခြင်းဖြင့် ၎င်းအတွင်းရှိ အက်တမ်များကို ပေါင်းစပ်ဖို့ တွန်းအားပေးနိုင်ပြီး၊ အခြားသော ပေါင်းစပ်ဓာတ်ပေါင်းဖိုများနှင့် နှိုင်းယှဉ်ပါက၊ ၎င်းက စွမ်းအားနည်းပြီး ဒီဇိုင်းဟာ ပြောင်းလွယ်ပြင်လွယ်ရှိပါတယ်။
သို့သော်လည်း ၎င်းက “နီယိုဂလက်ဆီ သယ်ယူပို့ဆောင်ရေး” ဟုခေါ်သော လုပ်ငန်းစဉ် တစ်ခုမှ တဆင့် ပလာစမာကို အပူဆုံးရှုံးဖို့ ပိုမိုလွယ်ကူစေပါတယ်။
ယခုအခါမှာတော့ သုတေသီများက ၎င်းရဲ့သံလိုက်ကွိုင်ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းဖြင့် ကမ္ဘာ့အကြီးဆုံးနှင့် အတိုးတက်ဆုံးသော Wendelstein 7-X ရဲ့ အပူဆုံးရှုံးမှုကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
၎င်းတို့က နျူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖိုရဲ့အတွင်းပိုင်းကို နေရဲ့အူတိုင်ထက် နှစ်ဆပိုမိုပူပြင်းသည့် ဒီဂရီဖာရင်ဟိုက် ၅၄ သန်းနီးပါးအထိ အပူပေးနိုင်ကြောင်း စမ်းသပ်မှုမှ အတည်ပြုခဲ့ပါတယ်။
ဒါ့ကြောင့် “stellarator” များကို နျူကလီးယား ပေါင်းစပ် ဓာတ်ပေါင်းဖိုတွေမှာ အသုံးပြုနိုင်ဖို့ ခြေတစ်လှမ်း နီးကပ်လာပြီဖြစ်ပါတယ်။
Credit: Bernhard Ludewig / Max Planck Institute of Plasma Physics
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။