ဗြိတိန်တို့၏ မောင်းသူမဲ့လေယာဉ်သစ် စတင်ထုတ်လုပ်တော့မည်

News

ဇန်နဝါရီ ၂၅ ရက်နေ့က ဗြိတိန်တော်ဝင်လေတပ်ဟာ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Spirit AeroSystems နှင့် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနတို့ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်ရဲ့ ပထမဆုံး မောင်းသူမဲ့လေယာဉ်တစ်အုပ်ဖြစ်လာဖို့ ခြေလှမ်းတစ်လှမ်း ပိုမိုနီးကပ်လာပြီး Spirit AeroSystems ဟာ ဗြိတိန် တော်ဝင်လေတပ်အတွက် တိုက်ပွဲတွေမှာ ပိုမိုအောင်မြင်အောင် ထောက်ပံ့ပေးမယ့် အစွမ်းရှိတဲ့ ယူရို သန်း ၃၀ တန် မောင်းသူမဲ့လေယာဉ်ရဲ့ ရှေးပြေးပုံစံကို ဒီဇိုင်းဆွဲ ထုတ်လုပ်ပေးတော့မှာပါ။

“Loyal Wingman” လို့အမည်ပြောင်ပေးထားတဲ့ ဒီမောင်းသူမဲ့လေယာဉ်များဟာ ဗြိတိန်တော်ဝင်လေတပ်ရဲ့ တိုက်လေယာဉ်များနှင့် အတူယှဉ်တွဲပျံသန်းစစ်ဆင်နိုင်မှာဖြစ်ပြီး ထောက်လှမ်းရေးစနစ်တွေ၊ အီလက်ထရောနစ်စစ်ပွဲသုံး နည်းပညာတွေ သယ်ဆောင်နိုင်ပြီး စစ်ပွဲဧရိယာအတွင်းမှာ မိခင်တိုက်လေယာဉ်ကို အထောက်အပံ့ပေးသွားနိုင်မှဦပါ။

Loyal Wingman များဟာ ဗြိတိန်တို့ရဲ့ ပထမဆုံး ရန်သူ့လေယာဉ်ကိုပစ်ချနိုင်ပြီး လေကာတွေရန်ကနေ လွတ်မြောက်နိုင်မယ့် မောင်းသူမဲ့လေယာဉ်များဖြစ်လာမယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

မြောက်ပိုင်း အိုင်ယာလန်အတွင်းရေးမှူးဖြစ်တဲ့ ဘရန်ဒွန် လူးဝစ် က ဒါဟာ တကယ့်သတင်းကောင်းဖြစ်ပြီး အဆင့်မြင့်အင်ဂျင်နီယာနည်းပညာနှင့် ထုတ်လုပ်နိုင်မှုစွမ်းအားများမှတဆင့် မြောက်ပိုင်းအိုင်ယာလန်ရဲ့ စီးပွားရေးအင်အားကို မီးမောင်းထိုးပြနိုင်တယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းအတွက် သိသိသာသာ ရင်းနှီးမြှပ်နှံမှုကို ဒေသခံအလုပ်အကိုင်များနှင့် ထောက်ပံ့ပေးရုံသာမက မြောက်အိုင်ယာလန်မှလည်း နိုင်ငံ့လုံးခြုံရေးအတွက် အားဖြည့် ကူညီပေးမယ်လို့
ပြောပါတယ်။

Loyal Wingman သရုပ်ပြပုံ


ကာကွယ်ရေးဝန်ကြီး ဂျယ်ရမီကွင်းကလည်း “ဒါဟာ အိုင်ယာလန်မြောက်ကပိုင်းကာကွယ်ရေးလုပ်ငန်းအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်မှာဖြစ်ပြီး ဗြိတိန်မှာလုပ်နေတဲ့ ရှေ့ဆောင်အဖြစ်ဆုံး အင်ဂျင်နီယာလုပ်ငန်းများထဲက အချို့အဖြစ် ပြသနေမှာပါ” လို့ပြောသွားပါတယ်။

ဒီ ယူရို သန်း ၃၀ လောက်တန်တဲ့ မောင်းသူမဲ့လေယာဉ် စီမံကိန်းဟာ ဗြိတိန်ရဲ့ လေကြောင်းစွမ်းအား ကို အနာဂါတ်အတွက် အရှိန်မြှင့်တင်ပေးမှာဖြစ်ပြီး ကမ္ဘာ့နည်းပညာ ထိပ်တန်းနိုင်ငံအဖြစ်ကို ဆက်လက်ရပ်တည်သွားစေနိုင်မှာပါ။


အနာဂါတ်လေကြောင်းတိုက်ပွဲဆိုင်ရာ ညွှန့်ကြားရေးမှူး ရစ်ချက် ဘာသွန် ကတော့ Project Mosquito လို့ခေါ်တဲ့ ဒီ စီမံကိန်းဟာ အနာဂါတ် လေကြောင်းတိုက်ခိုက်ရေးတိုက်ပွဲများကို ချဉ်းကပ်ဖို့ အသက်တမျှ အရေးကြီးကြောင်း၊ ကိုယ်တိုင်ထိန်းချုပ်စနစ်ပါ Loyal Wingman မောင်းသူမဲ့လေယာဉ်များဟာ ကုန်ကျစရိတ်သက်သာသောနည်းဖြင့် ယခုနှင့်အနာဂါတ် လေတပ်အင်အားကို တိုးချဲ့ဖို့ရာအတွက် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေတယ်လို့ ပြောကြားသွားပါတယ် ခင်ဗျာ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *