အမေရိကန်အထက်လွှတ်တော်သည် သမ္မတအသစ် ဂျိုးဘိုင်ဒိုင်က အမည်တင်သွင်းထားသည့် အငြိမ်းစားကြည်းတပ် ဗိုလ်ချုပ်ကြီး လွိုက်အော်စတင်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် ဇန်နဝါရီ ၂၂ ရက်၊ သောကြာနေ့က အတည်ပြုပေးလိုက်ပါတယ်။ သမ္မတဂျိုးဘိုင်ဒိုင် ရဲ့ အစိုးရအဖွဲ့အတွက် အမည်စာရင်းတင်သွင်းခံရသူတွေထဲမှာ လွိုက်အော်စတင်ဟာ ဝန်ကြီးအဖြစ် ဒုတိယမြောက်ခန့်အပ်ခံရသူလဲဖြစ်ပါတယ်။

အငြိမ်းစားကြည်းတပ်ဗိုလ်ချုပ်ကြီး လွိုက်အော်စတင်အား ဒီမိုကရက်တစ်ပါတီရော ၊ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီတွေကပါ သဘောကျနှစ်ခြိုက်ရွေးချယ်ကြတာပါ။ အမေရိကန် အထက်လွှတ်တော်သည် ၎င်းကို ကာကွယ်ရေးဝန်ကြီးအဖြစ် ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂ မဲ တို့ဖြင့် အတည်ပြုပေးခဲ့တာပါ။
လွှတ်တော်၏ အတည်ပြုချက်ရယူပြီး နောက်မှာ အငြိမ်းစားဗိုလ်ချုပ်ကြီး လွိုက်အော်စတင်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကြိမ်ဆိုခဲ့ကြောင်းသိရပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီး’ လွိုက်အော်စတင်ဟာ ၂၀၁၆ ခုနှစ်က အငြိမ်းစားယူခဲ့သူဖြစ်ပြီး အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီး လွိုက်အော်စတင်ဟာ အမေရိ ကန် သမိုင်းတစ်လျှောက် ကာကွယ်ရေးဝန်ကြီး တာဝန်ရယူနိုင်ခဲ့သည့် ပထမဆုံး အာဖရိကနွယ်ဖွားလဲဖြစ်ပါတယ်။အမေရိကန် နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဟာ ဖွဲ့စည်းပုံအရအရပ်သား တစ်ဦးဖြစ်ရမည်( သို့) စစ်တပ်မှ အငြိမ်းစားယူပြီး အနည်းဆုံး (၇ )နှစ်ကြာပြီး မှသာ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရတယ်လို့ သိရပါတယ်။ ဝန်ကြီးအသစ်လွိုက်အော်စတင်ဟာ နိုင်ငံရေးကင်းရှင်းသူ ၊ မီဒီယာနှင့် အကျွမ်းမဝင်သူလို့လဲ သတ်မှတ်ခံရသူပါ။
ကာကွယ်ရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးမှာ ထောက်လှမ်းရေးသတင်း အကျဉ်းချုံးတင်ပြချက်များ လက်ခံရယူပြီး ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ကိုဗစ်ကပ်ရောဂါကူးစက်မှု ပြဿနာများကိုဆွေးနွေးခဲ့ပြီး မိမိ၏ ဦးစားပေးဆောင်ရွက်မည့်အလုပ်မှာ ကိုဗစ် ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်စွမ်းကို မြှင့်တင်ပေးရေးဖြစ်သည်ဟု လွိုက်အော်စတင်ကပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၂၈ ယောက်မြောက် ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထန်းဆောင်ခွင့်ရတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ၊ အာဖရိက နွယ်ဖွား ၊ အမေရိကန်တစ်ယောက်အနေဖြင့် အထူးဂုဏ်ယူကြောင်း သူ့ရဲ့တွစ်တာမှာ ရေးသားထားပါသေးတယ်။