လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် သတင်းများအရ တရုတ်ပြည်တွင်းဖြစ် Type 075 ရဟတ်ယာဉ်တင် သင်္ဘောဟာ ပင်လယ်ပြင် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ဒီသတင်းတွေကို ဩဂုတ်လ ၆ ရက်နေ့ကတည်းက လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့ နေခဲ့တာဖြစ်ပြီး Louis Cheaung ဆိုသူက ဓာတ်ပုံများကို တင်ထားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ Type 075 သင်္ဘောကို တရုတ်နိုင်ငံ ဟူတောင်း ကျုံးဟွာ သင်္ဘောတည်ဆောက်ရေးမှ ၂၀၂၀ ဧပြီလမှာ တည်ဆောက် ပြီးစီးခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရေတပ် (PLAN) ၏ Type 075 သင်္ဘောသစ်ဟာ Yushen အတန်းအစား ရဟတ်ယာဉ် သင်္ဘော ဖြစ်ပြီး ကုန်းရေ နှစ်သွယ် စစ်ဆင် ရေးများကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒီ သင်္ဘောဟာ မျိုးဆက်သစ် ကုန်းရေနှစ်သွယ် စစ်ဆင်ရေး သင်္ဘောဖြစ်ပြီး ၎င်းနှင့် ဆင်တူ တည်ဆောက်ပြီးသည့် သင်္ဘောများထက် အရွယ်အစား ပိုမို ကြီးမားပါတယ်။

Type 075 ဟာ တရုတ်ရေတပ်အတွက် ရဟတ်ယာဉ်မျိုးစုံကို ဆင်းသက် ပျံသန်းနိုင်စေပြီး ပင်လယ်ပြင်ပစ်မှတ်များ၊ ရန်သူ့ မြေပြင်တပ်ဖွဲ့များနှင့် ရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။
သင်္ဘောပေါ်တွင် ကမ်းတပ် ရေယာဉ်များနှင့် တပ်သားများကို တင်ဆောင်နိုင်သည့်အပြင် အမိန်ပေးနှင့် ထိန်းချုပ်မှု စစ်ဆင်ရေးများကိုပါ သ င်္ဘော ပေါ်မှ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ရဟတ်ယာဉ်များ ဆင်းသက်ပျံတက်နိုင်ရန် ဆိုဒ်ပြည့် လေယာဉ်ဆင်းကွင်း ပါဝင်ပြီး သံချပ်ကာ ထိုးဖောက်ရေးယာဉ်နှင့် ရှပ်ပြေးယာဉ်များ စစ်ဆင်ရေးဆောင်ရွက်နိုင်ဖို့ ရေမြုပ် ကုန်းပတ် ပါဝင်ပါတယ်။
ဒီ သင်္ဘောဟာ တန်ချိန် ၃ သောင်း ၆ ထောင်ရှိပြီး ရဟတ်ယာဉ် ၃၀ တင်ဆောင်နိုင်ပါတယ်။
အင်ဂျင်အနေဖြင့် ၉ ထောင် ကီလိုဝပ်ထောက်ပံ့ပေးနိုင်တဲ့ 16PC2-6B ဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

လက်နက်များအနေဖြင့် အနီးကပ် လေကာစနစ် CIWS ၄ ခု၊ HHQ-10 တာတို လေကာ ဒုံးကျည်စနစ် ၂ ခု၊ H/PJ-11 ၃၀ မီလီမီတာ စက်အမြောက် ၂ ခု တပ်ဆင်ထားပါတယ်။
H/PJ11 ဟာ H/PJ12 ထက် နောက်မှ ထုတ်လုပ်တာဖြစ်ပြီး စွမ်းဆောင်ရည် ပိုမို ကောင်းမွန်တယ်လို့ သိရှိရပါတယ်။
ပြောင်း ၇ ခုကိုအသုံးပြုထားတဲ့ ယခင် ဗားရှင်းနှင့် တပ်ဆင်ထားသည့် နေရာမှာ ဆင်တူပေမယ့် ၎င်း၏ စက်အမြောက်ဟာ ပိုမိုကြီးမားပြီး ကျည်ပိုမို ထည့်သွင်းနိုင်ပါတယ်။
တရုတ်ရေတပ်ဟာ Type 075 ၈ စီးအထိ တည်ဆောက်ဖွယ်ရှိပြီး လက်ရှိ ၂ စီး တည်ဆောက်နေကာ ၁ စီး ပြီးစီးထားပြီ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။