United Arab Emirates (UAE) ယူအေအီးနိုင်ငံဟာ F-35 လေယာဉ်များဝယ်ယူဖို့ရာ အမေရိကန်နှင့် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ထို နိုင်ငံ ၂ နိုင်ငံ လက်မှတ်ရေးထိုးသည့် အကြောင်းကို Reuters နှင့်ဆက်စပ်သည့်သတင်းများမှ သိရှိရတာဖြစ်ပါတယ်။
ဒီ F-35 အစင်း ၅၀ ရောင်းချမှုကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန၏ နိုင်ငံခြားစစ်ရေးရောင်းချမှုအစီအစဉ် (FMS) မှအတည်ပြုပေးခဲ့သည်။ ထိုသတင်းကို ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ DSCA မှာ နိုဝင်ဘာလ ၂၀၂၀ တွင် အကြောင်းကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ Eliot Engel မှ အကြောင်းအရာကို အတည်ပြုခဲ့ပါတယ်။ သတင်းများအရ ဒီသဘောတူညီချက်ဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတသစ် ဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုဖို့ တစ်နာရီ မတိုင်ခင်လောက်မှာ ပြီးစီးခဲ့တယ်လို့လည်း သိရပါတယ်။ Reauters သတင်းဌာနကတော့ သမ္မတသစ်ဟာ ဒီသဘောတူညီမှုကို ပြန်လည်စစ်ဆေးရန် စီစဉ်ထားကြောင်းသိရပါတယ်။
ယခုလို လက်မှတ်ရေးထိုးနိုင်ဖို့ နိုင်ငံနှစ်နိုင်ငံဟာ ဒီဇင်ဘာလ လောက်မှာ ညှိနှိုင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော် ပေးပို့ရမည့်အချိန်၊ ကုန်ကျစရိတ်၊ နည်းပညာ၊ လေ့ကျင့်မှုနှင့် အခြားပံ့ပိုးမှု အစီအစဉ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို နှစ်နိုင်ငံအကြား ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
ယူအေအီးဟာ F-35 များနှင့်အတူ တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ် ၁၈ စီးကိုလည်း ဝယ်ယူဖို့ သဘောတူထားပါတယ်။ လွန်ခဲ့သော အပတ်က Lockheed Martin နှင့် F-35 ပူးတွဲရုံး Joint Program Office ဟာ ဗြိတိန်နိုင်ငံကို F-35 များထောက်ပံ့ပေးရန် Lightning Air System National Availability Enterprise LANCE စာချုပ်ကို ချုပ်ဆိုခဲ့ပါသေးတယ်။
Lockheed Martin မှ တည်ဆောက်ထားတဲ့ F-35 လေယာဉ်ပေါင်း ၆၀၀ ကျော်လောက်ဟာ ကမ္ဘာအနှံ့ လေတပ် အခြေစိုက်စခန်း နှင့် သင်္ဘောပေါင်း ၂၆ နေရာမှာ တာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။
AT

ZawGyi
ယူေအအီးမွ အေမရိကန္လုပ္ F-35 မ်ားႏွင့္ ေမာင္းသူမဲ့ေလယာဥ္မ်ားဝယ္ယူ
United Arab Emirates (UAE) ယူေအအီးႏိုင္ငံဟာ F-35 ေလယာဥ္မ်ားဝယ္ယူဖို႔ရာ အေမရိကန္ႏွင့္ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သိရပါတယ္။ ထို ႏိုင္ငံ ၂ ႏိုင္ငံ လက္မွတ္ေရးထိုးသည့္ အေၾကာင္းကို Reuters ႏွင့္ဆက္စပ္သည့္သတင္းမ်ားမွ သိရွိရတာျဖစ္ပါတယ္။
ဒီ F-35 အစင္း ၅၀ ေရာင္းခ်မႈကို အေမရိကန္ျပည္ေထာင္စု ႏိုင္ငံျခားေရး ၀န္ႀကီးဌာန၏ ႏိုင္ငံျခားစစ္ေရးေရာင္းခ်မႈအစီအစဥ္ (FMS) မွအတည္ျပဳေပးခဲ့သည္။ ထိုသတင္းကို ကာကြယ္ေရးႏွင့္ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ DSCA မွာ ႏိုဝင္ဘာလ ၂၀၂၀ တြင္ အေၾကာင္းၾကားခဲ့ပါတယ္။
ဒါ့အျပင္ ႏိုင္ငံျခားေရးရာေကာ္မတီဥကၠဌ Eliot Engel မွ အေၾကာင္းအရာကို အတည္ျပဳခဲ့ပါတယ္။ သတင္းမ်ားအရ ဒီသေဘာတူညီခ်က္ဟာ ဇန္နဝါရီလ ၂၀ ရက္ေန႔ သမၼတသစ္ ဘိုင္ဒန္ က်မ္းသစၥာက်ိန္ဆိုဖို႔ တစ္နာရီ မတိုင္ခင္ေလာက္မွာ ၿပီးစီးခဲ့တယ္လို႔လည္း သိရပါတယ္။ Reauters သတင္းဌာနကေတာ့ သမၼတသစ္ဟာ ဒီသေဘာတူညီမႈကို ျပန္လည္စစ္ေဆးရန္ စီစဥ္ထားေၾကာင္းသိရပါတယ္။
ယခုလို လက္မွတ္ေရးထိုးႏိုင္ဖို႔ ႏိုင္ငံႏွစ္ႏိုင္ငံဟာ ဒီဇင္ဘာလ ေလာက္မွာ ညႇိႏႈိင္းခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သို႔ေသာ္ ေပးပို႔ရမည့္အခ်ိန္၊ ကုန္က်စရိတ္၊ နည္းပညာ၊ ေလ့က်င့္မႈႏွင့္ အျခားပံ့ပိုးမႈ အစီအစဥ္မ်ားႏွင့္ သက္ဆိုင္သည့္ ကိစၥရပ္မ်ားကို ႏွစ္ႏိုင္ငံအၾကား ဆက္လက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္သြားဖို႔ စီစဥ္ထားပါတယ္။
ယူေအအီးဟာ F-35 မ်ားႏွင့္အတူ တိုက္ခိုက္ေရးေမာင္းသူမဲ့ေလယာဥ္ ၁၈ စီးကိုလည္း ဝယ္ယူဖို႔ သေဘာတူထားပါတယ္။ လြန္ခဲ့ေသာ အပတ္က Lockheed Martin ႏွင့္ F-35 ပူးတြဲ႐ုံး Joint Program Office ဟာ ၿဗိတိန္ႏိုင္ငံကို F-35 မ်ားေထာက္ပံ့ေပးရန္ Lightning Air System National Availability Enterprise LANCE စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ပါေသးတယ္။
Lockheed Martin မွ တည္ေဆာက္ထားတဲ့ F-35 ေလယာဥ္ေပါင္း ၆၀၀ ေက်ာ္ေလာက္ဟာ ကမာၻအႏွံ႔ ေလတပ္ အေျခစိုက္စခန္း ႏွင့္ သေဘၤာေပါင္း ၂၆ ေနရာမွာ တာဝန္ထမ္းေဆာင္ေနၾကၿပီျဖစ္ပါတယ္။
AT