အိမ်သာစနစ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ တစ်စီးထဲသော ရေငုပ်သင်္ဘော

History Knowledge


ဒုတိယကမ္ဘာစစ်ကာလတွင်း ထူးထူးဆန်းဆန်းအဖြစ်များထဲမှ အိမ်သာစနစ်ကြောင့် နှစ်မြှပ်ခံရတဲ့ ဂျာမန်ရေငုပ်သင်္ဘောအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဂျာမန်ရေတပ်၏ Type 7C U-1206 ရေငုပ်သင်္ဘောဟာ ၁၉၄၄ မတ်လ ၁၆ ရက်နေ့တွင်စတင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီ့ U-Boat ရေငုပ်သင်္ဘောမှာ ရေအောက်ကို ပိုမိုနက်ရှိုင်းစွာငုပ်နိုင်ပြီး မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် အိမ်သာ ဒီဇိုင်းအသစ်တပ်ဆင်ထားပါတယ်။ ထို U-Boat တွင်အလွန် ရှုပ်ထွေးသော ဖိအားမြင့် (Valve) စနစ်များ ပါဝင်သောကြောင့် ရေငုပ်သင်္ဘောတွင် တာဝန် မထမ်းဆောင်ခင် အထူးလေ့ကျင့်ရေး တက်ရောက်ရပါတယ်။

Captain Karl-Adolf Schlitt ဦးဆောင်သည့် အဆိုပါ U-Boat သည် ၁၉၄၅ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် နော်ဝေကမ်းခြေမှ ဗြိတိသျှကျွန်းများသို့ မဟာမိတ်သင်္ဘောများအား ဖျက်ဆီးရန် စတင်ထွက်ခွာခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့အထိ ပြသနာတစ်စုံတစ်ရာမရှိခဲ့သော်လည်း ထိုနေ့တွင် ရေတပ်သားတစ်ယောက်ဟာ အိမ်သာ Valve တစ်ခုတွင် ပြသနာတက်သောကြောင့် အင်ဂျင်နီယာအားခေါ်ယူပြင်ဆင်စေရာ Valve တစ်ခုကိုမှားဖွင့်မိပါတယ်။

ထို့ကြောင့် ပင်လယ်ရေများ ရေငုပ်သင်္ဘော အတွင်းသို့ ဝင်လာပြီး ဘတ္တရီများဖြင့် ဓာတ်ပြုကာ အဆိပ်ပြင်းသော ကလိုရင်းဓာတ်ငွေ့များ ထွက်လာပြီး သင်္ဘာထဲရှိ captain နှင့် ရေတပ်သားများဟာ ရေငုပ်သင်္ဘော မျက်နှာပြင်သို့ထွက်ကာ လေသန့်များဝင်လာရန် ကဗျာကယာကြိုးစားခဲ့ကြရပါတယ်။

ကံဆိုးချင်တော့ အဲဒီ့နေရာဟာ စကော့တလန် ကမ်းရိုးတန်းနဲ့ အရမ်းနီးကပ်နေတဲ့ နေရာဖြစ်နေပါတယ်။ ထို့ကြောင့် မဟာမိတ် လေယာဉ်များရဲ့ ပစ်ခတ်မှုကို ခံရပြီး ကလိုရင်းအဆိပ်ငွေ့များကြောင့် သင်္ဘောတွင်းသို့ ပြန်ဝင်ခွင့်မရဘဲ သင်္ဘောကို စွန့်ခွာခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ စစ်သည် ၃ ဦးဆုံးရှုံးခဲ့ပြီး ၃၇ ဦး ကို‌တော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အဲဒီ့ သင်္ဘောဟာ နှစ်မြှုပ်ခံခဲ့ရပြီး ၁၉၇၀ ခုနှစ် ရေအောက်ပိုက်လိုင်း တည်ဆောက်မှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဒီအကြောင်းကို ကျွန်တော် ပထမဆုံး page စထောင်တဲ့ ၂၀၁၆ တုန်းက တစ်ခါတင်ပေးဖူးပါတယ်။


ZawGyi








 Knowledgeworms Copyright © 2021
  

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *